အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

KNU ထိန်းချုပ် မောတောင်နယ်စပ်တွင် ထိုင်းဘက်ခြမ်း ကုန်သွယ်ဂိတ် ပြန်ဖွင့်

ထိုင်းနိုင်ငံဘက်ခြမ်း ဆင်ခွန်းနယ်စပ်ဂိတ်နှင့် ထိဆက်နေပြီး တနင်္သာရီမြို့၏ အရှေ့တောင်ဘက် မိုင် ၆၀ ကျော်အကွာ မောတောင်နယ်စပ်ကုန်သွယ်ရေးမြို့ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလလယ်ပိုင်းတွင် KNU က တိုက်ခိုက်သိမ်းပိုက်ထားသည်။

မြန်မာနှင့်ထိုင်းနယ်စပ် တနင်္သာရီမြို့နယ်အတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ် မောတောင်နယ်စပ်မြို့မှတဆင့် ကုန်သွယ်မှုများပြန်စရန် ထိုင်းဘက်ခြမ်း ပရာကျွတ်ကရီခမ်ခရိုင် ဆင်ခွန်းနယ်စပ်ဂိတ်ကို ယခုနှစ် ဧပြီလ ၁၇ ရက် မှစ၍ ထိုင်းအာဏာပိုင်များက ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ 

ထိုင်းနိုင်ငံဘက်ခြမ်း ဆင်ခွန်းနယ်စပ်ဂိတ်နှင့် ထိဆက်နေပြီး တနင်္သာရီမြို့၏ အရှေ့တောင်ဘက် မိုင် ၆၀ ကျော်အကွာ မောတောင်နယ်စပ်ကုန်သွယ်ရေးမြို့ကို  ၂၀၂၅ ခုနှစ် နိုဝင်ဘာလလယ်ပိုင်းတွင် KNU က တိုက်ခိုက်သိမ်းပိုက်ထားသည်။

ယခုအခါ မြန်မာဘက်ခြမ်းတွင် တိုက်ပွဲများပြန်ငြိမ်သွားသလို ကုန်သွယ်ရေးကန့်သတ်ချက်များအား အခြေအနေနှင့် လိုက်လျောညီထွေဖြစ်ရေး ပြန်လည်သုံးသပ်ရန် ထိုင်းကုန်သည်များက တင်ပြလာ၍ ထိုင်းဘက်ခြမ်း နယ်စပ်ဂိတ်ကို အပြည့်အဝပြန်လည်ဖွင့်ပေးလိုက်ကြောင်း ပရာကျွတ်ကရီခမ်ခရိုင် အုပ်ချုပ်ရေးမှူးက လက်မှတ်ရေးထိုးအမိန့်ထုတ်ခဲ့သည်ဟု ခရိုင်ပြည်သူ့ဆက်ဆံရေးရုံးနှင့် ထိုင်းအခြေစိုက်သတင်းများက ဖော်ပြခဲ့သည်။ 

တိုက်ပွဲဖြစ်ပွားစဉ်က လူသားချင်းစာနာထောက်ထားမှု အစီအမံများအရ စားသောက်ကုန်ပစ္စည်းများကို တင်ပို့တင်သွင်းခွင့်ပြုခဲ့ပြီး မြန်မာဘက်ခြမ်း တိုက်ပွဲဖြစ်ပွားနေသာ အငြင်းပွားနယ်မြေများသို့ အင်္ဂါနှင့် စနေနေ့တို့တွင် နံနက် ၈ နာရီမှ ၁၂ နာရီအထိ ကုန်စည်များတင်ပို့ရောင်းချခွင့်ပြုခဲ့ကြောင်း၊ ယခုအခါ ထိုကုန်သွယ်ရေးကန့်သတ်ချက်များကို ရုပ်သိမ်းလိုက်ကြောင်း ထိုအမိန့်စာတွင် ဖော်ပြထားသည်။

ထိုနယ်စပ်ဂိတ်မှ ကုန်စည်တင်ပို့တင်သွင်းခြင်းကို နေ့စဉ်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ကုန်စည်စီးဆင်းမှု ချောမွေ့ရန် ကုန်စည်နှင့် ကုန်တင်ယာဉ်အချက်အလက်များ တစ်ရက်ကြိုတင် တင်ပြရန်၊ အကောက်ခွန်နှင့် အခြားညွှန်ကြားချက်များကိုလိုက်နာရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့ရာတွင် မြန်မာဘက်အခြမ်းရှိ မောတောင်နယ်စပ်ကုန်သွယ်ရေးဂိတ်ကို (KNU)က ထိန်းချုပ်ထားရာ ထိုနယ်စပ်ကုန်သွယ်ရေးကို သို့ရာတွင် မြန်မာဘက်အခြမ်းရှိ မောတောင်နယ်စပ်ကုန်သွယ်ရေးဂိတ်ကို (KNU)က ထိန်းချုပ်ထားရာ ထိုနယ်စပ်ကုန်သွယ်ရေးကို မည်သို့စီမံဆောင်ရွက်မည်ကို KNU တာဝန်ရှိသူများထံ Myanmar Now က ဆက်သွယ်မေးမြန်းထားသော်လည်း တုံ့ပြန်ဖြေဆိုခြင်းမရှိသေးပေ။

မောတောင်နယ်စပ်ကို ပြီးခဲ့သည့် ၂၀၂၅ နိုဝင်ဘာလတွင် တွေ့ရစဉ်။ ဓာတ်ပုံ- သံသရာအေး ဆုတောင်းပြည့် ဆရာတော်) 

ထိုင်းဘက်အခြမ်းက နယ်စပ်ကုန်သွယ်ရေးဂိတ် ပြန်ဖွင့်လိုက်သော်လည်း မြန်မာဘက်အခြမ်းတွင် ဂိတ်ပြန်ဖွင့်ခြင်းမရှိသေးသလို မြေပြင်ကုန်သွယ်မှုများလည်းမတွေ့ရသေးကြောင်း တနင်္သာရီတိုင်း ကုန်သည်စက်မှုလုပ်ငန်းရှင်အသင်းဝင် အမည်မဖော်လိုသူ ကုန်သည်အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

“တစ်ခါတလေကြရင် နယ်စပ်မှာရှိတဲ့ သူတို့ဘက်ခြမ်းကသူတွေက ဒါကိုဖွင့်ပြပြီးရင် နယ်စပ်မှာ စည်ကားအောင်ဖန်တီးတာတွေလည်းရှိတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာဘက်ခြမ်း နယ်စပ်ဂိတ်ပြန်ဖွင့်၍ ကုန်သွယ်မှုပြန်စရန် နိုင်ငံရေးနှင့် လမ်းပန်းဆက်သွယ်ရေး အခြေအနေပေါ်တွင် မူတည်ကြောင်း ထိုလုပ်ငန်းရှင်က ဆက်ပြောသည်။

အာဏာသိမ်းစစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်များကြားဖြစ်ပွားသည့် တိုက်ပွဲများကြောင့် မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ရပ်တန့်နေသည်မှာ တစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်ပြီး  လမ်းကြောင်းပြန်ပွင့်ပါက မြိတ်နှင့် တနင်္သာရီဒေသထွက် ရေထွက်ကုန်နှင့် စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့ရာတွင် လမ်းကြောင်းတို၍ အချိန်ကုန်သက်သာနိုင်ကြောင်း ၎င်းက ဆိုသည်။ 

“မြိတ်က ရေထွက်ကုန်တွေဆိုရင် အခုသွားတာက ရနောင်းဘက်ကနေပြီး ပတ်သွားတာပေါ့။ ခရီးရှည်တာပေါ့။ ကုန်ကျစရိတ်တွေလည်းများတာပေါ့။ တကယ်လို့ မောတောင်ဘက်က ဖွင့်တယ်ဆိုရင် ပြီးသွားတာပေါ့။ ရေထွက်ကုန်တွေဆိုတာက အရောက်မြန်လေကောင်းလေပဲလေ” ဟု ၎င်းက ဆိုသည်။ 

မြန်မာနှင့် ထိုင်းနယ်စပ်တွင် မြဝတီ၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ်၊ ထီးခီးနှင့် မောတောင်ဟူ၍ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးစခန်းခြောက်ခုရှိသည်။ စစ်အာဏာသိမ်းစနှစ်များအတွင်း တိုက်ပွဲများကြောင့် မြဝတီနှင့် ထီးခီးနယ်စပ်လမ်းကြောင်းရပ်ဆိုင်းသွားချိန်  မောတောင်ဂိတ်မှ ပြောင်းလဲကုန်သွယ်မှုများ ရှိခဲ့သည်။ 

သို့ရာတွင် မှောင်ခိုလမ်းကြောင်းမှ ကုန်စည်နှင့် လူဝင်ထွက်မှုများရှိနေသည်ဟု နယ်စပ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ 

လက်ရှိတွင် မောတောင်မြို့ကို KNU က ထိန်းချုပ်ထားသော်လည်း ထိုမြို့၏အနောက်ဘက် မိုင် ၄၀ ကျော်အကွာ ကုန်သွယ်ရေးလမ်းပေါ်ရှိ သိန်းခွန်ကျေးရွာတွင် စစ်တပ်က အထိုင်ချထားသည်ဟု ၎င်းက ဆိုသည်။ 

KNU ထိန်းချုပ်ထားသည် အခြားနယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်သည့် ထီးခီးနယ်စပ်ဂိတ်မှ ကုန်သွယ်ရန် ထိုင်းအာဏာပိုင်များက ၂၀၂၅ ခုနှစ် ဇူလိုင်တွင် ပြန်လည်ဖွင့်ပေးခဲ့သည်။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် မေတ္တာမြို့နယ်ခွဲအတွင်းရှိပြီး ထိုင်းနိုင်ငံဘက်အခြမ်း ဖူနန်ပရွမ်ရွာနှင့် ထိဆက်နေသည့် ထီးခီးဒေသကို KNU နှင့်ပူးပေါင်းတပ်များက ၂၀၂၅ ခုနှစ် မေလတွင် သိမ်းပိုက်ခဲ့သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button