Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီတပ်က ​ရေဦးမြို့နယ် မုံတိုင်ပင်တစ်ရွာတည်းမှာပင် ပြည်သူ ၃၀ ဝန်းကျင်ကိုသတ်ဖြတ်ဟု​ဒေသခံများ​ပြော

မုံတိုင်ပင်ရွာတွင် ဖမ်းဆီးခံရသည့် ပြည်သူ ၄၀ ကျော်အထက်ရှိနိုင်ပြီး အသတ်ခံသူပေါင်း ၃၀ ဝန်းကျင် ရှာတွေ့နေပြီဟု သိရကြောင်း၊ ထပ်မံရှာနေဆဲဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

(အကြမ်းဖက်စစ်​ကောင်စီတပ်က မီးရှို့ထား​သော ရွာအချို့)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ရွာစဥ်လှည့်သတ်ဖြတ်နေပြီး မုံတိုင်ပင်တစ်ရွာတည်း ပြည်သူ သုံးဆယ်ဦး ဝန်းကျင်သတ်ဖြတ်ခံရကြောင်း ​ဒေသခံများကပြောသည်။

အကြမ်းဖက်စစ်တပ်သည် မေလ ၁၀ ရက်နေ့က ရေဦးမြို့နယ်၊ မုံတိုင်ပင်ရွာသို့ ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ပြီး ရွာခံပြည်သူများကိုပါ သတ်ဖြတ်ခဲ့ကြောင်း၊ မုံတိုင်ပင်ရွာတွင် မီးလောင်ကျွမ်းနေသည့် ရုပ်အလောင်း ၁၇ လောင်းနှင့် ကျည်ဆံမှန်သေဆုံးနေသူ နှစ်ဦး ရုပ်အလောင်းများ တွေ့ရှိထားကြောင်း ဒေသခံများက ပြောသည်။

(အကြမ်းဖက်စစ်​ကောင်စီတပ်က မီးရှို့ထား​သော ရွာအချို့)

ယနေ့ မေလ ၁၃ ရက် နံနက်ပိုင်းတွင် မုံတိုင်ပင်ရွာ၌ မီးရှို့အသတ်ခံထားရသော ကျေးရွာသူကျေးရွာသားရုပ်အလောင်းများ ထပ်မံတွေ့ရှိရကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့-ရေဦးက ပြောသည်။

မုံတိုင်ပင်ရွာတွင် ဖမ်းဆီးခံရသည့် ပြည်သူ ၄၀ ကျော်အထက်ရှိနိုင်ပြီး အသတ်ခံသူပေါင်း ၃၀ ဝန်းကျင် ရှာတွေ့နေပြီဟု သိရကြောင်း၊ ထပ်မံရှာနေဆဲဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

(အကြမ်းဖက်စစ်​ကောင်စီတပ်က မီးရှို့ထား​သော ရွာအချို့)

“အိမ်အတွင်းတွေမှာ အပြစ်မဲ့ ပြည်သူများရဲ့ ရုပ်အလောင်းများစွာ တွေ့ရှိနေပါတယ်။ တချို့ ရေတွင်းထဲပစ်ချပြီး အပေါ်မှ ကောက်ရိုးထုံးများဖုံးအုပ် မီးရှို့ထားခဲ့တယ်။ သွေးကွက်များကို ပေါက်ပြားများနဲ့ ဖုံးထားခဲ့တယ်။ ရုပ်အလောင်းများကို နေအိမ်အတွင်း ဆွဲသွင်းပြီး မီးရှို့ထားခဲ့ကြောင်း သိရပါတယ်။ ယုတ်မာချက်ကတော့ PDF ဝတ်စုံ များ ချထားခဲ့တယ်။အောင်ပွဲခံ ပုံစံ အလံများထောင်ထားခဲ့တယ်။ စခ များက PDP မို့သတ်တဲ့ ပုံစံသွင်းတယ်။ တချို့အိမ်များမှာ လူက နှစ်ယောက်ပဲ နေသော်လည်း အလောင်းများမှာ ခြောက်လောင်းဖြစ်နေတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

(အကြမ်းဖက်စစ်​ကောင်စီတပ်က မီးရှို့ထား​သော ရွာအချို့)

အကြမ်းဖက်စစ်တပ်သည် ဆယ်ရက်အတွင်း ရေဦးမြို့နယ်ရှိ နှောကုန်း၊ အင်ပင်၊ ချမ်းသာ၊ ဆီဆုံ၊ ပုဏ္ဏာကား အစရှိသည့်ကျေးရွာများမှ နေအိမ်ပေါင်း ၅၀ ထက်မနည်း မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့အပြင် ၎င်းကျေးရွာများမှ ဖမ်းဆီးသတ်ဖြတ်ခံရသူများလည်း ရှိနေသည်။ ဆိုင်ကယ်နှင့်ကားများ၊ နွားများ၊ ကောက်ရိုးစင်းစက်၊ မီးစက်များ၊ စပါးတင်းငါးရာကျော်၊ မီးသတ်ကားတစ်စီး အစရှိသည့်ပစ္စည်းများလည်း ဖျက်ဆီးခံထားရသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

မြန်မာနိုင်ငံမှာ ကိုဗစ်စတင်တွေ့ရှိပြီးနောက် နိုင်ငံတကာလေကြောင်းလိုင်းတွေ နဲ့ ပြည်ပ ကနေ ခရီးသွားဝင်ရောက်တာကို ပိတ်ထားတာပါ။ အဲဒီနောက် ၂ နှစ်ကျော်လာကြာချိန် မှာ စစ်ကောင်စီက ခရီးသွားလုပ်ငန်း ကို ပြန်ဖွင့်ဖို့ စီစဉ်လာတာလည်းဖြစ်ပါတယ်။

သတင်း

ဖမ်းဆီးခံထားရတဲ့ အရပ်သားပြည်သူတွေဟာ ကေအဲန်ယူ-ဖားအံမြို့နယ်အတွင်းက (၇၀)ဦးနဲ့ ဘီးလင်းမြို့နယ်အတွင်းက (၂၂) ဦး စုစုပေါင်း (၉၂) ဦးဖြစ်ပြီး အဲ့ဒီအထဲမှာ ကလေးငယ်လေးဦးပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

သတင်း

ဟားခါး - ဖလမ်း ကားလမ်းတွင် တင့်ကား ၂စီးအပါအဝင် စစ်အင်အား ၁၅၀ခန့်ပါ စစ်ယာဉ်တန်းကို ချင်းပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ မေလ ပထမပတ်အတွင်း တိုက်ပွဲ ၄ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၃၄ဦး သေဆုံးကာ ၂၀ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း CNFက ထုတ်ပြန်သည်။

သတင်း

အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲအတွက် အာဆီယံခေါင်းဆောင်များ ဝါရှင်တန်၌ ရှိနေ ချိန်တွင် မြန်မာ့အကျပ်အတည်းဖြေရှင်းရေး အာဆီယံနှင့် အခြားသောမိတ်ဖက်များနှင့် အနီးကပ် ဆက်လက်ပူးပေါင်းလုပ်ဆောင်မည်ဟု အမေရိကန်နိုင်ငံခြားရေး ဒုတိယဝန်ကြီးက ပြောသည်။