ဇန်နဝါရီ-၈၊၂၀၂၆။People’s Spring
ဗင်နီဇွဲလားနဲ့ ဆက်စပ်တဲ့ ရေနံတွေကို အမေရိကန်ရဲ့ အရေးယူ ပိတ်ဆို့မှု သတ်မှတ်ချက်ဟာ ကမ္ဘာကြီးရဲ့ ဘယ်အစိတ်အပိုင်းမှာမဆို သက်ရောက်မှု ရှိနေဆဲလို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးက ပြောကြားလိုက်ပါတယ်။
ဗင်နီဇွဲလားရေနံတွေတင်ဆောင်လာတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရေနံတင်သင်္ဘော နှစ်စီးကို မတူညီတဲ့ ကမ္ဘာ့အစိတ်အပိုင်းတွေမှာ အမေရိကန်က တစ်နေ့တည်းနဲ့ ကြားဖြတ်ဖမ်းဆီးခဲ့တဲ့နောက် ပိထ်ဟက်ဂ်ဆက်သ်ကအခုလိုထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။
ဇန်နဝါရီ ၇ ရက်နေ့က အမေရိကန်ဟာ ရုရှားအလံ လွှင့်ထူထားတဲ့ Marinera ရေနံတင် သင်္ဘောကို အိုက်စ်လန်နဲ့ စကော့တလန် နိုင်ငံတွေကြားက အတ္တလန္တိတ် သမုဒ္ဒရာ မြောက်ပိုင်း ရေပြင်မှာ ကြားဖြတ် ဖမ်းဆီးခဲ့ပါတယ်။ အလားတူ M/T Sophiaဆိုတဲ့ နောက်ထပ် ရေနံတင် သင်္ဘောကိုလည်းကာရေဘီယန်ပင်လယ်ပြင်ထဲမှာ အမေရိကန် စစ်တပ်ကတက်ရောက်စီးနင်းပြီးထိန်းချုပ်ခဲ့ပါတယ်။Marineraကို စီးနင်းခဲ့တဲ့ စစ်ဆင်ရေးမှာ အမေရိကန်တပ်တွေကိုဗြိတိန်ကသယ်ယူပို့ဆောင်

Public Service Announcement
ရေး အကူအညီတွေ ပေးခဲ့ပါတယ်။
ဒီဖြစ်ရပ်တွေဟာ ဇန်နဝါရီ ၃ ရက်နေ့တုန်းက ဗင်နီဇွဲလားနိုင်ငံ၊ ကရာကက်စ်မြို့မှာ အထူးစစ်ဆင်ရေးတစ်ရပ် ဆင်နွှဲပြီး ဗင်နီဇွဲလား သမ္မတ နစ်ကိုလက်စ် မာဒူရိုကို အမေရိကန်က ဖမ်းဆီးသွားတဲ့နောက်
ပိုင်း ဗင်နီဇွဲလား ရေနံနဲ့ ဆက်စပ်တဲ့ ပထမဆုံး ရေယာဉ် ဖမ်းဆီးမှုတွေလည်း ဖြစ်လာပါတယ်။
အမေရိကန်ဟာ ဗင်နီဇွဲလားဆီက ရေနံတွေ သယ်ထုတ်မှုကို ဒီဇင်ဘာလကတည်းကပိတ်ဆို့အ
ရေးယူမယ်လို့ ကြေညာထားသလို ဗင်နီဇွဲလား ကမ်းလွန်မှာလည်း ရေနံတင်သင်္ဘော တချို့ကို စီးနင်း ထိန်းချုပ်ခဲ့ဖူးပါတယ်။
ဟက်ဂ်ဆက်သ်ကအရေးယူပိတ်ဆို့ကြောင်းကြေညာထားတဲ့၊ တရားမဝင်တဲ့ ဗင်နီဇွဲလား ရေနံတွေ ကူးသန်းသယ်ယူမှုကို တားမြစ်ဟန့်တားမယ့် အမေရိကန်ရဲ့ အားထုတ်မှုတွေဟာ ကမ္ဘာအနှံ့မှာ အင်ပြည့်အားပြည့် ဆက်လက် တည်တံ့နေမှာ ဖြစ်တယ်လို့ လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။
အမေရိကန်ဟာ ဗင်နီဇွဲလားကနေ ရုရှားဆီ ခုတ်မောင်းသွားတဲ့ Marinera သင်္ဘောကို သီတင်းနှစ်ပတ်လောက် ခြေရာခံပြီး လိုက်လံဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ရုရှားအစိုးရကအဲဒီရေနံတင် သင်္ဘောကို နိုင်ငံရဲ့အလံ ယာယီလွှင့်ထူ ခုတ်မောင်းခွင့် ပေးထားခဲ့တာဖြစ်ကြောင်း၊ ရေယာဉ်ပေါ်မှာ လိုက်ပါလာခဲ့တဲ့ ရုရှား အမှုထမ်းတွေကို အမေရိကန်က ကောင်းကောင်းမွန်မွန် ဆက်ဆံဖို့ တောင်းဆိုကြောင်းကြေညာခဲ့ပါတယ်။ပြီးတော့ရေယာဉ်ကို စီးနင်းခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ကိုလည်း ရှုတ်ချခဲ့ပြီးနိုင်ငံတကာရေကြောင်းဥပဒေတွေကို အတိအလင်း ချိုးဖောက်ခဲ့တာ ဖြစ်တယ်လို့ စွပ်စွဲသွားပါတယ်။
အမေရိကန်က အပူတပြင်းလိုက်နေမှန်းသိတဲ့အတွက် ရုရှားဟာ Marineraကို ကာကွယ်ဖို့ ရေတပ်သင်္ဘောတွေစေလွှတ်ခဲ့သေးပေမယ့် အမေရိကန်က လက်ဦးသွားခဲ့တာ ဖြစ်ပါတယ်။
အိမ်ဖြူတော်ကတော့ အဲဒီရေနံတင်သင်္ဘောဟာ ပိုင်ဆိုင်တဲ့နိုင်ငံ တိတိကျကျမရှိဘဲ လိမ်ညာထားတဲ့ အလံတစ်ခုခုလွှင့်ထူခုတ်မောင်းလေ့ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ကာရေဘီယန်မှာ M/T Sophia ရေယာဉ်ကို ဖမ်းဆီးမှုမှာတော့မာဒူရိုအလွန်ဗင်နီဇွဲလားယာယီ အစိုးရကပါ အမေရိကန်ကို အကူအညီ ပေးခဲ့တယ်လို့ ပြောပါတယ်။ အစောပိုင်းမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဗင်နီဇွဲလား အစိုးရသစ်ဟာ အမေရိကန်ရဲ့ ပိတ်ဆို့မှုကို ခံထားရတဲ့ ရေနံ စည်ပေါင်းသန်း ၃၀နဲ့ ၅၀ကြားကိုလည်းအမေရိကန်ဆီ လွှဲပြောင်းရောင်းချပေးဖို့ သဘောတူထားပြီး ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
ကိုးကား-BBC

















































