close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သတင်းဖော်ပြခွင့် ကန့်သတ်ချက် အသစ်တွေကို လက်မခံနိုင်လို့ ပင်တဂွန် စစ်ဌာနချုပ်ကနေ သတင်းထောက်တွေ ထွက်ခွာ

အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်မှာ သတ်မှတ်လိုက်တဲ့ သတင်းရယူခွင့်ဆိုင်ရာ စည်းမျဉ်း အသစ်တွေကို လက်မခံနိုင်တာကြောင့် မီဒီယာသမားတွေက အထုပ်ဆွဲပြီး တညီတညွတ်တည်း အိမ်ပြန်ခဲ့ကြပါတယ်။

ဓာတ်ပုံ - AP

အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်မှာ သတ်မှတ်လိုက်တဲ့ သတင်းရယူခွင့်ဆိုင်ရာ စည်းမျဉ်း အသစ်တွေကို လက်မခံနိုင်တာကြောင့် မီဒီယာသမားတွေက အထုပ်ဆွဲပြီး တညီတညွတ်တည်း အိမ်ပြန်ခဲ့ကြပါတယ်။

ဒါဇင်တွေနဲ့ချီ များပြားတဲ့ မီဒီယာသမားတွေဟာ အမေရိကန်ရဲ့ ကာကွယ်ရေး ဝန်ကြီးရုံးလည်းဖြစ်တဲ့ အဆောက်အအုံကြီးမှာ သူတို့အတွက် သတ်မှတ်ပေးထားတဲ့ အလုပ်စားပွဲတွေကနေ ပစ္စည်းတွေကို သိမ်းဆည်းပြီး တညီတညွတ်တည်း ထွက်လာခဲ့ကြတာ ဖြစ်ပါတယ်။

အကြောင်းကတော့ အမေရိကန် အစိုးရဟာ နိုင်ငံရဲ့ စစ်ရေး သတင်းတွေ ရယူမှုနဲ့ ပတ်သက်ပြီး မီဒီယာတွေအပေါ် ကန့်သတ် တင်းကျပ်တဲ့ စည်းမျဉ်း အသစ်တွေ သတ်မှတ်လိုက်တာကြောင့် ပြောပါတယ်။ အစိုးရကတော့ စည်းမျဉ်းတွေ ကြပ်မတ်တယ် ဆိုတာက စည်းလွတ်ဘောင်လွတ် ဖြစ်နေတဲ့ သတင်းဖော်ပြချက်တွေကို ထိန်းညှိဖို့အတွက် အရမ်း ရိုးရှင်းပြီး ဓမ္မဓိဋ္ဌာန်ကျတဲ့ လိုအပ်ချက် တစ်ခုလို့ ပြောပါတယ်။

ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ် ကိုယ်တိုင် သတ်မှတ်ခဲ့တဲ့ စည်းမျဉ်းတွေကို အိမ်ဖြူတော်မှာ ရှိနေတဲ့ သတင်းထောက် အားလုံးလိုလိုက တညီတညွတ်တည်း ကန့်ကွက်ခဲ့ကြပါတယ်။ အဲဒီစည်းမျဉ်းသစ်တွေအရ သတင်းဌာနတွေဟာ လျှို့ဝှက်အဆင့် ဖြစ်စေ၊ လျှို့ဝှက်ချက် မဟုတ်တဲ့ သတင်းအချက်အလက်မျိုးကိုဖြစ်စေ ဟက်ဂ်ဆက်သ်ဆီက ခွင့်ပြုချက် မပါရင် သတင်းဖော်ပြခွင့် ရှိမှာ မဟုတ်ပါဘူး။ တားမြစ်ချက်ကို ချိုးဖောက်တဲ့ သတင်းထောက်ဟာ ပင်တဂွန်ကနေ နှင်ထုတ်တာ ခံရမယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် သတင်းထောက်တွေကလည်း ဒီကိစ္စကို လက်မခံနိုင်တဲ့အတွက် ပင်တဂွန်မှာ ရုံးထိုင်ပြီး ဆက်အလုပ်မလုပ်တော့ဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ အားလုံးက လူစုံအောင်လို့ ညနေ ၄ နာရီထိ စောင့်ပြီးတော့မှ ပစ္စည်းတွေကို ယူပြီး တစုတဝေးတည်း ထွက်လာခဲ့ကြတာပါ။

သတင်းထောက် အယောက် လေးငါးဆယ်လောက်ဟာ သူတို့ရဲ့ ရာထူးတံဆိပ်တွေ၊ ကိုယ်ပိုင် အသုံးအဆောင်တွေကို ယူပြီး ပင်တဂွန်ကို စွန့်ခွာခဲ့ကြတာ ဖြစ်ပါတယ်။ စိတ်မကောင်းပေမယ့်လည်း သတင်းနယ်ပယ်က လုပ်ဖော်ကိုင်ဖက်တွေအားလုံး လူညီတာကို မြင်ရတော့ ဂုဏ်ယူမိတယ်လို့ The Atlanticရဲ့ သတင်းထောက် နန်စီ ယူးဆက်ဖ်က ပြောပါတတယ်။ The Atlanticဟာ ပင်တဂွန်မှာ ၂၀၀၇ ကတည်းက ရုံးထိုင် သတင်းထောက် ထားရှိခဲ့တာ ဖြစ်ပါတယ်။

သတင်းဌာနတွေကတော့ ပင်တဂွန်ဖက်က ဘယ်လို စည်းမျဉ်းတွေ သတ်မှတ်ပါစေ၊ ရရှိထားတဲ့ စစ်ရေးဆိုင်ရာ သတင်းတွေကိုတော့ ပြည့်ပြည့်စုံစုံ ဆက်လက် ဖော်ပြနိုင်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ ပြောပါတယ်။ ပင်တဂွန်ကနေ ထွက်ခွာလာတဲ့ သတင်းထောက်တွေထဲမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မူဝါဒတွေ၊ လုပ်ရပ်တွေကို ဝေဖန်ခဲ့သူတွေရော၊ ချီးကျူးထောက်ခံခဲ့သူတွေပါ ပါဝင်ပါတယ်။

ထရမ့် ကိုယ်တိုင်ကတော့ ပင်တဂွန်မှာ မီဒီယာ ထိန်းချုပ်မှု စည်းမျဉ်းအသစ်တွေ ကြပ်မတ်လိုက်တာကို ထောက်ခံခဲ့ပါတယ်။ ကာကွယ်ရေး ဝန်ကြီး ဟက်ဂ်ဆက်ဂ်သ်ရဲ့ အမြင်မှာ မီဒီယာတွေရဲ့ အထိန်းအကွပ်မဲ့ သတင်းဖော်ပြမှုတွေက ကမ္ဘာ့ ငြိမ်းချမ်းရေးကိုတောင် ထိခိုက်တာမျိုး ဖြစ်စေဟန်ရှိကြောင်း၊ နောက်ပြီး မီဒီယာတွေကြားမှာ မရိုးသားမှုတွေလည်း အများကြီး ရှိလာကြောင်း ထရမ့်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဟက်ဂ်ဆက်သ် ကိုယ်တိုင်က Fox သတင်းဌာနရဲ့ သတင်းအစီအစဉ်မှူး တစ်ဦးဖြစ်ပေမယ့် ကာကွယ်ရေး ဝန်ကြီး အနေနဲ့တော့ သတင်းလွတ်လပ်ခွင့်ကို တစ်ရစ်ပြီးတစ်ရစ် တင်းကျပ် ချုပ်နှောင်လာနေကြောင်း ဝေဖန် ခံထားရပါတယ်။

ဟက်ဂ်ဆက်သ်ကတော့ သူထုတ်ပြန်တဲ့ စည်းမျဉ်းအသစ်တွေ ဆိုတာက အများလက်ခံနိုင်တဲ့ လုပ်ထုံး လုပ်နည်းတွေကိုပဲ သေချာအောင် သတ်မှတ်ထားတာ ဖြစ်ကြောင်း၊ သတင်းထောက်တွေက အဲဒီ စည်းမျဉ်းတွေကို လက်မှတ်ရေးထိုးခြင်းဟာ ပင်တဂွန်ဖက်က သတ်မှတ်ချက်တွေကို အသိအမှတ် ပြုတဲ့ အဓိပ္ပါယ်သာဖြစ်ပြီး လက်ခံတယ်လို့ ယူဆစရာ မလိုကြောင်း ပြောပါတယ်။ ဂျာနယ်လစ်တွေကတော့ ဒီသဘောတရားက ရှင်းရှင်းလင်းလင်း မရှိသလို မှန်ကန်တယ်လို့လည်း မခံစားရကြောင်း တုံ့ပြန်ထားပါတယ်။

ပင်တဂွန် အနေနဲ့ သူတို့ရေးစေချင်တဲ့ သတင်းတွေကိုပဲ ဂျာနယ်လစ်တွေက ရေးသား ဖြန့်ဝေပေးရမယ် ဆိုတာမျိုး လမ်းကြောင်း ဖောက်နေတာ ဖြစ်ကြောင်း၊ အဲဒါဆိုရင် သူတို့ပေးတဲ့ အကြောင်းအရာ ဆိုတာသာ ဖြစ်လာပြီး သတင်းပညာရဲ့ စံတန်ဖိုးတွေနဲ့ ဘာမှ ကိုက်ညီတော့မှာ မဟုတ်ကြောင်း အမေရိကန် စစ်ဗိုလ်ချုပ်ဟောင်းနဲ့ Fox သတင်းဌာနရဲ့ စစ်ရေး သုတေသီ ဂျက်ကိန်းကလည်း ဝေဖန်သွားပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အငြင်းပွားစရာ အခြေအနေတွေ အများကြီး ဖြစ်ပေါ်စေခဲ့တဲ့ အစ္စရေး-အမေရိကန် ပူးပေါင်း အကူအညီပေးရေး အဖွဲ့ဟာ ဂါဇာမှာ လုပ်ငန်းလည်ပတ်မှုတွေ ရပ်ဆိုင်းထားပြီလို့ ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘာပေါ်မှာ ဩဇာအကြီးဆုံး ပတ်စ်ပို့တ်တွေ စာရင်းမှာ အမေရိကန် ပတ်စ်ပို့တ်ဟာ ထိပ်တန်း ၁၀ နေရာ အပြင်ဖက်ကို ရောက်ရှိသွားခဲ့ပါတယ်။ ဒီလို အခြေအနေမျိုးဟာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ကြုံတွေ့လာတာလို့လည်း သိရပါတယ်။

နိုင်ငံတကာ

နောက်ထပ် ဗင်နီဇွဲလား ရေယာဉ်တစ်စီးကို အမေရိကန် စစ်တပ်က တိုက်ခိုက် ဖျက်ဆီးခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းကို Tomahawk ဒုံးကျည်တွေသာ အမှန်တကယ် ထောက်ပံ့ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကဆုံးဖြတ်ခဲ့ရင်အဲဒီအတွက်အကျိုးဆက်တွေက ကောင်းမှာမဟုတ်ဘူးလို့ ရုရှားဖက်က သတိပေးခဲ့ပါတယ်။

Facebook