အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

အာဆီယံထိပ်သီးအစည်းအဝေးကို မင်းအောင်လှိုင် စွပ်စွဲပုတ်ခတ် တိုက်ခိုက်လေပြီ

မင်းအောင်လှိုင်သည် ရွေးကောက်ခံအရပ်သားအစိုးရကို စစ်အင်အားသုံး ဖယ်ရှားခဲ့ခြင်းဖြစ်သော်လည်း ခြေ/ဥနှင့် အညီ အာဏာထိန်းပါသည်ဟု အာဆီယံခေါင်းဆောင်များကို အရှက်သိက္ခာမဲ့ လိမ်ညာခဲ့သည့်အချက်မှာ အဆိုးရွားဆုံး ဖြစ်သည်။ မိမိနိုင်ငံ၏ ခြေ/ဥကိုပင် ချိုးဖောက်ခဲ့သူက အဖွဲ့ဝင်နိုင်ငံတိုင်း စောင့်ထိန်းလိုက်နာ ရမည့် အာဆီယံပဋိညာဉ်စာတမ်းကို ချိုးဖောက်ရန် ဝန်လေးမည် မဟုတ်ပါ။ 

ယခုအခါ ထိုစစ်ခေါင်းဆောင်သည် အာဆီယံခေါင်းဆောင်များကို ပြန်လှန် စွပ်စွဲပုတ်ခတ်လာသည်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံ အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံခွင့်ပေးရန် တောင်းဆိုထားသော်လည်း မင်းအောင်လှိုင်က  တွေ့ခွင့် မပေးရဲခြင်းမှာ ၎င်း၏ အလိမ်အညာများပေါ်သွား မည်ကို စိုးရိမ်၍ ဖြစ်သည်။

ခြုံ၍သုံးသပ်ရလျှင် ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့ အာဆီယံခေါင်းဆောင်များရှေ့မှောက်တွင် “တူညီဆန္ဒ ၅ ရပ်” ကို လိုက်နာပါမည်ဟု သဘောတူညီခဲ့ပြီးမှ၊ နောက်ကွယ်တွင် ကတိဖျက်၍ လုံးဝလိုက်နာမှုမရှိခြင်းက အာဆီယံအဖွဲ့ကြီး၏ အမြင့်ဆုံး ထိပ်သီးအစည်းအဝေးဆုံးဖြတ်ချက်များကို မလေးစားသော လုပ်ရပ်အဖြစ် အာဆီယံခေါင်းဆောင်များ သတ်မှတ်ထားမည်မှာ မလွှဲဧကန် ဖြစ်ပါလိမ့်မည်။

ထို့ကြောင့် ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များသည် တူညီဆန္ဒ ၅ရပ် အပေါ် စွဲစွဲမြဲမြဲ ဆက်လက်ရပ်တည် ခဲ့ကြပြီး၊ ထိုအချက်များကို မင်းအောင်လှိုင် အကောင်အထည်မဖော်မချင်း ၎င်းတို့၏ရပ်တည်ချက်ကို အပြောင်း အလဲမလုပ်ခြင်းမှာ အဖွဲ့ကြီး၏ နိုင်ငံရေးဩဇာနှင့် ဂုဏ်သိက္ခာအတွက် မည်မျှအရေးကြီးသည်ကို အာဆီယံ ခေါင်းဆောင်များ ကောင်းစွာသိရှိနေပါကြောင်း ‘သုတဇော်’ ၏ သုံးသပ်ချက်ဆောင်းပါးကို ဖော်ပြလိုက်ပါသည်။

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button