Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးမှာ မြို့ပြပြောက်ကျားအဖွဲ့ဝင်တွေ ဆက်တိုက်ဖမ်းဆီးခံနေရ

မန္တလေးမှာစစ်အုပ်စုဟာ လုံခြုံရေးတင်းကြပ်တာ ၊ကင်းပုန်းချတာတွေကိုအရင်ကထက်ပိုမိုလုပ်ဆောင်လာတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

မန္တလေးမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကင်းလှည့်နေစဉ်(ပုံဟောင်း)
မန္တလေးမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကင်းလှည့်နေစဉ်(ပုံဟောင်း)

မန္တလေးမှာ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေ ဒီရက်ပိုင်းတွေအတွင်း ဆက်တိုက်ဖမ်းခံနေရပြီး ဖမ်းမိသူတွေကို စစ်အုပ်စုက သတ်ဖြတ်တာတွေ လုပ်နေတယ်လို့သိရပါတယ်။

သြဂုတ်လ ၁ ရက်က မန္တလေး မြောက်ပြင်မှာရှိတဲ့ နေအိမ်တစ်အိမ်ကိုစစ်ကောင်စီတပ်ဖွဲ့က အင်အားသုံးပြီး ဝင်စီးကာ Myanmar Return Ranger Force (MRRF) အဖွဲ့ခေါင်းဆောင် ဗိုလ်အောင်မြေအပါအဝင် ၁၀ ဦးခန့်အဖမ်းခံခဲ့ရပါတယ်။

ဖမ်းဆီးသွားပြီးနောက်ရက်မှာတော့ ဗိုလ်အောင်မြေအပါအဝင် ၃ ဦး ရဲ့ ရုပ်အလောင်းတွေကို ရန်ကုန် −မန္တလေး အမြန်လမ်း မိုင်တိုင် ၃၀၀ ကျော်မှာ စွန့်ပစ်ထားခဲ့တာကိုတွေ့ခဲ့ရပြီး လူမှုကူညီရေးအသင်းတွေကဆေးရုံကိုပို့ဆောင်ပေးခဲ့ရတယ်လို့သိရပါတယ်။

MRRF အဖွဲ့ခေါင်ဆောင် ဗိုလ်အောင်မြေတို့ကို ဖမ်းဆီးတဲ့နေ့မှာပဲ မန္တလေးမြို့ပြပြောက်ကျားအဖွဲ့ တစ်ခုဖြစ်တဲ့ Mother Son Mandalay Force အဖွဲ့ဝင် ၄ ဦး ဟာ တည်းခိုရာနေရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ဖမ်းဆီးတာခံလိုက်ရတယ်လို့သိရပါသေးတယ်။

အဲဒီနောက် သြဂုတ်လ ၇ ရက် ညပိုင်းမှာ Mandalay Black King Scorpion(MBKS) တပ်ဖွဲ့ရဲ့ Safe House ကိုစစ်ကောင်စီတပ်ဖွဲ့က ဝင်ဆီးပြီး လူငယ် ၁ ဦး ထပ်မံအဖမ်းခံရလိုက်ပါတယ်။

မန္တလေးမှာစစ်အုပ်စုဟာ လုံခြုံရေးတင်းကြပ်တာ ၊ကင်းပုန်းချတာတွေကိုအရင်ကထက်ပိုမိုလုပ်ဆောင်လာတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ဓာတ်ပုံ − AP

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

TNLA အနေဖြင့် စစ်ကောင်စီထုတ်ကုန်များရောင်းချစားသုံးခြင်း မပြုရန် အမိန့်စာကို ၂၀၂၁ ဇွန်လတွင် ဖြန့်ဝေခဲ့ပြီး အခြားဒေသများ၌လည်း ဖမ်းဆီး စစ်ဆေးအရေးယူမှုများ ပြုလုပ်ခဲ့သည်။

သတင်း

ဖမ်းဆီးရမိသည့်မူးယစ်ဆေးဝါးများမှာ ကျပ်သိန်း ၂၀၀တန်ဖိုးရှိပြီး ကလေးမြို့မှ သယ်ဆောင်လာကာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် Sangau မြို့သို့ပို့ဆောင်ရန်အတွက် ဖြစ်သည်ဟု သိရကြောင်း ဖော်ပြထားသည်။

သတင်း

အဆိုပါဖမ်းဆီးခံရသူတွေက သေနတ်ပစ်ခတ်သံတွေကြားလို့ ကြောက်လန့်တဲ့အတွက် ဖမ်းဆီးခံရတဲ့ကြားကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ကေအဲန်ယူက ဆိုပါတယ်။

သတင်း

ဖမ်းဆီးခံရသူများတွင် အရှင်းခံရသည့် ကျောက်ပြုတ်ရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနေအိမ်၏ ဘေးအိမ်မှ မိသားစုဝင်၃ဦး အပါအဝင်ဖြစ်ပြီး အမျိုးသမီးအများအပြားဖမ်းဆီးခံခဲ့ရကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးသည်။