အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

တစ်ချိန်က စစ်တပ်အရာရှိ၊ အခုတော့ NUG တပ်ရင်းမှူး

တစ်ချိန်က မြန်မာစစ်တပ်ရဲ့ ဒုဗိုလ်တစ်ဦးဟာ အခုတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်က တပ်ရင်းတစ်ရင်းကို ဦးဆောင်ပြီး ပဲခူးတိုင်းမှာ စစ်ရေးလှုပ်ရှားနေတဲ့ တပ်ရင်းမှူး ဖြစ်လာပါတယ်။

အသက် ၂၅ နှစ်အရွယ် ကိုဟိန်းဟာ စစ်အာဏာမသိမ်းခင်က မြန်မာစစ်တပ်ရဲ့ ခြေလျင်တပ်ရင်းတစ်ခုမှာ ဒုဗိုလ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

ဆယ်တန်းအောင်ပြီးတော့ စစ်တက္ကသိုလ်(DSA) တက်ခဲ့တဲ့ ကိုဟိန်း ဟာ အာဏာမသိမ်းခင် လပိုင်းအလို ၂၀၂၀ နှစ်ကုန်ပိုင်းမှာ DSA ကျောင်းဆင်းပြီး စစ်တပ်အရာရှိတစ်ယောက် ဖြစ်လာတာပါ။

ဒါပေမဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း၊ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို စစ်တပ်က အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်တာကို မြင်တွေ့ရတဲ့အခါ “တိုင်းပြည်ဟာ အမှောင်ခေတ်ထဲ ဝင်ရောက်သွားပြီ” ဆိုတာ သူ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

ပြည်သူကို သေနတ်ပြောင်းဝလှည့်ပြီး မပစ်နိုင်တဲ့အတွက် စစ်တပ်ကို စွန့်ခွာခဲ့တဲ့ ကိုဟိန်းဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့ပြီး နောက်ပိုင်းမှာ လက်နက်ကိုင်တော်လှန်ရေးထဲ ဝင်ရောက်ခဲ့ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေတစ်ခုမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အပတ်စဉ်(၁) ကို စစ်သင်တန်းပေးခဲ့သူလည်း ဖြစ်ပါတယ်။

စစ်တပ်ကို စွန့်ခွာပြီး တော်လှန်ရေးလမ်းကို ရွေးချယ်ခဲ့တာ အခုဆို ငါးနှစ်ကျော် ရှိလာပါပြီ။ လက်ရှိမှာတော့ ကိုဟိန်းဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်၊ ပဲခူးတိုင်း စစ်ဒေသအတွင်း လှုပ်ရှားနေတဲ့ နဂါးနီတပ်ရင်းရဲ့ တပ်ရင်းမှူးအဖြစ် တာဝန်ယူနေပါတယ်။

Myanmar Now သတင်းထောက်တွေက ပဲခူးတိုင်း စစ်ဒေသကို သွားရောက်ပြီး ကိုဟိန်းနဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

ဒီတွေ့ဆုံမှုမှာတော့ သူ့ရဲ့ ဘဝဖြတ်သန်းမှု၊ စစ်တပ်ကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့ရတဲ့ အကြောင်းရင်း၊ CDM အရာရှိတစ်ယောက်အဖြစ် ယနေ့အထိ စွဲကိုင်ထားတဲ့ ခံယူချက်တွေအပြင် လက်ရှိ လက်နက်ကိုင်တော်လှန်ရေးရဲ့ ခက်ခဲကြမ်းတမ်းတဲ့ ခရီးလမ်းအကြောင်းတွေကိုလည်း မေးမြန်းထားပါတယ်။

ကိုလှိုင်း၊ စောရယ်/ Myanmar Now

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button