အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

မင်းအောင်လှိုင်ရဲ့ဟန်ပြလွတ်ငြိမ်းမှာသမ္မတဦးဝင်းမြင့်လွတ်သော်လည်းနိုင်ကျဉ်းများစွာကျန်နေ

နိုင်ငံတကာဖိအား လျှော့ချနိုင်ဖို့ အခါကြီးရက်ကြီးနေ့ရက်တွေမှာ အကျဉ်းသားထောင်ချီလွှတ်ပေးလေ့ရှိတဲ့ အာဏာသိမ်းစစ်တပ်ဟာ မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်တဲ့ ဒီကနေ့ ဧပြီလ ၁၇ရက်နေ့မှာလည်း အကျဉ်းသား ၄ထောင်ကျော်ကို ပြန်လွှတ်ပေးပြီး အဲ့ဒီထဲမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်လည်း ပါဝင်လာပါတယ်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ရဲ့ နာယကတစ်ဦးဖြစ်တဲ့ ဦးဝင်းထိန်လည်း မန္တလေးအိုးဘိုထောင်ကနေ ပြန်လွတ်လာတယ်လို့ သိရပါတယ်။ 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း စစ်တပ်က လက်ရှိဖမ်းချုပ်ထားတဲ့ နေရာကနေ နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့မယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် ဧပြီလ ၁၇ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၃နာရီအထိ စစ်တပ်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။ 

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့ မနက်အစောပိုင်းကတည်းက ဖမ်းဆီးခံရတဲ့ သမ္မတဦးဝင်းမြင့်ဟာ တောင်ငူထောင်ကနေ ပြန်လွှတ်လာတာ ဖြစ်ပြီး မိသားစုရှိတဲ့ နေပြည်တော်က နေအိမ်ကို ပြန်ရောက်နေပါတယ်။ 

သမ္မတဦးဝင်းမြင့်ဟာ သူ့အနေနဲ့ ဘာအပြစ်မှလုပ်မထားသလို၊ ခံဝန်လည်း မထိုးခဲ့ဘူးလို့ ဦးဝင်းမြင့်နဲ့ တွေ့ခွင့်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က Myanmar Now ကို ပြောပါတယ်။ 

အာဏာသိမ်း စစ်တပ်ကို ဆန့်ကျင်သူတွေကို ဖမ်းဆီးရာမှာ အသုံးပြုတဲ့ ပုဒ်မ ၅၀၅  နဲ့ ပုဒ်မ ၅၀ တို့နဲ့ အကျဉ်းကျနေသူကို အကြိမ်ပေါင်းများစွာ လွတ်ငြိမ်းခွင့်ပေးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် လက်တွေ့မှာတော့ ဟန်ပြသာဖြစ်ပြီး NLD အစိုးရရဲ့ ထိပ်ပေါင်းခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေးအကျဉ်းသား အများစု လွတ်မြောက်လာတာ မရှိသေးဘူးလို့ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။  

သတင်း/တင်ဆက်-သဇင်လှိုင်  တည်းဖြတ်-မြတ်ကြီး

ပြင်ဆင်ချက် – မူရင်းသတင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ၏ နာယက ဦးဝင်းထိန်လည်း မန္တလေးအိုးဘိုထောင်မှ ပြန်လွတ်ကြောင်း ထည့်သွင်းရေးသားခဲ့ပါသည်။ သို့သော်နောက်ဆက်တွဲသတင်းများအရ ဦးဝင်းထိန်ကို ဆက်လက်ဖမ်းဆီးထားကြောင်းသိရသဖြင့် ၂၀၂၆ ဧပြီ ၁၈ တွင်ပြန်လည်တည်းဖြတ် ပြင်ဆင်ထားပါသည်။

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button