အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ICC ဝရမ်းကြောင့် ဖမ်းမိခါနီး ဒူတာတေးရဲ့ လူယုံ အမတ် လွှတ်တော်ထဲ ခိုလှုံ

ဖိလစ်ပိုင်  အထက်လွှတ်တော်အမတ် ရော်နယ် ဒယ်လာရိုဆာ (Ronald dela Rosa) ဟာ သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးရဲ့ မူးယစ်ဆေးဝါးနှိမ်နှင်းရေး စီမံချက်ကြောင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ရဲ့ ဖမ်းဝရမ်း ထုတ်ခံထားရသူ ဖြစ်ပါတယ်။

သူ့ကို  နယ်သာလန်နိုင်ငံ၊ သည်ဟိဂ် (The Hague) မြို့မှာရှိတဲ့ ICC တရားရုံးက သမ္မတဟောင်း ဒူတာတေးအပေါ် ဖမ်းဆီးခဲ့တဲ့ ပုဒ်မနဲ့ပဲ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလကတည်းက ဝရမ်းကို ထုတ်ခဲ့တာ ဖြစ်ပေမယ့် အခု မေလ ၁၁ ရက်ကမှ အဲဒီဝရမ်းကို ထုတ်ပြန်ကြေညာခဲ့တာပါ။ 

အသက် ၆၄ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ လွှတ်တော်အမတ် ဒယ်လာ ရိုဆာဟာ ဒီဖမ်းဝရမ်းထုတ်ထားတဲ့ဆိုတဲ့ သတင်းတွေကြောင့်  လနဲ့ချီပြီး လူမြင်ကွင်းကနေ ပျောက်နေခဲ့ရာကနေ ပြီးခဲ့တဲ့ မေလ ၁၁ ရက်က လွှတ်တော်ကို ရောက်လာတာ ဖြစ်ပါတယ်။

မေလ ၁၁ ရက်မှာ သူလာမယ်လို့ ကြိုတင်သတင်းရထားတဲ့   အစိုးရအေးဂျင့်တွေက ဒယ်လာ ရိုဆာ ကို ဖမ်းဖို့   ဖိလစ်ပိုင်လွှတ်တော်ရှေ့မှာ စောင့်နေခဲ့ကြပေမယ့် ဒါကို ကြိုပြီး သတိထားမိသွားတဲ့  ဒီလာရိုဆာက လွှတ်တော်ထဲကို ဝင်ပြေးသွားခဲ့ပါတယ်။

အေးဂျင့်တွေကလည်း သူ့ကို နောက်ကနေ လိုက်ဖမ်းစဉ်မှာ သူဟာ လှေကားတွေပေါ်ကနေ တံခါးတွေကို ဖြတ်ပြေးခဲ့ပြီး မိနစ်အနည်းငယ်အတွင်းမှာပဲ သူဟာ ဖမ်းဆီးမယ့်သူတွေ အာဏာမသက်ရောက်နိုင်တဲ့ လွှတ်တော်ခန်းမထဲကို လုံလုံခြုံခြုံ ရောက်သွားခဲ့ပါတယ်။

အဲဒီနေ့က ပြုလုပ်တဲ့ လွှတ်တော် အစည်းအဝေးမှာတော့ ဒီရုပ်ရှင်ဆန်ဆန် CCTV မှတ်တမ်းကို ပြသခဲ့ကြပါတယ်။

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button