Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီး​မော့ဆို PDFနှင့် ကရင်နီတော်လှန်​ရေးတပ်​ပေါင်းစုအဖွဲ့(KRU)တို့ မဟာမိတ်ဖွဲ့စည်း​ကြောင်း ပူးတွဲကြေညာချက်ထုတ်ပြန်

အာဏာရှင်ကျရှုံးရေး၊ဒီမိုကရေစီ ရရှိရေး၊စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး အတွက် မဟာမိတ်တပ်ပေါင်းစုက အဆုံးစွန်ထိအတူတကွ တွန်းလှန်တိုက်ထုတ်သွားမည်ဖြစ် ကြောင်းလည်း ကြေညာချက်၌ ဖော်ပြသည်။

ကရင်နီတော်လှန်​ရေးတပ်​ပေါင်းစုအဖွဲ့(KRU)
ကရင်နီတော်လှန်​ရေးတပ်​ပေါင်းစုအဖွဲ့(KRU)

ပြည်သူ့ကာကွယ်​ရေးတပ် ဒီး​မော့ဆို (DMO-Local PDF) နှင့် ကယား(ကရင်နီ)​တော်လှန်​ရေးတပ်​ပေါင်းစုအဖွဲ့(KRU)တို့ မဟာမိတ်ဖွဲ့ စည်း​ကြောင်း ပူးတွဲကြေညာချက်ထုတ်ပြန်သည်။

ယနေ့(ဇွန် ၂၄ ရက်) တွေ့ဆုံဆွေးနွေးမှုဆုံးဖြတ်ချက်အရ စစ်ရေးအရသော်လည်းကောင်း၊ဆက်ဆံရေးနှင့် အခြားကဏ္ဍ အရသော်လည်းကောင်း မဟာမိတ်တပ်ပေါင်းစုအဖွဲ့အဖြစ် ပူး ပေါင်း​ဆောင်ရွက်သွားမည်ဟု အသိပေးသည်။

ဒီး​မော့ဆို PDF
ဒီး​မော့ဆို PDF

မဟာမိတ်တပ်ပေါင်းစုအဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)မှချမှတ်ထားသော မူဝါဒလမ်းစဥ်အတိုင်း လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကာ ပြည်သူ့ကာကွယ်ရေးတပ်၏ သစ္ဟာအဓိဌာန်လေးချက်နှင့်အညီ ပြည်သူလူထု၏ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်မည်ဖြစ်ကြောင်း ကတိပြုသည်။

အာဏာရှင်ကျရှုံးရေး၊ဒီမိုကရေစီ ရရှိရေး၊စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး အတွက် မဟာမိတ်တပ်ပေါင်းစုက အဆုံးစွန်ထိအတူတကွ တွန်းလှန်တိုက်ထုတ်သွားမည်ဖြစ် ကြောင်းလည်း ကြေညာချက်၌ ဖော်ပြသည်။

“အဓိကတော့ ပြည်သူလူထုတွေတောင်းဆိုတာလည်းပါသလို ကျွန်တော်တို့တွေ ပိုပြီးစည်းလုံးမှုလိုလာတဲ့အတွက် မဟာမိတ်အဖြစ်ဖွဲ့စည်းခဲ့တာ။အရင်ကတော့ တိုက်ပွဲထဲမှာ အတူတူ ရန်သူကို တိုက်ခဲ့တယ်။ဒါပေမယ့်မဟာမိတ်အဆင့်ထိ တော့မဟုတ်ဘူး။အခုကတော့ ပိုပြီးအင်အားကြီး လာမယ်”ဟု DMO Local PDF တာဝန်ရှိသူက People’s Spring သို့ ပြောသည်။

DMO Local PDF နှင့် မဟာမိတ်တပ်ပေါင်းစု အဖြစ်ပူးပေါင်းခဲ့သည့် KRU တွင် Karenni Generation – Z (KGZ)၊ Karenni Demo cratic Front (KDF)၊Fight for Justice (JPDF)၊ GZ – 21 (Loikaw)၊ Medic Unit နှင့် Southern Shan People Defense Force (SSPDF) တို့ပါဝင်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကိုင်းတိုင်း အင်းတော် - ဗန်းမောက် ကားလမ်းကို ယနေ့ (ဇွန်လ၂၄ရက် )နံနက်မှ ဇွန်လ ၂၅ရက် နံနက် ၆နာရီအထိ သုံးဘီး၊ ဆိုင်ကယ်၊ ကား စသည့် မည်သည့် ယာဉ်မှဖြတ်သန်းခြင်းမပြုရန် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အရေးပေါ် ထုတ်ပြန်ကြေညာထားသည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီဘက်ကလည်း ပြည်သူလူထုများနေထိုင်ရာ မင်းစောကျေးရွာအတွင်းသို့ လက်နက် ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ထိခိုက်မှုများရှိခဲ့၍ စိတ်မကောင်းဖြစ်ရကြောင်း ဖော်ပြထားသည်။

သတင်း

သိမ်းဆည်းရမိသော ငွေသားများကို တော်လှန်ရေးအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း အသိပေးသည်။

သတင်း

အင်းတော်ဒေသတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDF) ပူးပေါင်းတပ်များက စစ်ကောင်စီတပ်များကို မကြာခဏ တိုက်ခိုက်လျက်ရှိသည်။