အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

အီရန်စစ်ပွဲကြောင့် မြန်မာမှာ စက်သုံးဆီတင်သွင်းမှု ဘယ်လောက်ထိ ရိုက်ခတ်နိုင်သလဲ

အီရန်စစ်ပွဲကြောင့် ကမ္ဘာလုံးဆိုင်ရာရေနံတင်ပို့မှုများအပေါ် ရိုက်ခတ်မှုရှိလာချိန် စစ်ကော်မရှင်ကလည်း ရေနံသင်္ဘောများပိတ်ဆို့မှုဖြစ်နေသည်ဆိုကာ ပုံမှန်မဟုတ်သည့် စက်သုံးဆီခြိုးခြံချွေတာရေးအစီစဉ်ကို ယခုနှစ် မတ်လ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။ 

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်တွင် အီရန်နိုင်ငံကို အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှု ပြီးနောက် ကမ္ဘာ့ရေနံတင်ပို့မှု ငါးပုံတစ်ပုံဖြတ်သန်းသယ်ဆောင်သော ဟော်မုဇ်ရေလက်ကြား (Strait of Hormuz)ကို မဖြတ်သန်းရန် အီရန်က သတိပေးထားရာ ရေနံတင်သင်္ဘောများ ဖြတ်သန်းသွားလာရန် ခက်ခဲသွားသည်။ ထို့ကြောင့် ကမ္ဘာ့ဈေးကွက်တွင်  လောင်စာဆီရှားပါးပြတ်လပ်မှုအန္တရာယ်ကြီးလာပြီး ဈေးနှုန်းများလည်း မြင့်တက်လာခဲ့သည်။ 

ကမ္ဘာ့ရေနံတင်ပို့မှု၏ ဗဟိုချက်ဖြစ်သော အရှေ့အလယ်ပိုင်းဒေသစစ်ပွဲများကြောင့် ကမ္ဘာ့နိုင်ငံများတွင် လောင်စာဆီဈေးကွက်လှုပ်ခတ်နေပြီး ပြည်တွင်းလောင်စာဆီသုံးစွဲမှု၏ ၉၀ ရာခိုင်နှုန်းကျော်ကို ပြည်ပမှ တင်သွင်းနေရသည့် မြန်မာတွင်လည်း လောင်စာဆီဝယ်ယူတင်သွင်းရာတွင် ရိုက်ခတ်မှုရှိလာနိုင်ကြောင်း စွမ်းအင်ဆိုင်ရာကျွမ်းကျင်သူများက ပြောသည်။ 

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

Related Articles

Back to top button