ဟပ်ပါတီလို့ လူသိများပြီး လူငယ်တွေ ဦးဆောင်တဲ့ “Cockroach Janta Party (CJP)” အွန်လိုင်းလှုပ်ရှားမှုကနေ အိန္ဒိယနိုင်ငံအတွင်း ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာအပြီးမှာတော့ အိန္ဒိယ ပညာရေးဝန်ကြီး ရာထူးက နုတ်ထွက်သွားရပါတယ်။ ဒါ့အပြင် စာမေးပွဲစနစ်ကိုလည်း အကြီးစားပြုပြင်ပေးမယ်လို့ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီက ကြေညာလိုက်ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (ဇူလိုင် ၂၆ ရက်) က ထုတ်ပြန်ခဲ့တဲ့ ဝန်ကြီးချုပ် မိုဒီရဲ့ ကြေညာချက်မှာ စာမေးပွဲစနစ်ကို အကြီးစား ပြုပြင်ပြောင်းလဲဖို့ အထူးလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီလို့ ဆိုပါတယ်။
“ကျုပ်တို့ရဲ့ စာမေးပွဲစနစ်ဟာ ယုံကြည်စိတ်ချရမှု ရှိရမယ်၊ ပွင့်လင်းမြင်သာမှု ရှိရမယ်၊ အဲဒီစနစ်ထဲမှာ နည်းပညာကို အပြည့်အဝ အသုံးချရမယ်” လို့ ဆိုရှယ်မီဒီယာ Instagram မှာ တင်ထားတဲ့ ထုတ်ပြန်ချက်မှာ မိုဒီက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေလအတွင်း ပြုလုပ်ခဲ့တဲ့ ဆေးတက္ကသိုလ်ဝင်ခွင့် စာမေးပွဲမှာ မေးခွန်း ပေါက်ကြားခဲ့တာကြောင့် ပိုးဟပ် ပါတီ “Cockroach Janta Party (CJP)” ဦးဆောင်တဲ့ လှုပ်ရှားမှု စတင် ပေါ်ပေါက်ခဲ့တာပါ။
ဒီလှုပ်ရှားမှုကို ဦးဆောင်သူတွေက ပညာရေးဝန်ကြီး Dharmendra Pradhan ကို နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ ပညာရေးဝန်ကြီး နုတ်ထွက်သွားတဲ့ကိစ္စနဲ့ ပတ်သက်လို့တော့ ဝန်ကြီးချုပ် မိုဒီက သူ့ရဲ့ ဗီဒီယိုထဲမှာ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုတာ မရှိခဲ့ပါဘူး။
Cockroach Janta Party (CJP) လှုပ်ရှားမှုကို ဦးဆောင်သူတွေကတော့ သူတို့တောင်းဆိုချက်တွေ အစိုးရက လိုက်လျောအပြီးမှာ ဆန္ဒပြပွဲတွေကို ရုပ်သိမ်းလိုက်ပါတယ်။ အစိုးရဘက်ကလည်း ဆန္ဒပြလူငယ်တွေ တောင်းဆိုထားတဲ့ အချက်တွေဖြစ်တဲ့ စာမေးပွဲစနစ် ပြုပြင်ပြောင်းလဲဖို့၊ ဆန္ဒပြသူတွေကို တရားစွဲဆိုထားမှုကနေ ပြန်ရုပ်သိမ်းဖို့၊ စာမေးပွဲမေးခွန်း ပေါက်ကြားရာကနေ စိတ်ဓာတ်ကျပြီး အဆုံးစီရင်သွားတဲ့ ကျောင်းသူကျောင်းသားတွေရဲ့ မိသားစုတွေကို လျော်ကြေးပေးဖို့ လိုက်လျောပေးလိုက်ပါတယ်။
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



