မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုဘဝကဏ္ဍအသီးသီး ထိခိုက်ယိုယွင်းခဲ့သလို မွေးမြူရေးလုပ်ငန်းကဏ္ဍလည်း ပြင်းပြင်းထန်ထန် ရိုက်ခတ်ခံခဲ့ရပါတယ်။
အာဏာသိမ်းပြီး ၅ နှစ်ကျော်အကြာမှာတော့ ကြက်ဥတစ်လုံးဈေးဟာ ကျပ် ၇၀၀ ဝန်းကျင်အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး ကြက်သားတစ်ပိဿာဈေးကလည်း ကျပ် ၁၅,၀၀၀ ကျော်အထိ မြင့်တက်လာပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အစိုးရက ပြည်ပသွင်းကုန်တွေအပေါ် ကန့်သတ်ချက်တွေ ချမှတ်ပြီးနောက် ကြက်အစာကုန်ကြမ်းဈေးနှုန်းတွေ မြင့်တက်လာတာ၊ လိုအပ်တဲ့ တိရစ္ဆာန်ဆေးဝါးတွေ ရရှိဖို့ခက်ခဲလာတာ စတဲ့အခြေအနေတွေကြောင့် မွေးမြူရေးလုပ်ငန်းရှင်တွေ အခက်အခဲကြီးစွာ ရင်ဆိုင်နေရပါတယ်။
ဒီအခြေအနေတွေရဲ့ အကျိုးဆက်အဖြစ် ကြက်မွေးမြူရေးလုပ်ငန်း အများအပြား ရပ်ဆိုင်းလိုက်ရတာ၊ အရှုံးပေါ်ပြီး လုပ်ငန်းအရွယ်အစား လျှော့ချလိုက်ရတာ၊ လုပ်ငန်းလက်လွှတ်လိုက်ရတာတွေ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။
လက်ရှိ ကြက်မွေးမြူရေးလုပ်ငန်းရှင်တွေ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရသလဲ၊ ဈေးနှုန်းမြင့်တက်ရတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ၊ ပြည်သူတွေအပေါ် ဘယ်လိုရိုက်ခတ်မှုတွေရှိနေလဲ ဆိုတာတွေကို ပြည်တွင်းမှာ လက်ရှိ ကြက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တစ်ဦးကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါတယ်။
ကိုလှိုင်း/ Myanmar Now
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



