ဒီတပတ်ထဲမှာ တော့ ၁၀၂၇ စစ်ဆင်ရေးနဲ့ အာဏာသိမ်းစစ်တပ်ဆီကနေ ရှမ်းမြောက်မှာ မြို့တွေ သိမ်းနိုင်ခဲ့တဲ့ တအာင်းလက်နက်ကိုင်တပ် TNLA က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အရပ်သားအစိုးရအဖွဲ့ရဲ့ သမ္မတသစ်အဖြစ် အသိအမှတ်ပြုကြောင်း ဧပြီ၁၅ရက်မှာ ထုတ်ပြန်ဖော်ပြလိုက်ပါတယ်။
အရပ်ဝတ်အသွင်ပြောင်းစစ်အစိုးရက တော်လှန်ရေးအင်အားစုတွေ အားကောင်းရာ စစ်ကိုင်းတိုင်းမှာ သင်္ကြန်ကာလအတွင်း ဘုန်းကြီးကျောင်းပါမချန် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တာကြောင့် ရဟန်းသုံးပါးနဲ့ ပြည်သူတစ်ဦးသေဆုံးခဲ့ရပါတယ်။
ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းအရှေ့ပိုင်းအပြင် ချင်းပြည်နယ် မှာ ကရင်အမျိုးသားအစည်းအရုံး(KNU) နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက အာဏာသိမ်း စစ်တပ်ရှေ့တန်းစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် သမ္မတပြန်ခန့်ထားတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ရဲ့ စစ်အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေထဲက ၁၅ ဦးထက်မနည်းဟာ နိုင်ငံတကာအရေးယူ ပိတ်ဆို့ခံထားရသူတွေ ဖြစ်ပြီး ထပ်တိုးအရေးယူမှုတွေ လုပ်ဖို့ တက်ကြွလှုပ်ရှားသူအချို့က တောင်းဆိုနေတဲ့သတင်းတွေကို ကြည့်ရှုရမှာပါ။
တင်ဆက်-သဇင်လှိုင် တည်းဖြတ်-မြတ်ကြီး
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



