close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်ပွဲ ဆက်လက်ဖြစ်ပွားနေလို့ အဓိပတိကြီး ခါမေနီရဲ့ ဈာပန ကျင်းပရေးကို အီရန် ဆိုင်းငံ့ထား

အစ္စရေးနဲ့ အမေရိကန်ဆီက တိုက်ခိုက်မှုတွေ ဆက်လက် ပြင်းထန်နေတာကြောင့် အီရန် အစိုးရဟာ အဓိပတိကြီး အယာတိုလာ အလီ ခါမေနီရဲ့ ဈာပန အခမ်းအနားကို ရွှေ့ဆိုင်းထားလိုက်ရပါတယ်။

ဓာတ်ပုံ - Reuters

အစ္စရေးနဲ့ အမေရိကန်ဆီက တိုက်ခိုက်မှုတွေ ဆက်လက် ပြင်းထန်နေတာကြောင့် အီရန် အစိုးရဟာ အဓိပတိကြီး အယာတိုလာ အလီ ခါမေနီရဲ့ ဈာပန အခမ်းအနားကို ရွှေ့ဆိုင်းထားလိုက်ရပါတယ်။

အီရန်ရဲ့ အစ္စလာမ်မစ် အစိုးရကို ၃၆ နှစ်ခွဲကြာအောင် ဦးဆောင်ခဲ့တဲ့ ခါမေနီဟာ အီရန်အပေါ် အစ္စရေးနဲ့ အမေရိကန်ရဲ့ စစ်ဆင်ရေးတွေ စတင်တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ သေဆုံးခဲ့ပါတယ်။ တဟီရန် မြို့တော်က သူ့ရဲ့ ရုံးခန်း ဖွင့်လှစ်ထားရာ အိမ်တော်ထဲမှာ ခါမေနီ ရှိနေတဲ့အချိန် လက်ဦးမှုယူ တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးအတွက် သူ့ကို သုတ်သင်နိုင်ခဲ့တယ်လို့ အစ္စရေးနဲ့ အမေရိကန်တို့က ကြေညာပါတယ်။ နောက်ပိုင်းမှာတော့ အီရန် အစိုးရကလည်း ခေါင်းဆောင်ကြီး ကွယ်လွန်သွားကြောင်း အတည်ပြုခဲ့ပါတယ်။

မူလက ခါမေနီရဲ့ နာရေးကိစ္စ ဈာပန အစီအစဉ်တွေကို ၃ ရက်ကြာ ကျင်းပပြီး မတ်လ ၄ ရက်နေ့ ညပိုင်းမှာ စတင်ဖို့ ရည်ရွယ်ထားခဲ့ပေမယ့် စစ်ပွဲက ဆက်ပြီး အရှိန်မြင့်နေဆဲ ဖြစ်တာကြောင့် လောလောဆယ်မှာတော့ ရွှေ့ဆိုင်းထားရကြောင်း အီရန် အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

ပြည်သူ အများစုက အဓိပတိကြီးအတွက် ဈာပန အခမ်းအနား ကျင်းပပေးဖို့ တောင်းဆိုနေပေမယ့် လုံခြုံရေး အခြေအနေတွေ အရရော၊ အခြေခံ အဆောက်အအုံ ပျက်စီးမှုတွေကြောင့်ပါ လတ်တလော မစတင်နိုင်သေးကြောင်း အီရန် အစိုးရက အကြောင်းပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီအတောအတွင်း အီရန် ပညာရှင်များ ညီလာခံ အဖွဲ့ဝင် တစ်ဦးက ခါမေနီရဲ့ အရိုက်အရာကို ဆက်ခံမယ့် ခေါင်းဆောင်သစ် ရွေးချယ်ရေး ကိစ္စကလည်း အပြီးသတ်နိုင်လုနီးပါး ဖြစ်နေပြီလို့ မှတ်ချက်ပေးခဲ့ပါတယ်။ အဲဒီ ညီလာခံအဖွဲ့ဟာ အီရန်မှာ အဓိပတိ အသစ်ကို မဲပေး ရွေးချယ် တင်မြှောက်ဖို့ တာဝန်ရှိပါတယ်။

ခါမေနီရဲ့ အရိုက်အရာကို သူ့ရဲ့ ဒုတိယ သားဖြစ်သူ မော့ဂျ်တာဘာ ခါမေနီက ဆက်ခံလိမ့်မယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပေမယ့်လည်း အီရန်အစိုးရကတော့ အတည်မပြုသေးပါဘူး။

ခါမေနီဟာ ၁၉၈၉ ခုနှစ်မှာ အီရန် အစ္စလာမ်မစ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်သူ အယာတိုလာ ရူဟိုလား ခိုမေနီ ကွယ်လွန်ပြီးတဲ့နောက် နိုင်ငံရဲ့ အဓိပတိ ရာထူးကို ဆက်ခံခဲ့ပါတယ်။ သူဟာ သဘောထား တင်းမာတဲ့ ကွန်ဆာဗေးတစ် တစ်ဦးအဖြစ် လူသိများခဲ့သလို သူဦးဆောင်တဲ့ အစိုးရဟာ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားတဲ့ ပြည်သူတွေကို ရက်ရက်စက်စက် ဖိနှိပ် နှိမ်နင်းခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အီရန်အပေါ် စစ်ဆင်နွှဲမှု လုပ်ပိုင်ခွင့်ကို ကန့်သတ်ဖို့ အမေရိကန် လွှတ်တော်မှာ အဆိုတင် မဲခွဲမှုဟာ မအောင်မြင်ခဲ့ပါဘူး။

နိုင်ငံတကာ

ကွယ်လွန်သူ အဓိပတိဟောင်း အယာတိုလာ အလီ ခါမေနီရဲ့ သားဖြစ်သူဟာ ဖခင်ရဲ့ အရိုက်အရာကို ဆက်ခံပြီး အီရန် အစိုးရရဲ့ အဓိပတိအဖြစ် တင်မြှောက်ခံရဖို့ အလားအလာ အကောင်းဆုံး ဖြစ်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

လက်ရှိ ဖြစ်ပွားနေတဲ့ အီရန်စစ်ပွဲကို အကြောင်းပြုပြီး ပြည်တွင်း စွမ်းအင် ဖူလုံမှု ထိခိုက်မသွားအောင် ထိုင်းအစိုးရ အရေးပေါ် အစီအမံတွေ စတင် ကျင့်သုံးမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

အီရန် စစ်ပွဲမှာ အမေရိကန်ဖက်က ပထမဆုံး အသေအပျောက်တွေ ရှိလာပြီလို့ အမေရိကန် စစ်တပ်က ကြေညာခဲ့ပါတယ်။