၂၀၂၁ စစ်အာဏာသိမ်းမှုအပြီး ပေါ်ပေါက်လာတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထဲက ပြည်သူ့လွတ်မြောက်ရေးကျောင်းသားတပ်တော် (PLSO/PLSF) နဲ့ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) တို့ဟာ တပ်ဖွဲ့တစ်ခုတည်းအဖြစ် ပေါင်းစည်းလိုက်ပါတယ်။
ကျောင်းသားလူငယ်တွေ ဦးဆောင်ပြီး ရှေ့တန်းစစ်မျက်နှာအသီးသီးမှာ တိုက်ပွဲဝင်နေကြတဲ့ တပ်ဖွဲ့နှစ်ခုဟာ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) ဆိုတဲ့ အမည်နဲ့ ပေါင်းစည်းလိုက်တာဖြစ်ပြီး အခုလ ၁၁ ရက်နေ့မှာ ပူးတွဲထုတ်ပြန်ကြေညာခဲ့ပါတယ်။
ပြည်သူ့လွတ်လပ်ရေးတပ်တော်ဟာ အာရက္ခတပ်တော် (AA) ထံမှာ စစ်ပညာသင်ယူခဲ့ပြီး တောဟိန်းတောင်နဲ့ အမ်းမြို့သိမ်းတိုက်ပွဲတို့လို ထင်ရှားတဲ့ တိုက်ပွဲတွေမှာလည်း ပါဝင်ခဲ့ပါတယ်။
အခုလို ရည်မှန်းချက်တူတဲ့ တော်လှန်ရေးတပ်ဖွဲ့နှစ်ခု ပေါင်းစည်းလိုက်တာက လက်တွေ့စစ်ရေးမှာ ဘယ်လောက်အထိ ထိရောက်မှုရှိလာနိုင်မလဲ။ တပ်ဖွဲ့နှစ်ခုရဲ့ စစ်ရေးကွပ်ကဲမှုနဲ့ ခေါင်းဆောင်မှုစနစ်တွေကို ဘယ်လိုညှိနှိုင်းပေါင်းစပ်ခဲ့ကြသလဲ။ ရှေ့တန်းစစ်မြေပြင်မှာရော ဘာတွေ ပြောင်းလဲလာနိုင်သလဲဆိုတာတွေကို မေးမြန်းထားပါတယ်။
ဒါ့အပြင် တော်လှန်ရေးတပ်ဖွဲ့တွေကြား စုစည်းပေါင်းစပ်နိုင်မှုဟာ လက်ရှိတော်လှန်ရေးအတွက် ဘာကြောင့် အရေးကြီးသလဲဆိုတာနဲ့ ပတ်သက်ပြီး PIO/PIA ရဲ့ ဗဟိုကော်မတီဝင် ရဲဘော်မိုးထိကို ဆက်သွယ်မေးမြန်းထားပါတယ်။
မေးမြန်း၊ တင်ဆက် – သဇင်လှိုင်ရိုက်ကူး၊ တည်းဖြတ် – မြတ်ကြီး



