Connect with us
close

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ရုရှားကို အကြမ်းဖက်မှု ကျူးလွန်တဲ့ နိုင်ငံအဖြစ် လစ်သူယေးနီးယား တရားဝင် သတ်မှတ်

ရုရှားဟာ ယူကရိန်းနဲ့ စစ်ပွဲအတွင်းမှာ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ကျူးလွန်တယ်ဆိုတဲ့ တရားဝင် စွပ်စွဲချက်ကိုတော့ အရင်ကတည်းက ကြုံခဲ့ဖူးပြီးသားပါ။ ပြီးခဲ့တဲ့လမှာ ကနေဒါ လွှတ်တော်က ရုရှားရဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ထောက်ခံ ကြေညာခဲ့ပါတယ်။

ရုရှားကို အကြမ်းဖက်မှုတွေ ကျူးလွန်တဲ့ နိုင်ငံတစ်ခုအဖြစ် လစ်သူယေးနီးယားက တရားဝင် စွပ်စွဲ ကြေညာလိုက်ပါတယ်။

ယူကရိန်းကို ကျူးကျော် တိုက်ခိုက်မှု၊ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေလို အကြမ်းဖက် လုပ်ရပ်တွေအတွက် ရုရှားဟာ အပြည့်အဝ တာဝန်ရှိတယ်လို့ လစ်သူယေးနီးယား လွှတ်တော်က တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။ လစ်သူယေးနီးယားဟာ ကမ္ဘာ့ အင်အားကြီး နိုင်ငံ ရုရှားကို အကြမ်းဖက်မှု ကျူးလွန်ကြောင်း တရားဝင် စွပ်စွဲ ရှုတ်ချတဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာပါတယ်။

ရုရှားဟာ ယူကရိန်းနဲ့ စစ်ပွဲအတွင်းမှာ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ကျူးလွန်တယ်ဆိုတဲ့ တရားဝင် စွပ်စွဲချက်ကိုတော့ အရင်ကတည်းက ကြုံခဲ့ဖူးပြီးသားပါ။ ပြီးခဲ့တဲ့လမှာ ကနေဒါ လွှတ်တော်က ရုရှားရဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ထောက်ခံ ကြေညာခဲ့ပါတယ်။

လစ်သူယေးနီးယား လွှတ်တော်ရဲ့ ထုတ်ပြန်ချက်မှာတော့ ရုရှား စစ်တပ်တွေနဲ့ ကြေးစား တိုက်ခိုက်ရေးသမားတွေဟာ ယူကရိန်းက ဘူချာ၊ အာပင်၊ မာရူပိုလ်၊ ဘိုရော့ဒ်ရာကီ၊ ဟော့စ်တိုမဲလ်နဲ့ တခြားမြို့ရွာတွေမှာ အကြမ်းဖက် လုပ်ရပ်တွေ၊ စစ်ရာဇဝတ်မှုတွေ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲ ဖော်ပြထားပါတယ်။

ရုရှား အစိုးရ တာဝန်ပေးထားတဲ့ စစ်တပ်တွေဟာ ယူကရိန်းက အရပ်သား ဧရိယာတွေမှာ စနစ်တကျနဲ့ စိတ်ပါလက်ပါ ပစ်မှတ်ထား တိုက်ခိုက်တာတွေ လုပ်ခဲ့ကြောင်း၊ ရုရှား အစိုးရဟာ အကြမ်းဖက် လုပ်ရပ်တွေကို ထောက်ခံ အားပေးနေခဲ့ကြောင်း လစ်သူယေးနီးယားက ဆိုပါတယ်။

လစ်သူယေးနီးယား နိုင်ငံခြားရေးဝန်ကြီး ဂါဘရီလူစ် လန်စ်ဘာဂစ်ကလည်း ရုရှားရဲ့ စစ်မက်လိုလားပြီး ရက်စက်ကြမ်းကြုတ်မှုတွေ ရပ်ဆိုင်းသွားဖို့အတွက် ဗလာဒီမာပူတင် ဦးဆောင်တဲ့ အစိုးရ ပြုတ်ကျသွားဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ပူတင် အစိုးရက ရုရှားကို ဦးဆောင်နေသ၍ ပတ်ဝန်းကျင် နိုင်ငံတွေအားလုံး အန္တရာယ် ရှိနေနိုင်တယ်လို့လည်း လန်စ်ဘာဂစ်က သတိပေးသွားခဲ့ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယခုရက်ပိုင်းအတွင်း ကျင်းရွာမှ ဘုန်းကြီးတစ်ပါးအပါအဝင် ပြည်သူလေးဦးကိုလည်းဖမ်းဆီးသွားခဲ့ကြောင်း၊ ယမန်နေ့ကအဖမ်းခံရသော တဲစုကျေးရွာမှဖမ်းဆီးခံရသောပြည်သူ ၄ ဦးပြန်လွတ်လာကြောင်း ဒေသခံများက ပြောသည်။

သတင်း

အရာတော်မြို့နယ် မင်းရွာကြီးအနီးတွင် သြဂုတ် ၄ရက်မှ သြဂုတ် ၆ရက်အထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၂၀ ဦးထိ သေဆုံးခဲ့သည်ဟုBurmese Revolutionary Technical Front- BRTFက သတင်းထုတ်ပြန်ထားသည်။

နိုင်ငံတကာ

ရုရှား အစိုးရ မီဒီယာတွေက ဒေါက်တာ အလက်ဇန္ဒား ရှစ်ပလီယုခ် အဖမ်းခံရတဲ့ သတင်းကို ဩဂုတ် ၅ ရက်မှာ အတည်ပြု ဖော်ပြခဲ့ကြပါတယ်။ သူဟာ ရုရှား သိပ္ပံ အကယ်ဒမီရဲ့ ဆိုက်ဘေးရီးယား ဌာနခွဲမှာ သီအိုရီနဲ့ ဖြည့်စွက် စက်မှုနည်းပညာဌာန ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူထားသူ...

သတင်း

လေ့လာသူတွေကတော့ စစ်ကောင်စီဟာ ရုရှားနဲ့ အပိုင်ပေါင်းထားတဲ့အတွက် အင်အားကြီး နိုင်ငံတစ်ခုရဲ့ အထောက်အကူကို ရယူနိုင်တဲ့အပြင် တရုတ်အပေါ် ဘက်ပေါင်းစုံ မှီခိုနေရမှုကို လျှော့ချနိုင်မယ့် အခွင့်အရေး တစ်ရပ်လို့လည်း ယူဆနေကြောင်း သုံးထပ် ပြောဆိုထားကြပါတယ်။