“တရားစခန်းကိုတော့ ဗုံးမကြဲလောက်ဘူး ထင်တာပေါ့” အရပ်သား ၁၅ ဦးထက်မနည်းသေဆုံးခဲ့တဲ့မြောင်မြို့နယ်ထဲက ဆွဲလဲအိုရွာ တရားစခန်းကို စစ်တပ်ကဗုံးကြဲခဲ့တဲ့အကြောင်း မျက်မြင်တွေ့ရှိသူပြောပြချက်
ဩဂုတ် ၂၄ ၊ Myanmar Now / ကိုလှိုင်း
ပြီးခဲ့တဲ့ သီတင်းပတ် သောကြာနေ့က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲက ဆွဲလဲအိုကျေးရွာ ရွာဦးဘုန်းကြီးကျောင်းကို စစ်တပ်ကဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ဥပုသ်စောင့်နေကြတဲ့ အရပ်သား အနည်းဆုံး လူ ၁၅ ဦးသေဆုံးပြီး ၂၈ ဦးထက်မနည်းဒဏ်ရာရခဲ့ပါတယ်။
သေဆုံးသူထဲက ၁၄ ဦးဟာ ပွဲချင်းပြီးသေဆုံးခဲ့ကြတာဖြစ်ပြီး နောက်ထပ်တစ်ဦးကတော့ ဆေးကုသမှုခံယူယင်း မနေ့ကဆုံးပါးသွားခဲ့တာပါ။
စစ်တပ်ကဘုန်းကြီးကျောင်းကို နှစ်ကြိမ်တိုင်တိုင်ဗုံးကြဲဲခဲ့တာဖြစ်ပြီး ဗုံးတစ်လုံးက အမျိုးသားယောဂီအဆောင်ကို ထိမှန်ခဲ့တယ်လို့ ဒေသတွင်းကယ်ဆယ်ရေးသမားတွေကဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပက်သက်လို့ ဖြစ်စဉ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီး ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေတဲ့ ဆွဲလဲအိုကျေးရွာဒေသခံကို မြန်မာနောင်းက ဆက်သွယ်မေးမြန်းထားပါတယ်။
တင်ဆက်-ကိုလှိုင်း



