စစ်ရှုံးမှုတွေကြောင့် ပြုန်းတီးသွားတဲ့ စစ်အင်အားကို ပြန်ဖြည့်ဖို့နဲ့ နယ်မြေစိုးမိုးမှု ပြန်ရဖို့အတွက် စစ်ကောင်စီဟာ ၂၀၂၆ ခုနှစ်အတွင်းမှာ ပျော်ပွဲရွှင်ပွဲ တွေကို ထောင်ချောက်အဖြစ် သုံးပြီး လူငယ်တွေကို အရှိန်မြှင့် ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအပြီးမှာ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်က လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် ပစ်မှတ်ထား ဖမ်းဆီးမှုတွေများလာတာလို့ မြို့ခံတွေက ဆိုပါတယ်။
ထားဝယ်မြို့ပေါ် တခုတည်းမှာကို တည လူငယ် ၃၀ နဲ့ ၄၀ ကြား အထိ အဖမ်းခံနေရပြီး ကျောင်းသားအရွယ်တွေပါ အပြင်မထွက်ရဲတော့တဲ့အထိ စိုးရိမ်စရာ ဖြစ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်မှုထမ်း ဥပဒေပြဋ္ဌာန်းပြီး သင်တန်းတစ်ခုကို လူ ၅၀၀၀ နှုန်းနဲ့ စုဆောင်းမယ်လို့ စစ်တပ်က ထုတ်ပြောထားပါတယ်။ ၂နှစ်တာအတွင်း သင်တန်းအမှတ်စဉ် ၂၂ အထိ ခေါ်ယူပြီးဖြစ်တာကြောင့် တပ်သားသစ် ၁သိန်းကျော် စုဆောင်းထားပြီးဖြစ်တယ်လို့ ယူဆရပါတယ်။
သတင်း/တင်ဆက်-သဇင်လှိုင် ရိုက်ကူး-မြတ်ကြီး
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



