အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

အီရန် ယူရေနီယံကို သိမ်းယူချင်တဲ့ ထရမ့်အိပ်မက် — အမေရိကန်တပ်ဖွဲ့အတွက် အန္တရာယ်ကြီး

အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်စစ်ပွဲဟာ အခုဆိုရင် ဒုတိယမြောက်လထဲကို ရောက်လာခဲ့ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ဖော်ပြခဲ့တဲ့ Wall Street Journal သတင်းအရ ထရမ့်ဟာ အီရန်ရဲ့ အဆင့်မြင့် သန့်စင်ထားတဲ့ ယူရေနီယံတွေကို သိမ်းနိုင်ဖို့အတွက် မြေပြင်စစ်ဆင်ရေးလုပ်ဖို့ တကယ်  စဉ်းစားနေပြီလို့ သိရပါတယ်။

 အီရန်မှာ လက်ရှိကျန်နေတဲ့ ယူရေနီယံတွေဟာ “နိုင်ငံတကာအသိုက်အဝန်း၊ အထူးသဖြင့် အမေရိကန်နဲ့ အစ္စရေးတို့အတွက် တကယ့်ကို စိုးရိမ်စရာကြီး ဖြစ်နေတယ်လို့  လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ Shahin Modarres က ဆိုပါတယ်။

အီရန်နျူကလီးယား ကျွမ်းကျင်သူ Christian Emery ကလည်း အခုကျန်နေတဲ့ ယူရေနီယံတွေဟာ ထရမ့်အစိုးရရဲ့   ပစ်မှတ်တစ်ခု ဖြစ်နေတယ်လို့ ထောက်ပြပါတယ်။

ထရမ့်အနေနဲ့ သူစတင်ခဲ့တဲ့ စစ်ပွဲဟာ   အီရန်အစိုးရကို ဖြုတ်မချနိုင်သေးတဲ့အတွက်  ဒီစစ်ပွဲမှာ နိုင်တယ်လို့ သက်သေပြဖို့ ခိုင်မာတဲ့ ရလဒ်တစ်ခု လိုနေပါတယ်။

 အီရန်ရဲ့ ယူရေနီယံတွေကို သိမ်းနိုင်မှ ထရမ့်အတွက် သူစတင်ခဲ့တဲ့စစ်ပွဲကနေ အမြန်ဆုံး ရုန်းထွက်နိုင်မယ့် လမ်းကြောင်းတစ်ခု ဖြစ်လာနိုင်တယ်လို့ အင်္ဂလန်အရှေ့မြောက်ပိုင်းမှာရှိတဲ့  Durham တက္ကသိုလ်က အရှေ့အလယ်ပိုင်းလေ့လာရေး ဒါရိုက်တာ Clive Jones က ဆိုပါတယ်။

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

Related Articles

Back to top button