close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပူတင်နဲ့ ဖုန်းပြောမှု အရမ်းအဆင်ပြေတယ်လို့ ထရမ့်ပြော၊ လူချင်းတွေ့ဖြစ်ကြမယ်လို့ အတည်ပြု

ယူကရိန်းစစ်ပွဲ ရပ်စဲရေးကိစ္စ ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ ဖုန်းဆက် ဆွေးနွေးခဲ့ပြီး အရမ်း အပြုသဘောဆန်တဲ့ တိုးတက်မှုတွေ ရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။ ပြီးတော့ သူက ပူတင်နဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးဖို့လည်း ကတိထားရှိခဲ့တယ်လို့ ထရမ့်က ဆိုပါတယ်။

ဓာတ်ပုံ - The New York Times

ယူကရိန်းစစ်ပွဲ ရပ်စဲရေးကိစ္စ ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ ဖုန်းဆက် ဆွေးနွေးခဲ့ပြီး အရမ်း အပြုသဘောဆန်တဲ့ တိုးတက်မှုတွေ ရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။ ပြီးတော့ သူက ပူတင်နဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးဖို့လည်း ကတိထားရှိခဲ့တယ်လို့ ထရမ့်က ဆိုပါတယ်။

ထရမ့်နဲ့ ပူတင်တို့ဟာ ဩဂုတ်လလယ်လောက် နောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာ ၁၆ ရက်နေ့က စကားပြောဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဆွေးနွေးမှုရဲ့ လားရာတွေက အရမ်း အပြုသဘော ဆောင်ခဲ့ကြောင်း၊ အမေရိကန်နဲ့ ရုရှားတို့ရဲ့ ကိုယ်စားလှယ် အဖွဲ့တွေဟာ လာမယ့် သီတင်းပတ်မှာ တွေ့ဆုံဖို့လည်း စီစဉ်ထားကြောင်း ထရမ့်က မှတ်ချက်ပေးခဲ့ပါတယ်။

ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက်စ်မြို့မှာ ပူတင်နဲ့ တွေ့ဆုံဖြစ်မယ်လို့ ထရမ့်က ပြောပေမယ့် ရက်စွဲအတိအကျကိုတော့ ထုတ်မပြောခဲ့ပါဘူး။ တစ်ဖက်မှာတော့ ရုရှားအစိုးရ ရုံးစိုက်ရာ ကရင်မလင် နန်းတော်က အဲဒီ ဆွေးနွေးပွဲအတွက် ပြင်ဆင်မှုတွေကို ချက်ချင်း စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ နှစ်ဖက်ခေါင်းဆောင်တွေရဲ့ ဆွေးနွေးမှုဟာ အထူးပွင့်လင်းပြီး အပြန်အလှန် ယုံကြည်မှု ရှိကြမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ထရမ့်ဟာ ရုရှားနဲ့ ယူကရိန်းကြား စစ်ပွဲကို ရပ်ဆိုင်းစေဖို့အတွက် နှစ်ဖက်စလုံးကို ဖိအားပေးနေခဲ့ပြီး ရုရှားက စစ်ပွဲကို ရှည်ကြာအောင် ရည်ရွယ်ချက်ရှိရှိ အချိန်ဆွဲနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ မကြာသေးခင်ကတော့ ထရမ့်နဲ့ အမေရိကန် အစိုးရက ရုရှားသာ စစ်ပွဲကို အချိန်ကြာအောင် ရည်ရွယ်ချက်ရှိရှိ ဆက်လုပ်နေမယ်ဆိုရင် အမေရိကန်ရဲ့ တာဝေးပစ် Tomahawk ခရုစ် ဒုံးကျည်တွေကို ယူကရိန်းဆီ ထောက်ပံ့ပေးရလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

Tomahawkတွေသာ ယူကရိန်းလက်ထဲကို အမှန်တကယ် ရောက်သွားမယ်ဆိုရင် ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုထိ လက်လှမ်းမီအောင် ပစ်ခတ်နိုင်မယ့် သဘောပါ။

ထရမ့်ဟာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးရဲ့ အိမ်ဖြူတော် ခရီးစဉ် မတိုင်ခင် တစ်ရက်မှာ ပူတင်နဲ့ ဖုန်းပြောခဲ့တာ ဖြစ်ပါတယ်။ ဇီလန်စကီးဟာ Tomahawkတွေ အပါအဝင် အမေရိကန် စစ်လက်နက်တွေ ရရှိနိုင်ရေးအတွက် ထရမ့်ကို ဆွေးနွေး တောင်းဆိုဖို့ ဝါရှင်တန်ဒီစီ မြို့တော်ဆီ လာရောက်မှာ ဖြစ်ပါတယ်။

ရုရှားဟာ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ကို မျက်ကွယ် ပြုထားရာကနေ ယူကရိန်းဆီ Tomahawkတွေ ရောက်လာနိုင်တယ်ဆိုတဲ့ သတင်းကို ကြားပြီးပြီးချင်း ကောင်းကောင်းမွန်မွန် စကားပြောဖို့ စိတ်ပြန်ပြောင်းလာတာ ဖြစ်တယ်လို့ အမေရိကန်ကို ရောက်ရောက်ချင်းမှာ ဇီလန်စကီးက မှတ်ချက်ပေးခဲ့ပါတယ်။

ထရမ့်ကတော့ ယူကရိန်းစစ်ပွဲ ကိစ္စအပြင် ကုန်သွယ်ရေးနဲ့ ပတ်သက်တဲ့ အကြောင်းတွေကိုပါ ပူတင်နဲ့ ဆွေးနွေးဖြစ်ခဲ့ကြပြီး အားလုံးက ချောချောမောမော ဖြစ်ခဲ့တယ်လို့ သူ့ကိုယ်ပိုင် လူမှုကွန်ရက် မီဒီယာ Truthမှာ ရေးသားထားခဲ့ပါတယ်။ နှစ်နိုင်ငံ အဆင့်မြင့် အရာရှိတွေ ပါဝင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာလည်း လာမယ့် သီတင်းပတ်ကျရင် ကြိုတင် မကြေညာထားတဲ့ နေရာတစ်ခုမှာ တွေ့ဆုံဖြစ်ကြမယ်လို့ ထရမ့်က အတည်ပြုခဲ့ပါတယ်။ အမေရိကန် ကိုယ်စားလှယ် အဖွဲ့ကိုတော့ နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုကိုယ်တိုင် ဦးဆောင်မှာ ဖြစ်တယ်လို့ ထရမ့်က ပြောပါတယ်။

အောက်တိုဘာ ၁၇ ရက်နေ့ကျရင် ဇီလန်စကီးနဲ့ တွေ့ဆုံတဲ့အခါ သူနဲ့ ပူတင် ဆွေးနွေးထားတဲ့ အကြောင်းအရာတွေကို မျှဝေ အသိပေးသွားမယ်လို့လည်း ထရမ့်က ဆိုပါတယ်။ နောက်ပြီး သူနဲ့ ပူတင်တို့ဟာ လာမယ့် နှစ်ပတ်လောက်အတွင်း တွေ့ဖြစ်ကြမယ်လို့ မျှော်လင့်ကြောင်း ထရမ့်က သတင်းထောက်တွေကို မှတ်ချက်ပေးခဲ့ပါတယ်။

Tomahawk ဒုံးကျည်တွေကို ယူကရိန်းဆီ ပေးမှာလားလို့ သတင်းထောက်တွေက မေးတဲ့အခါ ထရမ့်က အမေရိကန် ကိုယ်တိုင်လည်း Tomahawkတွေ ကုန်ခန်းသွားတဲ့ အခြေအနေမျိုးကို အဖြစ်မခံနိုင်ကြောင်း၊ ဒီဒုံးကျည်တွေကို အမေရိကန်လည်း လိုအပ်ကြောင်း၊ ဒီတော့ အခုကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်လို့ ရမလဲ ဆိုတာကို သူမပြောတတ်သေးကြောင်း တုံ့ပြန်သွားပါတယ်။

အမေရိကန် နိုင်ငံဆိုင်ရာ ယူကရိန်း သံအမတ်ကြီး အိုလ်ဂါ စတီဖန်နစ်ရှ်နာကတော့ ထရမ့်နဲ့ ဖုန်းမပြောခင် နာရီပိုင်း အလိုကတင် ယူကရိန်း မြို့တွေကို ရုရှားက ညလုံးပေါက် ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်နေခဲ့တာကို ကြည့်ရင် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ရုရှားရဲ့ သဘောထားက ဘာလဲဆိုတာ မြင်သာနေပြီးသားလို့ ဝေဖန်ခဲ့ပါတယ်။

ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာ အော်ဘန်ကတော့ ဘူဒါပက်စ်မှာ ထရမ့်နဲ့ ပူတင် တွေ့ဖြစ်ကြမယ့် ကိစ္စကို လူမှုကွန်ရက် မီဒီယာ Xမှာ အတည်ပြုခဲ့ပြီး ကမ္ဘာပေါ်က ငြိမ်းချမ်းရေး ချစ်မြတ်နိုးသူ အားလုံးအတွက် သတင်းကောင်းလို့ ညွှန်းဆိုခဲ့ပါတယ်။

ထရမ့်နဲ့ ပူတင်တို့ဟာ ဩဂုတ် ၁၅ ရက်နေ့တုန်းက အမေရိကန်ရဲ့ အလာစကာ ပြည်နယ်မှာ လူချင်းတွေ့ခဲ့ကြပါသေးတယ်။ ထရမ့်ဟာ အမေရိကန် သမ္မတဟောင်း ဂျိုးဘိုင်ဒန်နဲ့ ယှဉ်ရင် ရုရှားအပေါ် အများကြီး လိုက်လျော ဆက်ဆံတယ်ဆိုတဲ့ ယူဆချက်တွေ ရှိနေပါတယ်။ အစောပိုင်းတုန်းက သူဟာ ဇီလန်စကီးနဲ့ အိမ်ဖြူတော်မှာ လူသိရှင်ကြားပါ စကားများခဲ့ဖူးပေမယ့် အဲဒီနောက်ပိုင်းမှာတော့ သူတို့နှစ်ဦးကြား ဆက်ဆံရေးကလည်း တောက်လျှောက် ပြန်လည် တိုးတက်လာခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နဲ့ အမေရိကန် သမ္မတတွေ တွေ့ဆုံဖို့ စီစဉ်ထားတဲ့ကိစ္စ မပျက်ဘူးလို့ အမေရိကန် အစိုးရဖက်က ပြောပါတယ်။

နိုင်ငံတကာ

ဟားမားစ် ပြောက်ကျားတွေ အနေနဲ့ လက်နက် စွန့်မလား၊ အကြမ်းနည်းနဲ့ လက်နက် ဖြုတ်သိမ်းတာ ခံမလား ဆိုတာကို ရွေးရလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

လုပ်ကြံ ခံရပြီး ကွယ်လွန်ခဲ့သူ နိုင်ငံရေးမဟာမိတ် ချာလီကာ့ခ်အတွက် အရပ်ဖက်ဆိုင်ရာ အမြင့်ဆုံး ဂုဏ်ပြုဆုကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကိုယ်တိုင် ချီးမြှင့်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ တွေ့ဆုံချိန်မှာ အင်ဒိုနီးရှား သမ္မတ ပရာဘိုဝို ဆူဘီယန်တိုက ထရမ့်ရဲ့သားနဲ့ တွေ့ဆုံခွင့် တောင်းဆိုခဲ့ပြီး အဲဒီ ပြောစကားတွေက ပိတ်မထားတဲ့ မိုက်တစ်လုံးကြောင့် လူသိရှင်ကြား ဖြစ်လာခဲ့ပါတယ်။

Facebook