အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အတိုးနှုန်း ၉.၃၃ % အထိရှိသည့် ဘယ်လာရုစ်ချေးငွေယူရန် လွှတ်တော်အတည်ပြုချက်တောင်းခံ

အမြင့်ဆုံးအတိုးနှုန်း ၉ ဒသမ ၃၃ ရာခိုင်နှုန်းအထိပေးရမည့် ပို့ကုန်ချေးငွေကို ဘယ်လာရုစ်အစိုးရပိုင်ဘဏ်များမှ ချေးယူရန် နေပြည်တော်လွှတ်တော်တွင် ဆွေးနွေးနေသည်။

အမြင့်ဆုံးအတိုးနှုန်း ၉ ဒသမ ၃၃ ရာခိုင်နှုန်းအထိပေးရမည့် ပို့ကုန်ချေးငွေကို ဘယ်လာရုစ်အစိုးရပိုင်ဘဏ်များမှ ချေးယူရန် စစ်အစိုးရ ဘဏ္ဍာ/အခွန် ဒုဝန်ကြီးက စစ်တပ်၏ပြည်ထောင်စု လွှတ်တော်ထံသို့ ယမန်နေ့(အောက်တိုဘာလ ၆ ရက်) က အတည်ပြုချက် တောင်းခံခဲ့သည်။

ချေးငွေများသည် ဘယ်လာရုစ်အစိုးရပိုင်ဘဏ်များဖြစ်ကြသည့် Development Bank of the Republic of Belarus (DBRB)နှင့် Belinvestbank JSC တို့မှဖြစ်ပြီး ရုရှားရူဘယ်၊ ဘယ်လာရုစ်ရူဘယ်၊ တရုတ်ယွမ်၊ အမေရိကန်ဒေါ်လာ၊ ယူရို စသည့် ငွေကြေးများဖြင့် ရယူနိုင်ကြောင်း စစ်အစိုးရ၏ ဘဏ္ဍာ/အခွန် ဒုဝန်ကြီး ဒေါ်သန်းသန်းလင်းက ပြည်ထောင်စု လွှတ်တော်တွင်း ရှင်းလင်းစဉ် ထည့်သွင်းပြောဆိုခဲ့သည်။

ဆိုင်းငံ့ကာလ အများဆုံး(၁)နှစ်၊ ချေးငွေသက်တမ်းမှာ (၁)နှစ်မှ (၅)နှစ်အထိသတ်မှတ်ထားကြောင်း ၎င်းကပြောကြားခဲ့သော်လည်း ချေးငွေရယူမည့် ပမာဏကိုမူ ထည့်သွင်းပြောကြားခဲ့ခြင်းမရှိပါ။

မြန်မာဘက်က ရယူနိုင်သည့်ချေးငွေသည် စစ်အစိုးရဝန်ကြီးဌာနများက ချေးယူနိုင်သလို ပုဂ္ဂလိကချေးငွေအတွက် စစ်အစိုးရ၏ ဘဏ္ဍာ/အခွန်ဝန်ကြီးဌာနကိုကြားခံပြီး ချေးငှားနိုင်သည်ဟုလည်းဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နှစ်ဖက်သဘောတူညီချက်များနှင့် ၂၀၂၆ ခုနှစ် စက်တင်ဘာလအတွင်း သက်ဆိုင်ရာဘဏ်သတ်မှတ်ချက်များကို အခြေခံပြီးတွက်ချက်ပါက အတိုးနှုန်းသည် အနည်းဆုံး ၂ ဒသမ ၂၅ ရာခိုင်နှုန်းမှ အများဆုံး ၉ ဒသမ ၃၃ ရာခိုင်နှုန်းအထိ ရှိသည်ဟုလည်း ဘဏ္ဍာ/အခွန် ဒုဝန်ကြီးကဆိုသည်။

ဘယ်လာရုစ်မှရလာသည့် ချေးငွေကို ဘယ်လာရုစ်ထုတ် ကုန်စည်နှင့်နည်းပညာများကို ဝယ်ယူရန်အတွက်သာ အသုံးပြုနိုင်သည်ဟုလည်း နှစ်ဖက်သဘောတူညီချက်များက ကန့်သတ်ထားသည်။

ဥရောပ၏နောက်ဆုံးအာဏာရှင်နိုင်ငံဟု သတ်မှတ်ခံထားရသည့် အရှေ့ဥရောပမှ ဘယ်လာရုစ်သည် နေပြည်တော်မှ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ဟောင်းမင်းအောင်လှိုင်ကိုထောက်ခံပြီး မြန်မာစစ်ခေါင်းဆောင်များနှင့် ရင်းနှီးသည့် ဆက်ဆံရေးတည်ဆောက်ထားသည်။

ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုသည် ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် နေပြည်တော်သို့ နှစ်ကြိမ်ထက်မနည်း လာရောက်ခဲ့သလို အာဏာသိမ်းစစ်ခေါင်းဆောင်  ဗိုလ်ချုပ်ဟောင်း မင်းအောင်လှိုင်သည်လည်း ဘယ်လာရုစ်သို့ မကြာခဏသွားရောက်လေ့ရှိသည်။

ရုရှား၏အိမ်နီးချင်း ဘယ်လာရုစ်နှင့် မြန်မာစစ်တပ်တို့သည် ရုရှား၏မဟာမိတ်များဖြစ်ကြသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles