Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးမှာ လူငယ်တစ်ဦးကို ရှော့တိုက်ဒုံးနဲ့ဖမ်းမိတယ်လို့စစ်ကောင်စီသတင်းဖြန့်

ဒါအပြင် အဲဒီလူငယ်ကို ဖမ်းဆီးထားပုံနဲ့ ရှော့တိုက်ဒုံး ၂ လုံး ရဲ့ ပုံတွေကို ဖြန့်ဝေတာတွေ့ရပါတယ်။ လက်ရှိမှာလည်း အိမ်ရာနဲ့အနီးပတ်ဝန်းကျင်ကိုစစ်ကောင်စီက စစ်ဆေးနေတာတွေပြုလုပ်နေတယ်လို့သိရပါတယ်။

ရှော့တိုက်ဒုံး
ရှော့တိုက်ဒုံး

မန္တလေးကျုံးတောင်ဘက်ခြမ်း မှာရှိတဲ့ အိမ်ရာတစ်ခုမှာ ဒီနေ့မွန်းလွဲပိုင်း က လူငယ်တစ်ဦးကို ရှော့တိုက်ဒုံးတွေနဲ့ဖမ်းမိတယ်လို့စစ်အုပ်စုက သတင်းဖြန့်နေပါတယ်။

ကျုံးတောင်ဘက်ခြမ်း သီရိမင်္ဂလာအိမ်ရာ(ပြည်တော်သာအိမ်ရာ)ထဲမှာ အဲဒီလူငယ်ကိုဖမ်းမိတာလို့ စစ်ကောင်စီရဲ့သတင်းဖြန့်ချက်မှာပါရှိပါတယ်။

ဒါအပြင် အဲဒီလူငယ်ကို ဖမ်းဆီးထားပုံနဲ့ ရှော့တိုက်ဒုံး ၂ လုံး ရဲ့ ပုံတွေကို ဖြန့်ဝေတာတွေ့ရပါတယ်။ လက်ရှိမှာလည်း အိမ်ရာနဲ့အနီးပတ်ဝန်းကျင်ကိုစစ်ကောင်စီက စစ်ဆေးနေတာတွေပြုလုပ်နေတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ မေလ တုန်းကလည်း မန္တလေးနန်းတွင်းထဲကိုပစ်ခတ်ဖို့ ချိန်ရွယ်ထားတဲ့ ရှော့တိုက်ဒုံး ၂ လုံးကို ကျုံးအရှေ့ဘက်ခြမ်း မှာ သိမ်းဆည်းရမိတယ်လို့ စစ်အုပ်စုက သတင်းဖြန့်ဖူးပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

“ဒီနေ့ မြောက်ဦးမှာလည်းဖမ်းတာတွေ စစ်ဆေးတာတွေရှိတယ်။ နောက်ပြီးတော့ ဘူးသီးတောင် ၊ မောင်တောတို့ အငူမော်ကားလမ်းတို့ နောက် အခြား မြို့အဝင်အထွက်တွေမှာ အရင်ထက်စာရင်အများကြီး စစ်ဆေးမှုတွေ တင်းကြပ်လာတယ်” ဟု ရခိုင်ဒေသခံက ပြောသည်။

သတင်း

ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)မှ ဗိုလ်လရောင် ကျည်ထိမှန် ကျဆုံးခဲ့ရပြီး ပစ္စတိုနှစ်လက်နှင့် ကျည်အချို့ အပါအဝင် ဆိုင်ကယ်(CZI)တစ်စီး ဆုံးရှုံးခဲ့ရသည်။

သတင်း

စစ်ကိုင်းတိုင်း အင်းတော် - ဗန်းမောက် ကားလမ်းကို ယနေ့ (ဇွန်လ၂၄ရက် )နံနက်မှ ဇွန်လ ၂၅ရက် နံနက် ၆နာရီအထိ သုံးဘီး၊ ဆိုင်ကယ်၊ ကား စသည့် မည်သည့် ယာဉ်မှဖြတ်သန်းခြင်းမပြုရန် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အရေးပေါ် ထုတ်ပြန်ကြေညာထားသည်။

သတင်း

ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့ဘက်တွင် ပ.က.ဖ ရဲဘော် တစ်ဦး၊ Vakok/NA (CNDF) ရဲဘော် နှစ်ဦး၊ PDF Kalay ရဲဘော် တစ်ဦး၊ စုစုပေါင်း လေး ဦး ဒဏ်ရာရခဲ့ပြီး ရဲဘော် နှစ်ဦးကျဆုံးခဲ့ရသည်။