Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီကို ဖိအားပေးရေး အာဆီယံ၊ အခြားမိတ်ဖက်နိုင်ငံများနှင့် နီးကပ်စွာဆက်လက် လုပ်ဆောင်သွားမည်ဟု ကန်နိုင်ငံခြားရေး ဒုဝန်ကြီး အလေးထားပြော

အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲအတွက် အာဆီယံခေါင်းဆောင်များ ဝါရှင်တန်၌ ရှိနေ ချိန်တွင် မြန်မာ့အကျပ်အတည်းဖြေရှင်းရေး အာဆီယံနှင့် အခြားသောမိတ်ဖက်များနှင့် အနီးကပ် ဆက်လက်ပူးပေါင်းလုပ်ဆောင်မည်ဟု အမေရိကန်နိုင်ငံခြားရေး ဒုတိယဝန်ကြီးက ပြောသည်။

▪️မြန်မာပြည်သူများနှင့်အတူရပ်တည်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးနှင့်လူချင်းတွေ့ဆုံစဉ် ထပ်လောင်းကတိပြု

မြန်မာ့အကျပ်အတည်းကို တရားမျှတပြီး ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေး ဖိအားပေးရာတွင် အာဆီယံနှင့် အခြားသောမိတ်ဖက်များနှင့် နီးကပ်စွာ ဆက်လက်လုပ်ဆောင်သွားမည်ဟု အမေရိကန် နိုင်ငံခြားရေး ဒုတိယဝန်ကြီးက NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်တွေ့ဆုံစဉ် အလေးပေးပြောကြားသည်။

အမေရိကန်နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဝင်ဒီရှားမန်းက NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို မေ ၁၂ ရက်တွင် ဝါရှင်တန်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံရာ အာဏာ သိမ်းစစ်ကောင်စီ၏ လူမဆန်သောဖြိုခွင်းမှုများကို ရင်ဆိုင်နေရသည့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကြောင်းနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေးကို အလေးပေးဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲအတွက် အာဆီယံခေါင်းဆောင်များ ဝါရှင်တန်၌ ရှိနေ ချိန်တွင် မြန်မာ့အကျပ်အတည်းဖြေရှင်းရေး အာဆီယံနှင့် အခြားသောမိတ်ဖက်များနှင့် အနီးကပ် ဆက်လက်ပူးပေါင်းလုပ်ဆောင်မည်ဟု အမေရိကန်နိုင်ငံခြားရေး ဒုတိယဝန်ကြီးက ပြောသည်။

အထက်ပါဝန်ကြီးနှစ်ဦးသည် လူသားချင်းစာနာမှုအကျပ်အတည်းကို ဦးတည်စေသည့် အာဏာသိမ်းစစ်ကောင်စီ၏ ပိုမိုကျယ်ပြန့်လာသော အကြမ်းဖက်မှုများကို ပြစ်တင်ရှုတ်ချပြီး မြန်မာနိုင်ငံရှိ လိုအပ်နေသူများထံ လူသားချင်းစာနာမှုအကူအညီများ ထောက်ပံ့ကူညီနိုင်ရန် နှောင့်နှေးကြန့် ကြာမှုမရှိစေရေး တောင်းဆိုသည်။

ထို့အပြင် အမေရိကန်နိုင်ငံခြားရေး ဒုတိယဝန်ကြီးသည် မြန်မာပြည်သူများအတွက် ဝန်ကြီးဒေါ်ဇင်မာအောင်၏ ရဲစွမ်းသတ္တိနှင့် မဆုတ်မနစ်လုပ်ဆောင်မှုများအတွက် ကျေးဇူးတင်ကြောင်းနှင့် အားလုံးပါဝင်သော၊ ငြိမ်းချမ်းသော၊ သာယာ၀ပြောသော ဒီမိုကရေစီအတွက် အမေရိကန်၏အားပေးထောက်ခံမှုကို ကမ်းလှမ်းကြောင်း ပြောကြားသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

လက်ရှိမြိုင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်း(​တောင် ၊​မြောက် ၊အ​နောက်)ဖြင့်ထိုးနေပြီး တောင်ပိုင်းအခြမ်းရှိ ကျေးရွာသုံးခုထက်မနည်း မီးရှို့ခံထားရကာ အိမ်ခြေ ၁၀၀ ကျော်မီးလောင်ပြာကျခဲ့ရသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့ကြောင်း Bago Region PDF က အသိပေးထုတ်ပြန်သည်။

သတင်း

မျက်မြင်အနေအထားအရ အကြမ်းဖက်စစ်ကောင်စီဘက်မှ အယောက် ၂၀နှင့်အထက် သေဆုံးနိုင်ပြီး ရဲဘော်များ တစ်စုံတစ်ရာ အထိခိုက်မရှိ ဘေးလွတ်ရာသို့ဆုတ်ခွာနိုင်ခဲ့သည်ဟုနတ်တောင်နဂါးတပ်ဖွဲ့က ​ပြောသည်။

သတင်း

ရေလယ်ကျွန်းဒေသတွင် အကြမ်းဖက်စစ်တပ်က မေလ၇ ရက်နေ့မှစတင်ကာ ကျေးရွာ၁၀ရွာမှ နေအိမ်အလုံး ၆၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ရွှေငွေနှင့်အဖိုးတန်ပစ္စည်းများ အဓမ္မသိမ်းဆည်းသွားကြောင်း ဒေသခံများက ပြောသည်။