အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

စက်ရုပ်အားကစားပြိုင်ပွဲမှာလူသားရဲ့ ကမ္ဘာ့စံချိန်ကိုလူတူစက်ရုပ် ကျော်လွန်ချိုးဖျက်

တရုတ်နိုင်ငံ ပေကျင်းမြို့မှာ လူတူစက်ရုပ် အားကစားပြိုင်ပွဲကို ဩဂုတ်လ ၂၂ ရက်နဲ့ ၂၃ ရက်နေ့များက ကျင်းပခဲ့ရာမှာ မီတာ ၁၀၀ အပြေးပြိုင်ပွဲအတွင်း လူသားတို့ အမြန်ဆုံး ပြေးနိုင်ခဲ့တဲ့ ကမ္ဘာ့စံချိန်ကို လူတူစက်ရုပ်က ချိုးဖျက်လိုက်ပါတယ်။

ဂျမေကာနိုင်ငံသား ကမ္ဘာကျော် ပြေးခုန်ပစ် အားကစားသမားတစ်ဦးဖြစ်ပြီး သမိုင်းမှာ “ကမ္ဘာ့အမြန်ဆုံးလူသား” အဖြစ် လူသိများတဲ့ Usain Boltတင်ထားတဲ့စံချိန်ကို လူတူစက်ရုပ်က ချိုးဖျက်လိုက်တာပါ။

၂၀၀၉ ခုနှစ် ဂျာမဏီနိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့ပြေးခုန်ပစ်ပြိုင်ပွဲမှာ Usain Boltက မီတာ ၁၀၀ ကို ၉.၅၈ စက္ကန့်နဲ့ ပန်းဝင်ခဲ့ပြီး “ကမ္ဘာ့အမြန်ဆုံးလူသား” အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ဒါပေမယ့် အဲ့ဒီစံချိန်ကို ပေကျင်းမြို့မှာကျင်းပတဲ့ လူတူစက်ရုပ် အပြေးပြိုင်ပွဲမှာ စက်ရုပ်တစ်ရုပ်က ၉.၃၉ စက္ကန့်နဲ့ ပန်းဝင်ခဲ့တာကြောင့် လူသားတွေတင်ထားတဲ့ အမြန်ဆုံးကမ္ဘာ့စံချိန်ကို စက်ရုပ်က ချိုးဖျက်လိုက်တာ ဖြစ်ပါတယ်။ 

ဘေဂျင်းမြို့ရှိ အိုလံပစ် အမြန်စကိတ်စီး အားကစားကွင်းအတွင်း လူတူစက်ရုပ် ဒါဇင်ပေါင်းများစွာဟာ အားကစား ပြိုင်ပွဲပေါင်း များစွာကို ပါဝင်ယှဉ်ပြိုင်ခဲ့တာ တွေ့ရပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

လူသားတို့ ထိန်းချုပ်မောင်းနင်တဲ့ ဒီစက်ရုပ်တွေဟာ ပြေးခုန်ပစ်၊ လက်ဝှေ့၊ ဘောလုံးနဲ့ သိုင်းပေါင်းစုံ ပြိုင်ပွဲတွေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။

ဒီပြိုင်ပွဲမှာ စက်ရုပ်တွေရဲ့ လှုပ်ရှားမှုတွေ အလွဲလွဲအချော်ချော် ဖြစ်ခဲ့တာကိုလည်း တွေ့မြင်ရပါတယ်။ 

စက်ရုပ်အပြေးသမား တချို့ကတော့ မပြေးနိုင်ဘဲ ပြေးလမ်းအတိုင်း ခြေလှမ်းသွက်သွက်နဲ့ လမ်းလျှောက်တဲ့ အရှိန်လောက်နဲ့သာ ပြိုင်ပွဲဝင်နိုင်ခဲ့ပါတယ်။ တချို့ကတော့ ပြိုင်ပွဲစတင်ကြောင်း အချက်ပေးလိုက်တာနဲ့ ချက်ချင်း လဲကျသွားကြတာကိုလည်း တွေ့မြင်ရပါတယ်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles