ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသ အကျဉ်းစခန်းတစ်ခုအား မတ်လ ၈ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရစဉ်အတွင်း စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးခဲ့ပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ယမန်နေ့(မတ် ၁၁)တွင် ထုတ်ပြန်သည်။
မတ်လ ၈ရက်နေ့ နံနက် ၁၁ နာရီ မှ မွန်းလွဲ ၂ နာရီခွဲခန့်အတွင်း တိုက်လေယာဉ် လေးစီး၊ Y-12 ထောက်ပို့ လေယာဉ် လေးစီးတို့ဖြင့် စစ်သုံ့ပန်းအကျဉ်းစခန်းအား လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့စဉ် သေဆုံးရခြင်းဖြစ်သည်ဟု AA က ဆိုသည်။
ထိုတိုက်ခိုက်မှုအတွင်း အသက်ရှင်သန်လွတ်မြောက်ခဲ့သည့် စစ်သုံ့ပန်းတစ်ဦးဖြစ်သူ ဗိုလ်မှူးချုပ် သောင်းထွန်းက ဖြစ်စဉ်အခြေအနေကို ရှင်းပြထားသည်။
ပြန်တမ်းဝင်အမှတ် ကြည်း ၃၁၄၈၆ ဗိုလ်မှူးချုပ် သောင်းထွန်းသည် အမ်းမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ ဒုတိုင်းမှူး ဖြစ်ပြီး၊ ၂၀၂၄ခုနှစ် က တိုက်ပွဲအတွင်း AA ၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသူ ဖြစ်သည်။
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



