အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ထိုင်ဝမ်အရေး ကိုင်တွယ်မှုမှားရင် တရုတ်နဲ့ အမေရိကန်တို့ ထိပ်တိုက် တွေ့နိုင်တယ်လို့ ရှီကျင့်ဖျင် ပြော

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အစိုးရအဖွဲ့ဝင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ လိုက်ပါလာတဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မေလ ၁၃ ရက်ညပိုင်းက တရုတ်နိုင်ငံ မြို့တော်ပေကျင်းကို ရောက်ရှိခဲ့ကြပါတယ်။

သမ္မတထရမ့်နဲ့ အဖွဲ့ကို တရုတ်နိုင်ငံ ဒုသမ္မတ ဟန်ကျန်း (Han Zheng) က ပေကျင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ နိုင်ငံတော်အခမ်းအနားနဲ့ ကြိုဆိုခဲ့ကြပါတယ်။

ဒီနေ့ မေလ ၁၄ ရက် မနက်မှာတော့ တရုတ်သမ္မတရှီကျင့်ဖျင်က သမ္မတထရမ့်ကို “နိုင်ငံတော်ပြည်သူ့ခန်းမဆောင်” (the Great Hall of the People) ရှေ့မှာ နိုင်ငံတော် ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့ပါတယ်။

ဒီနေ့ ပထမဆုံးပြုလုပ်တဲ့ ဆွေးနွေးပွဲနေ့မှာတော့ နှစ်နိုင်ငံခေါင်းဆောင်တွေဟာ အပြန်အလှန် နှုတ်ခွန်းဆက်စကားတွေ ပြောကြရာမှာ ရှီကျင့်ဖျင်က တရုတ်နဲ့ အမေရိကန်တို့ဟာ   “ပြိုင်ဘက်တွေမဟုတ်ဘဲ မိတ်ဖက်တွေ” ဖြစ်သင့်တယ်လို့ ပြောခဲ့သလို   ထိပ်တိုက်ပဋိပက္ခတွေ ဖြစ်ကြရင်   နှစ်ဖက်စလုံး နစ်နာမှာ ဖြစ်တယ်လို့ ပြောပါတယ်။

သမ္မတ ထရမ့်ကလည်း သူနဲ့ ရှီကျင့်ဖျင်ကြားမှာ ပြဿနာတစ်ခုခု ကြုံလာတိုင်း   ဖုန်းဆက်ပြီး အဖြေရှာလေ့ ရှိတာတွေ၊   ရှေ့လျှောက် အမေရိကန်နဲ့တရုတ် ဆက်ဆံရေးဟာ အရင်ကထက် ပိုပြီး ကောင်းမွန်လာမှာဖြစ်သလို၊ နှစ်နိုင်ငံမှာ အံ့ဩဖို့ကောင်းတဲ့ အနာဂတ်တစ်ခု အတူတူရှိလာလိမ့်မယ်လို့  ပြောကြားခဲ့ပါတယ်။

အမေရိကန်နဲ့ တရုတ်တို့အကြား ဆက်ဆံရေးမှာ အားလုံးစိတ်ဝင်စားနေကြတဲ့ ထိုင်ဝမ်အရေးနဲ့ ပတ်သက်လို့ သမ္မတရှီကျင့်ဖျင်က   ထိုင်ဝမ်အရေးကို   အလွဲအချော် ကိုင်တွယ်မိမယ်ဆိုရင် အမေရိကန်နဲ့ တရုတ်တို့ကြားမှာ   ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်လို့   သတိပေးပြောကြားလိုက်ပါတယ်။

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button