close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်-အစ္စရေး ပူးပေါင်း ထူထောင်ခဲ့တဲ့ ဂါဇာ အကူအညီပေးရေးအဖွဲ့ လုပ်ငန်းရပ်ဆိုင်း

အငြင်းပွားစရာ အခြေအနေတွေ အများကြီး ဖြစ်ပေါ်စေခဲ့တဲ့ အစ္စရေး-အမေရိကန် ပူးပေါင်း အကူအညီပေးရေး အဖွဲ့ဟာ ဂါဇာမှာ လုပ်ငန်းလည်ပတ်မှုတွေ ရပ်ဆိုင်းထားပြီလို့ ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ - AFP

အငြင်းပွားစရာ အခြေအနေတွေ အများကြီး ဖြစ်ပေါ်စေခဲ့တဲ့ အစ္စရေး-အမေရိကန် ပူးပေါင်း အကူအညီပေးရေး အဖွဲ့ဟာ ဂါဇာမှာ လုပ်ငန်းလည်ပတ်မှုတွေ ရပ်ဆိုင်းထားပြီလို့ ကြေညာခဲ့ပါတယ်။

ဂါဇာ လူသားချင်း စာနာမှု ဖောင်ဒေးရှင်း (GHF) ဆိုတာဟာ စစ်ဘေးသင့် ဂါဇာကမ်းမြှောင် ဒေသမှာ လူသားချင်း စာနာမှု အကူအညီတွေ ထောက်ပံ့ရေးအတွက် အမေရိကန်နဲ့ အစ္စရေး အစိုးရတွေ ညှိနှိုင်း ထူထောင်ခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။

GHFရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေဟာ လူသားချင်း စာနာမှု အဖွဲ့အစည်းတွေရဲ့ စံတန်ဖိုးတွေကို ထင်ဟပ်မနေစေကြောင်း ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့သလို ကုလသမဂ္ဂ လက်အောက်ခံ အထောက်အပံ့ပေးရေး အေဂျင်စီတွေကလည်း GHFရဲ့ လုပ်ငန်းတွေမှာ ပူးပေါင်းဖို့ ငြင်းဆိုခဲ့ပါတယ်။

ဓာတ်ပုံ – Reuters

GHFနဲ့ ပတ်သက်ပြီး အကြီးမားဆုံး အမည်းစက်ကတော့ ရိက္ခာဝေငှပေးတဲ့ နေရာတွေနားမှာ စုဝေးနေတဲ့ ပါလက်စတိုင်းတွေကို အစ္စရေးစစ်တပ်က မကြာခဏ ပစ်ခတ်ပြီး အမြောက်အမြား သေဆုံးခဲ့တဲ့ ဖြစ်စဉ်တွေပါပဲ။ အစ္စရေး စစ်တပ်ကတော့ အဲဒီပစ်ခတ်မှုတွေနဲ့ ပတ်သက်ရင် တပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေး ခြိမ်းခြောက်ခံရလို့ဆိုတဲ့ အကြောင်းပြချက်မျိုး ပေးလေ့ရှိပါတယ်။

Public Service Announcement

Public Service Announcement

GHFရဲ့ အစီအစဉ်အရ အမေရိကန် အစိုးရက ရန်ပုံငွေ ထောက်ပံ့ထားတဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေက ဂါဇာမှာ စစ်ရှောင်ပြည်သူတွေကို စားနပ်ရိက္ခာတွေ ဝေငှ ထောက်ပံ့ပေးပြီး အစ္စရေး စစ်တပ်က လုံခြုံရေးအတွက် တာဝန်ယူပေးထားတာ ဖြစ်ပါတယ်။

မူလက GHFရဲ့ လုပ်ငန်းတွေ လည်ပတ်ဖို့ ရန်ပုံငွေကို နိုဝင်ဘာလထိ လျာထားခဲ့ပေမယ့် ဂါဇာမှာ အစ္စရေးနဲ့ ဟားမားစ် ပြောက်ကျား အဖွဲ့ကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့တဲ့နောက် အချိန်စောပြီး လုပ်ငန်းတွေ ရပ်လိုက်တာလို့ သိရပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြားဝင် ညှိနှိုင်းပေးခဲ့တဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်အရ အစ္စရေးနဲ့ ဟားမားစ်တို့ကြား အပစ်ရပ် သဘောတူညီမှု စတင် အသက်ဝင်တဲ့ အောက်တိုဘာ ၁၀ ရက်နေ့မှာ GHFရဲ့ လုပ်ငန်းတွေလည်း ရပ်နားထားလိုက်တယ်လို့ အဲဒီအဖွဲ့က အတည်ပြုခဲ့ပါတယ်။

ပြီးတော့ GHFရဲ့ SDS4လို့ နာမည်ပေးထားတဲ့ ရိက္ခာဖြန့်ဝေရေး စခန်းတည်ရှိရာ နေရာက အစ္စရေးတပ်တွေလည်း ဆုတ်ခွာခဲ့ပြီ ဖြစ်တာကြောင့် အဲဒီစခန်းကိုတော့ အပြီးပိတ်သိမ်းလိုက်ပြီလို့လည်း သိရပါတယ်။

အခုအချိန်မှာတော့ အဖွဲ့အစည်းရဲ့ လုပ်ငန်းလည်ပတ်မှုတွေကို ရပ်ဆိုင်းထားပြီလို့ GHFရဲ့ ပြောရေးဆိုခွင့်ရ အရာရှိက ဆိုပါတယ်။ ဒါပေမဲ့ ဂါဇာဟာ GHFကို လိုအပ်နေဆဲလို့ ခံစားမိကြောင်း၊ အခုအချိန်မှာတော့ ပါလက်စတိုင်း ဒေသခံတွေဆီ ထောက်ပံ့ရေး အကူအညီတွေ ရနိုင်သမျှ ပေးအပ်ဖို့ လိုအပ်နေကြောင်း သူက ဆက်ပြောပါတယ်။

GHFက ဂါဇာမှာ ဆက်ပြီး လုပ်ငန်း လည်ပတ်ချင်တယ်လို့ ပြောထားပေမယ့်လည်း အစ္စရေးနဲ့ ဟားမားစ်တို့ကြား ငြိမ်းချမ်းရေး သဘောတူညီချက် နောက်ဆုံး အဆင့်မှာတော့ GHFကို ဂါဇာကနေ ဖယ်ရှားဖို့ဆိုတဲ့ အချက် ပါဝင်လာဖွယ် ရှိတယ်လို့ နီးစပ်သူတွေက မှတ်ချက်ပေးထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်မှာ သတ်မှတ်လိုက်တဲ့ သတင်းရယူခွင့်ဆိုင်ရာ စည်းမျဉ်း အသစ်တွေကို လက်မခံနိုင်တာကြောင့် မီဒီယာသမားတွေက အထုပ်ဆွဲပြီး တညီတညွတ်တည်း အိမ်ပြန်ခဲ့ကြပါတယ်။

နိုင်ငံတကာ

ကမ္ဘာပေါ်မှာ ဩဇာအကြီးဆုံး ပတ်စ်ပို့တ်တွေ စာရင်းမှာ အမေရိကန် ပတ်စ်ပို့တ်ဟာ ထိပ်တန်း ၁၀ နေရာ အပြင်ဖက်ကို ရောက်ရှိသွားခဲ့ပါတယ်။ ဒီလို အခြေအနေမျိုးဟာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ကြုံတွေ့လာတာလို့လည်း သိရပါတယ်။

နိုင်ငံတကာ

အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်တွေကို ဟားမားစ်ဖက်က တိတိကျကျ မလိုက်နာဘူးဆိုရင် အချိန်မရွေး တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်ကြောင်း အစ္စရေး အစိုးရက သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

နောက်ထပ် ဗင်နီဇွဲလား ရေယာဉ်တစ်စီးကို အမေရိကန် စစ်တပ်က တိုက်ခိုက် ဖျက်ဆီးခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အတည်ပြုခဲ့ပါတယ်။

Facebook