Connect with us
close

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

“သင့်က​လေး ဘယ်လိုပညာ​ရေး​ပေးမလဲ”

စစ်​ကောင်စီ​ကျောင်း​တွေမှာမအပ်ဖူးဆိုတဲ့ ​ကျောင်းသားမိဘ​တွေက စစ်​ကောင်စီပြုတ်ပြီး ပြည်သူ့အစိုးရအာဏာပြန်ရချိန်မှ​​ပုံမှန်​ကျောင်း​တွေပြန်ထားဖို့စီစဥ်ထားကြတာဖြစ်ပါတယ်။

စစ်​ကောင်စီခန့်ရန်ကုန်မြို့​တော်ဝန်ကို ​ကျောင်းကိုလိုက်လံစစ်​ဆေးစဥ် ဆရာမများကလိုက်လံပြသစဥ်
စစ်​ကောင်စီခန့်ရန်ကုန်မြို့​တော်ဝန်ကို ​ကျောင်းကိုလိုက်လံစစ်​ဆေးစဥ် ဆရာမများကလိုက်လံပြသစဥ်

အခုပညာသင်နှစ်က​တော့ မြန်မာပြည်က ​ကျောင်းသားမိဘအများစု ဦး​နှောက်​ခြောက်ရတဲ့နှစ်ပါ ။ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်က ကမ္ဘာ့ကပ်​ရောဂါ COVID-19​ကြောင့် မတက်ခဲ့ရသလို ၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်ကလည်း စစ်အုပ်စုက အာဏာသိမ်းတာ​ကြောင့် စစ်​ကောင်စီလက်​အောက်မှာ​ကျောင်းမထားလိုတာ​ကြောင့် ​ကျောင်းသားမိဘအများစု​ကျောင်းမထားခဲ့ကြပါဘူး။ ​ရှေ့မှာ ၂ နှစ် ပျက်ခဲ့တာ​ကြောင့် တတိ​ယ​မြောက်နှစ်ဖြစ်တဲ့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ဟာလည်း​တော်လှန်​ရေးကာလ ဖြစ်တာ​ကြောင့်ကိုယ့်ကလေးကို ဘယ်လိုကျောင်းမျိုးမှာထားမလဲဆိုတာ မိဘတွေ စဥ်းစားဆုံးဖြတ် ရပါပြီ။

ပုံမှန်အခြေအနေမှာတောင် အဲဒီမေးခွန်းရဲ့အ ဖြေကို အလွယ်တကူဖြေကြားဖို့ အဆင်မပြေနိုင်ဘူး မဟုတ်လား။

ခုလို တော်လှန်ရေးကြားကာလဆိုတော့ အရင်ထက်ပိုပြီး သေချာစဥ်းစားဆုံးဖြတ်ကြရမှာ မလွဲမသွေပါပဲ။

ဘာကြောင့်လည်းဆိုတော့ လက်ရှိမှာ အာဏာ သိမ်းစစ်ကောင်စီကဖွင့်တဲ့ စာသင်ကျောင်းတွေရှိသလို တော်လှန်အင်အားစုတွေဖွင့်တဲ့ ကျောင်းတွေလည်း ရှိနေပါတယ်။

စစ်​ကောင်စီလက်​အောက်ရှိ​ကျောင်းတစ်​ကျောင်း ၏ ​ကျောင်းဖွင့်ချိန်​တွေ့ရစဥ်
စစ်​ကောင်စီလက်​အောက်ရှိ​ကျောင်းတစ်​ကျောင်း ၏ ​ကျောင်းဖွင့်ချိန်​တွေ့ရစဥ်

သည်တော့ ဘယ်ဘက်မှာ ရပ်မလဲ။ စစ်အာဏာ ရှင်ယန္တရားလည်ပတ်အောင် အားပေးကူညီမလား။ ဒါမှမဟုတ် ဓမ္မဘက်ကရပ်ပြီး တော်လှန်အင်အားစုတွေရဲ့ပညာ​ရေးစနစ်ထဲမှာပဲကိုယ့်ကလေးကိုထားမလား ။

ဒါနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်း မြောင်မြို့နယ်က ကျောင်းသားနှစ်ယောက်ရဲ့ မိခင်က သူ့ခံ စားချက်ကို ခုလိုရင်ဖွင့်လာပါတယ်။

“ကျွန်မကလေးတွေကို စာတတ်ဖို့တစ်ခုထဲကြည့်ပြီးတော့ စစ်ကောင်စီဖွင့်တဲ့ကျောင်းမှာ ထားရမယ်လို့ မခံယူဘူး။တော်လှန်ရေးပြီးသွားရင် ကလေးတွေရဲ့ပညာရေးက သူဟာသူ ဖြေရှင်းပြီးသား ဖြစ်သွားမှာ။ အဲဒါကြောင့် အာဏာရှင် အားပေး မလုပ်နိုင်ဘူး”အဲဒီကျောင်းသားမိခင်ဟာ KG တန်းစတက်ရမယ့် ကလေးရယ်၊ ငါးတန်းတက်ရမယ့် ကလေးရယ် သားသမီးနှစ်ယောက်လုံးကို တော်လှန်အင်အားစုတွေဖွင့်တဲ့ ပြည်သူအခြေပြု ကျောင်းမှာ အပ်နှံထားပါတယ်။

ကျေးလက်နေပြည်သူတစ်ဦးဖြစ်တဲ့ အဲဒီကျောင်းသားမိဘက သူ့အတွေးမှာ စစ်အာဏာ ရှင်ယန္တရားလည်ပတ်စေမယ့် ဘယ်လုပ်ရပ်ကိုမဆို ဆန့်ကျင်တယ်လို့ ပြတ်ပြတ်သားသား​ပြောပါတယ်။

သူ့အတွေး၊ သူ့အမြင်မှာ ပညာရေးဟာ ကလေးတွေအတွက် အရေးကြီးတယ်ဆိုတာသိပေမယ့် ပညာရပ်ဆိုင်ရာ အားနည်းချက်၊ အားသာချက်တွေကို အကဲဖြတ်နိုင်စွမ်းတော့ မရှိပါဘူး။

ဒါပေမဲ့ တစ်ခုတော့ သူ ကောင်းကောင်းသိပါတယ်။ ဘာလည်းဆိုတော့ ပြည်သူအခြေပြုကျောင်းတွေမှာ သင်ကြားပေးနေတဲ့ ဆရာ၊ ဆ ရာမတွေ ရဲ့ စိတ်ဓါတ်နဲ့ ခံယူချက်အကြောင်းပါ။ သူတို့ဟာ အများအ ကျိုးအတွက် ကိုယ်ကျိုးစွန့်ပြီး အာဏာလုစစ်​ကောင်စီကို အကြမ်းမဖက်အာဏာဖီဆန်ကြတဲ (CDM) လုပ်ခဲ့ကြသူတွေဖြစ်တယ် ဆိုတာပါပဲ။

ကျောင်းသန့်ရှင်း​ရေးပြုလုပ်​နေ​သောဆရာမများ
ကျောင်းသန့်ရှင်း​ရေးပြုလုပ်​နေ​သောဆရာမများ

“အများအကျိုးမကြည့်ဘဲ ကိုယ်ကျိုးသာကြည့်တဲ့ ဆရာ၊ဆရာမ(Non-CDM)တွေနဲ့ယှဥ်ရင် အ များကြီးယုံကြည်လို့ရတယ်”လို့ သူ့ အယူအဆကို ပြောပါတယ်။

စစ်​ကောင်စီ​ကျောင်း​တွေမှာမအပ်ဖူးဆိုတဲ့ ​ကျောင်းသားမိဘ​တွေက စစ်​ကောင်စီပြုတ်ပြီး ပြည်သူ့အစိုးရအာဏာပြန်ရချိန်မှ​​ပုံမှန်​ကျောင်း​တွေပြန်ထားဖို့စီစဥ်ထားကြတာဖြစ်ပါတယ်။

ရန်ကုန်တိုင်းထဲက မြို့နယ်တစ်ခုမှာနေထိုင်တဲ့ ကျောင်းသားမိဘတစ်ဦးကတော့ အထက်မှာဖော်ပြခဲ့တဲ့ ကျောင်းသားမိဘနဲ့ ခံယူချက်ချင်း မတူပါဘူး။

ရန်ကုန်ဟာ စစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေသေးလို့ တော်လှန်အင်အားစုတွေဖွင့်တဲ့ ပြည်သူအခြေပြုကျောင်းတွေလည်း ရှိမနေပါဘူး။ အွန်လိုင်းအခြေပြုပညာရေးကျတော့လည်း နည်းပညာပိုင်းမှာ လက်လှမ်းမမီ တာကြောင့် စစ်ကောင်စီဖွင့်တဲ့ကျောင်းကိုပဲ ရွေးခဲ့ရတယ်လို့ သူက ရင်ဖွင့်ပါတယ်။

သူ့မှာဆိုရင်လည်း ငါးတန်းတက်ရမယ့်ကလေးတစ်ယောက်ရယ်၊ ရှစ်တန်းတက်ရမယ့်ကလေးတစ်ယောက်ရယ် ကျောင်းသားနှစ်ယောက်ရှိပါတယ်။ နှစ်ယောက်လုံးကို စစ်ကောင်စီဖွင့်တဲ့ကျောင်းမှာပဲ ထားရပါတယ်။

“ပညာတတ်တာ မတတ်တာအသာထား၊ အတန်းတက်ရင် တော်ပြီ”လို့ သူရဲ့အယူအဆကိုပြောပါတယ်။

ဘာကြောင့်လည်းဆိုတော့ သူ့ကလေးတွေဟာ အခြားကလေးတွေနည်းတူ ကိုဗစ်ရောဂါကြောင့်ရယ်၊အာဏာသိမ်းတဲ့ဖြစ်စဥ်ကြောင့်ရယ် ပ ညာရေးနဲ့ဝေးခဲ့ရတယ်။ဒါကြောင့် ကလေးတွေဟာ တစ်နှစ်ထက်တစ်နှစ်ပိုကြီးလာပြီး ပညာ ရေးနဲ့ ပိုပိုဝေးသွားမှာကို မလိုလားလို့ ခုလိုရွေးချယ်ခဲ့တာလို့သူကဆိုပါတယ်။

ကလေးတွေရဲ့ ပညာရေးနဲ့ပတ်သက်ပြီးAyeyarwaddyFederal School ရဲ့ စီမံခန့်ခွဲရေးကော်မတီဒု-ဥက္ကဌ(၁)ဖြစ်သူ ဦးဖြိုးဝေအောင် က ခုလိုရှင်းပြပါတယ်။

ပညာသင်ကြားခြင်းရဲ့ ပင်မရည်ရွယ်ချက်ဟာ အတန်းတက်ဖို့၊ ဆုရဖို့ မဟုတ်ဘူးလို့သူကအခိုင်အမာပြောပါတယ်။

စာသင်ခန်းထဲ​အထိရောက်လာ​သောစစ်​ကောင်စီတပ်ဖွဲ့ဝင်အချို့ကို ၂၀၂၁ က​တွေ့ရစဥ်
စာသင်ခန်းထဲ​အထိရောက်လာ​သောစစ်​ကောင်စီတပ်ဖွဲ့ဝင်အချို့ကို ၂၀၂၁ က​တွေ့ရစဥ်

“ကလေးတစ်‌ယောက်ဟာ မိမိရဲ့အသက်အရွယ် အလိုက် သိသင့်သိထိုက်တာကိုသိပြီး ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေစွာနေထိုင်ပြုမူတတ်ဖို့၊ မိမိပတ်ဝန်းကျင်ကိုအကျိုးပြုနိုင်ဖို့ပါ” နောက်ပြီး အဆိုး၊အကောင်းနဲ့ အကျိုးအ ကြောင်းကိုသိတာသာ ပညာဖြစ်ပါတယ်။ ဘွဲ့ရတိုင်း ပညာတတ် မဟုတ်သလို ပညာတတ်တိုင်းလည်း လောကနဲ့ ပတ်ဝန်းကျင်ကို အကျိုးမပြုဘူးဆိုတာ ဒီ​နွေဦးတော်လှန်ရေးကသက်သေပြနေတယ်လို့ ဦးဖြိုးဝေအောင်က ထောက်ပြပါတယ်။

ပြီးတော့ NUG ပညာရေးဝန်ကြီးဌာန(MOE)ရဲ့လမ်းညွှန်မှုနဲ့ ကြားကာလပညာရေးသင်ကြားတဲ့အခါမှာ စွမ်းရည်ကို အခြေခံတဲ့ ပညာရေးကို ပေးနိုင်အောင် ကြိုးစားထားတယ်လို့ သူက ရှင်းပြပါတယ်။

ဦးဖြိုးဝေအောင်ဟာ CDM ကျောင်းဆရာ တစ်ဦးပါ။ သူတို့ CDM ဆရာ၊ ဆရာမတွေဟာ က လေးတွေကို ပညာရေးနဲ့ အဆက်မပြတ်စေချင်သလို စစ်ကျွန်ပညာရေးကို မသင်စေချင်ကြပါဘူး။

ဒါကြောင့်လည်း လုံခြုံ‌ရေး၊ မိသားစုစားဝတ်နေရေးအခက်အခဲတွေကို လျစ်လျူရှု့ပြီးသင် ကြားရေးကို အလေးထားပေးနေတာဖြစ်လို့ “ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ တန်ဖိုးထားပြီး အလေးအနက်ထားသင်ယူပေးကြဖို့လိုသလို မိဘတွေကလည်း ကြီးကြပ်ပေးဖို့လိုပါတယ်”လို့ ဦးဖြိုးဝေအောင်က အသိပေးပါတယ်။

NUG ၏ကြားကာလပညာ​ရေးစနစ်ဖြင့် ပညာသင်ကြား​နေကြသူများ
NUG ၏ကြားကာလပညာ​ရေးစနစ်ဖြင့် ပညာသင်ကြား​နေကြသူများ

အာဏာလုစစ်​ကောင်စီက နိုင်ငံတစ်ဝန်းသူတို့ကို ခုခံတိုက်ခိုက်မှု​တွေ​ကြောင့် မတည်မငြိမ်ဖြစ်​နေတဲ့ကြားက​ကျောင်း​တွေကို မဖြစ်မ​နေဖွင့်​နေတာက ​စေတနာ​ရှိလို့မဟုတ်ဘူးလို့ ​တော်လှန်​ရေးအင်အားစု​တွေက​ထောက်ပြကြပါတယ်။စစ်​ကောင်စီကနိုင်ငံကိုစီမံအုပ်ချုပ်နိုင်တယ်ဆိုပြီးနိုင်ငံတကာကို သက်​သေပြချင်တာ​ကြောင့်လို့​တော်လှန်​ရေးအဖွဲ့​တွေက​ထောက်ပြပါတယ်။ပညာ​ရေးကိုအားမ​ပေးတာ​ကြောင့်လည်း CDM ဆရာဝန်​တွေ ၊အင်ဂျင်နီယာ​တွေ ၊ ​ဆေး​ကျောင်းသား​တွေ ၊ဆရာ၊ဆရာမ​တွေ စတဲ့ နိုင်ငံရဲ့အ​ကောင်းဆုံးဦး​နှောက်ရှိတဲ့ပညာတက်တွေကို ဖမ်းဆီး​ထောင်ချ၊သတ်ဖြတ် ​နေတာလို့PDF တစ်ဦးက​ပြောပါတယ်။ ဒါအပြင် ပြည်သူ​တွေရဲ့ခုခံ​တော်လှန်စစ်ပွဲ​တွေ ကြုံလာရင် ​ကျောင်း​တွေ ၊​ကျောင်းသူ​ကျောင်းဆရာ၊ဆရာဆရာမ​တွေကို လူသားဒိုင်းအ​နေနဲ့စစ်​ကောင်စီကအသုံးချနိုင်တယ်လို့ အထက်ပါပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်တစ်ဦးကသတိ​ပေးပါတယ်။

နိုင်ငံတစ်ဝန်​နေစဥ် တိုက်ပွဲ​ပေါင်း ဆယ်နဲ့ချီဖြစ်​နေသလို ၊လူဒါဇင်​ပေါင်းများစွာ​သေ​ကြေ​နေတဲ့ ​၊​နေစဥ်အိမ်​ခြေရာနဲ့ချီ စစ်​ကောင်စီကမီးရှို့​​နေတဲ့တော်လှန်​ရေးကာလမှာ ​ကျောင်း​တွေဖွင့်တာဖြစ်လို့ ဘယ်​ကျောင်းကိုပဲ ပို့ပို့ လုံခြုံ​ရေးက​တော့ အဓိကစိန်​ခေါ်မှုဖြစ်ပါတယ်။စစ်​ကောင်စီ ဖွင့်ထားတဲ့​ကျောင်းရှိရာ​ဒေသမှာစစ်ပွဲ​တွေဖြစ်လာရင်ပဲဖြစ်ဖြစ် ၊ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်​အဖွဲ့​တွေထိန်းချုပ်ထားတဲ့ ​ဒေသ​တွေက​ကျောင်း​တွေမှာပဲဖြစ်ဖြစ် ​ကျောင်း​တွေဖွင့်စာသင်​နေတုန်း တိုက်ပွဲ​တွေဖြစ်လာရင်​တော့ လုံခြုံ​ရေးကစိန်​ခေါ်မှု ရှိပါတယ်။

အာဏာသိမ်းစစ်အုပ်စု၏ စစ်ကျွန်ပညာ​ရေးအလိုမရှိ​ကြောင်းဆန္ဒထုတ်​ဖော်ပြသစဥ်
အာဏာသိမ်းစစ်အုပ်စု၏ စစ်ကျွန်ပညာ​ရေးအလိုမရှိ​ကြောင်းဆန္ဒထုတ်​ဖော်ပြသစဥ်

ဒီ​နေရာမှာ NUG ပညာ​ရေးဝန်ကြီးဌာနရဲ့လမ်းညွှန့်မှု ​အောက်က အွန်လိုင်းအ​ခြေပြု​ကျောင်း​တွေက​တော့ လုံခြုံ​ရေးအတွက် ပိုအဆင်​ပြေပါတယ်။ဒါ​ပေမယ့် အခုချိန်အထိ့အွန်လိုင်းအ​ခြေပြု ​ကျောင်း​တွေဟာ ဆယ်ဂဏာန်းပဲရှိ​သေးပြီး​ကျောင်းသားရာဂဏန်းက​နေ ​​​ထောင်ဂဏန်းအထိ့ပဲ လက်ခံသင်ကြား​ပေးနိုင်တာ​ကြောင့် ​ကျောင်းသားတိုင်းလက်လှမ်းမမီနိုင်ပါဘူး။ ​​အွန်လိုင်းကပညာသင်ကြား​ရေးကိုလက်လှမ်းမီရင်လည်း စစ်​ကောင်စီကမီးမှန်​အောင်မ​ပေးနိုင်သလို အင်တာနက်လည်းဖြတ်တာ၊အင်တာနက်သုံးစွဲခ​ဈေးကြီးတဲ့ စိန်​ခေါ်မှု​တွေက​တော့ရှိ​နေပါတယ်။ဒါ​ကြောင့် NUG အ​နေနဲ့ ​ကျောင်းသား၊​ကျောင်းသူတိုင်းလက်လှမ်းမိတဲ့ပညာ​ရေးဖြစ်​အောင်ပိုအားထုတ်ဖို့လို​နေပါ​သေးတယ်။

ဒီ​နေရာမှာ အရင်ကတည်းကကိုယ်ပိုင် ပညာ​ရေးဌာန​တွေ၊ပညာ​ရေးစနစ်​တွေကိုအ​လေူအနက်ထားပြင်ဆင်ထားတဲ့KIO/KIA ထိန်းချုပ်ရာ​ဒေသနဲ့ KNU ထိန်းချုပ်ရာ​ဒေသ​တွေက ​ကျောင်းသား​ကျောင်းသူ​တွေက​တော့ ၎င်းတို့ရဲ့ပညာ​ရေးစနစ်နဲ့ သင်ယူနိုင်တဲ့အခွင့်အလမ်းရကြပါတယ်။ ဒါ​တောင်စစ်ပွဲဖြစ်တဲ့​ဒေသက စစ်​ရှောင်က​လေးငယ်​တွေပညာသင်ယူနိုင်ရေးက အခက်အခဲရှိပါတယ်။

မလွှဲမရှောင်သာစစ်​ကောင်စီရဲ့ ကျောင်း​တွေမှာတက်ရမယ့် ကျောင်း သားကျောင်းသူတွေရဲ့ လုံခြုံရေးဟာ အကြမ်း ဖက်စစ်အုပ်စုမှာ အပြည့်အဝတာဝန်ရှိတယ်လို့ NUG အစိုးရ၊ ပညာ ရေးဝန်းကြီးဌာနနဲ့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဌာနတို့ ပူးပေါင်းပြီး ဇွန် ၃ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်အုပ်စုဟာ နိုင်ငံကိုအုပ်ချုပ်နိုင်ကြောင်း ပုံဖော်ဖို့ စာသင်ကျောင်းတွေဖွင့်ပြီး အနာဂတ်ကလေးတွေကို နိုင်ငံရေးအကျိုးအမြတ်အ တွက် အသုံးချနေတာဟာ ယုတ်ညံ့တဲ့အကြံ အစည်ဖြစ်တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ထောက်ပြထားပါတယ်။

စစ်အုပ်စုက ကျောင်းတွေဖွင့်ဖို့ ဘယ်လိုပဲ ကြိုးစားကြိုးစား အခက်အခဲမျိုးစုံကြားကနေ ကြံ့ကြံ့ခံပြီး CDM ဆရာ၊ ဆရာမနဲ့ ကျောင်း သားတွေ၊ ကျောင်းသားမိဘတွေ ဆက်လက်တိုက်ပွဲဝင်နေတာကြောင့် စာရင်းရှိအခြေခံ ပညာ ကျောင်းသားဦးရေရဲ့ ရာခိုင်းနှုန်းအနည်းစုသာ ကျောင်းအပ်ကြတာကိုတွေ့ရတယ်လို့ ဆိုပါတယ်။

စစ်​ကောင်စီတပ်သားများကို​ကျောင်းအတွင်းဧည်ခံ​နေ​သောဆရာ၊ဆရာမအချို့
စစ်​ကောင်စီတပ်သားများကို​ကျောင်းအတွင်းဧည်ခံ​နေ​သောဆရာ၊ဆရာမအချို့

“သို့ဖြစ်ပါ၍ CDM ဆရာ/ဆရာမများ၊ မိဘများနှင့် ကျောင်းသား/ကျောင်းသူအပေါင်းတို့ကို ဦးညွှတ် ဂုဏ်ပြုအပ်ပါသည်”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တော်လှန်ရေးအင်အားစုတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေကို ဆက်လက်ပြီး တင်းကျပ်စွာလေးစားလိုက်နာကြဖို့ NUG ရဲ့ထုတ်ပြန်ချက်မှာ ထပ်လောင်း တိုက်တွန်းထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီကဖွင့်တဲ့ ကျောင်းတွေမှာ ကျောင်းလာအပ်သူဦးရေဟာ ၅ သန်းကျော်ရှိတယ်လို့ စစ်ကောင်စီက ဝါဒဖြန့်ထားပါတယ်။ ဟုတ်၊မဟုတ် People’s Spring အ​နေနဲ့အတည်မပြုနိုင်ပါဘူး။ စစ်အုပ်စု အာဏာမသိမ်းခင်က ပညာသင်နှစ်တစ်နှစ်မှာ ​အ​ခြေခံပညာ​ကျောင်းသား​ကျောင်းသူ​ပေါင်း ၉ သန်းမှ ၁၀ သန်းအတွင်းရှိပါတယ်။အခုအ​ခြေအ​နေက​တော့ ၂ နှစ်တိတိ ပညာသင်ယူတာ​တွေရပ်ထားကြရတာ​ကြောင့် ​နိုင်ငံတစ်ဝန်း​ကျောင်းသား​ကျောင်းသူ ဦး​ရေ အရင်ကထက်ပိုများလာပြီး ၁၀ သန်း​ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။

အခြေခံပညာကျောင်းတွေရဲ့ သင်ကြားရေးပိုင်းနဲ့ပတ်သက်ရင် ပုံမှန်အခြေအနေမှာတောင် ဆရာအချိုးနဲ့ ကျောင်းအချိုးမညီမျှဘဲ ဆရာ၊ ဆရာမလိုအပ်ချက် ရှိနေတာဖြစ်ပါတယ်။

ပိုဆိုးတာက ပြီးခဲ့တဲ့နှစ် စစ်တပ်ကအာဏာ သိမ်းပြီးနောက်ပိုင်းမှာနိုင်ငံတစ်ဝန်း CDMပြုလုပ်ထားတဲ့အ​ခြေခံပညာနဲ့ အဆင့်မြင့်ပညာက ဆရာဆရာမ​ပေါင်း ၂၄၀,၀၀၀ ​ကျော်ရှိပါတယ်။အဲဒီအထဲမှာအ​ခြေခံပညာ ဆရာ၊ ဆရာမ ၁၂၀,၀၀၀ CDM လုပ်ထားတယ်လို့ NUG ကကောက်ယူရရှိတဲ့စာရင်းတွေအရ သိရပါတယ်။

အဲဒီဆရာ၊ ဆရာမလိုအပ်ချက်ကို စစ်ကောင် စီက ဖြေရှင်းရာမှာ နေ့စားလပေးသမားတွေ၊ ရက်တိုသင်တန်းတက်ပြီး ဆ ရာ၊ ဆရာမဖြစ်သွားတဲ့ ဆွဲခန့်တွေနဲ့ အိမ်ဖြည့်ထားပါတယ်။ဒါ​ကြောင့် ​ကျောင်းသားနည်းနည်း​လေးပဲ တက်တဲ့အရင်နှစ်က​​တောင် စစ်​ကောင်စီ​ကျောင်း​တွေမှာ ဆရာ၊ဆရာမ​တွေ သင်ကြားတာမှားယွင်းမှု​တွေ မကြာခဏဖြစ်ခဲ့ပါတယ်။​ကျောင်းသူ၊​ကျောင်းသားပိုများလာရင် စစ်​ကောင်စီ​ကျောင်း​တွေမှာ ဆရာ၊ဆရာမ အ​ရေအတွက်လိုအပ်ချက်​ရော ၊အရည်အချင်းလိုအပ်ချက်​ရော ပိုကြီးမားလာမှာဖြစ်ပါတယ်။

အာဏာသိမ်းစစ်အုပ်စု၏ စစ်ကျွန်ပညာ​ရေးအလိုမရှိ​ကြောင်းဆန္ဒထုတ်​ဖော်ပြသစဥ်
အာဏာသိမ်းစစ်အုပ်စု၏ စစ်ကျွန်ပညာ​ရေးအလိုမရှိ​ကြောင်းဆန္ဒထုတ်​ဖော်ပြသစဥ်

“ကျွန်တော်တို့ ဆရာ၊ ဆရာမတွေ CDM လုပ်တာ စာမသင်ချင်လို့ မဟုတ်ဘူး။ တာဝန်မထမ်းဆောင် ချင်လို့ မဟုတ်ဘူး။ ကျွန်တော်တို့သည် ဒီစစ်အာဏာရှင်လက်အောက်မှာ ကျွန်တော်တို့ သား၊ သမီးတွေဖြစ်တဲ့ ကျွန်တော်တို့ရဲ့ ကျောင်းသား၊ ကျောင်းသူတွေကို အရည်အသွေးပြည့်၀ တဲ့ပညာရေး ၊ အာမခံချက်ပြည့်၀တဲ့ပညာရေး ပေးနိုင်မယ်လို့ မယုံကြည်လို့ ဆရာ၊ ဆရာမတွေက CDM လုပ်ခဲ့ကြတာ။ အလုပ်မလုပ်ခဲ့ကြတာ။ လုပ်ငန်းခွင်ကို သပိတ်မှောက်ခဲ့ကြတာ” လို့ CDM ပြုလုပ်ထားတဲ့ဆရာ​နောင်ချိုကစစ်အာဏာရှင်ကိုဆန့်ကျင်ရတဲ့အဓိကအ​ကြောင်းရင်းကိုရှင်းပြပါတယ်။

စစ်​ကောင်စီ​အောက်က​ကျောင်း​တွေကဆရာဆရာမနဲ့ NUG ရယ် ၊တိုင်းရင်သားလက်နက်ကိုင်နယ်​မြေ​တွေက​ကျောင်း​တွေဆရာဆရာမ​တွေရဲ့စိတ်ဓါတ်က​တော့အ​​တော်ခြားနားကြပါတယ်။CDM ဆရာ၊ဆရာမ​တွေက​တော့ မင်း​အောင်လှိုင်ဦး​ဆောင်တဲ့စစ်အုပ်စုက အာဏာသိမ်းတာကို ရဲရဲရင့်ရင့်ဆန်ကျင်ပြီး စစ်အာဏာရှင်စနစ် ကို အမြစ်က​နေ ဆွဲနှုတ်ဖို့အရာအားလုံးနီးပါးစွန့်လွတ်ပြီး အပင်ပန်းအဆင်ရဲခံ ၊အနစ်နာခံပြီး CDM ပြုလုပ်​နေကြတာဖြစ်ပါတယ် ။ဒီ​နောက်ပိုင်းမှာဆိုရင် စစ်​ကောင်စီက CDM ဆရာဆရာမ​တွေကိုဖမ်းဆီး​​ထောင်ချတာတင်မကပဲ သတ်ဖြတ်တာ​တွေအထိ့လုပ်​နေတဲ့ကြားက တိုင်းပြည်အနာဂတ်က​လေး​တွေအနာဂါတ်ဆက်လက်တိုက်ပွဲဝင်​နေကြတာဖြစ်ပါတယ်။

Non-CDM ဆရာဆရာမ​တွေမှာ​တော့ စစ်အာဏာရှင်စနစ်ကို အား​ပေး​ထောက်ခံသူ​တွေပါသလို ၊နိုင်ငံ​ရေးနဲ့ ပညာရေးမဆိုင်ဘူးလို့​တွေးသူ​တွေ ၊ ဆရာဆရာမနည်းပါးချိန်မှာ ရာထူးနဲ့အခွင့်အ​ရေးပိုရဖို့ အခွင့်​ကောင်းပဲလို့ထင်ပြီးဆက်လုပ်သူ​တွေ၊ စစ်အာဏာရှင်ကိုဆန့်ကျင်​ပေမယ့်မိသားစုစားဝတ်​နေ​ရေးနဲ့ လုံခြုံ​ရေးအတွက် စိတ်ပူလို့ CDM မလုပ်ရဲလို့ဆက်​နေရသူ​တွေ ၊ CDM ပြုလုပ်ထားရာက​နေမိသားစုလုံခြုံ​ရေး စားဝတ်​နေ​ရေး​ကြောင့်Non-CDM ပြုလုပ်သူ​တွေ စသဖြင့် မျိုးစုံပါဝင်ကြပါတယ်။

စစ်​ကောင်စီခန့်ရန်ကုန်မြို့​တော်ဝန်ကို ​ကျောင်းကိုလိုက်လံစစ်​ဆေးစဥ် ဆရာမများကလိုက်လံပြသစဥ်
စစ်​ကောင်စီခန့်ရန်ကုန်မြို့​တော်ဝန်ကို ​ကျောင်းကိုလိုက်လံစစ်​ဆေးစဥ် ဆရာမများကလိုက်လံပြသစဥ်

ဒါ​ကြောင့်ခံယူချက်၊စိတ်ပိုင်းဖြတ်မှုချင်းမတူကြဘဲ ထက်မြတ်ပြီး အရည်အချင်းပိုရှိသူ​တွေ၊ပညာပိုတက်သူ​တွေ၊​ဖန်တီးမှုပို​ကောင်းပြီးတီထွင်ဆန်းသစ်တာ​တွေမှာက CDM ဆရာဆရာမ​တွေထဲမှာ ပိုများတယ်လို့ပညာ​ရေးအသိုင်းအဝိုင်းနဲ့​ကျောင်းသားမိဘ​တွေက​ပြောပါတယ်။

ဒီပဲယင်းမြို့နယ်အခြေစိုက် တော်လှန်ရေးရဲ ဘော်တစ်ဦးက​တော့ ကြားကာလမှာ စစ်ကျွန် ပညာရေးကို လက်မခံဘဲ သခင်ပညာရေးကို အလေးအနက်ထားကြဖို့ တိုက်တွန်းပါတယ်။

စစ်ကျွန်ပညာရေးဆိုတဲ့ဓားနဲ့ အခုတ်ခံရပြီးအညွှန့်ချိုးခံရတာတွေ ရပ်တန့်ဖို့ မေတ္တာဆရာ၊ ဂရုဏာဆရာ၊ လစာဆိုတာအသာထား ကိုယ့် ထမင်းကိုစား၊ စိတ်ရှည်သည်းခံ သင်ကြားပေးနေတဲ့ အနစ်နာဆရာတွေကြောင့် ကလေးတွေရဲ့အနာဂတ်လှပလိမ့်မယ်လို့ သူ့ယုံကြည်ချက်ကို ပြောပါတယ်။

အာဏာရှင်အဆက်ဆက်ကပေးတဲ့ စစ်ကျွန် ပညာရေးမှာ ဒါမေး၊ ဒါကျက်၊ ဒါဖြေဆိုတဲ့ အ လွတ်ကျက် ပညာရေးစနစ်နဲ့ ကလေးတွေဟာ ဘောင်ခတ်ခံခဲ့ကြရပါတယ်။

ပိုဆိုးတာက စစ်ယူနီဖောင်းမြင်တိုင်း လက်အုပ် ချီရ၊ အဖြူအစိမ်းဝတ် ဆရာ၊ ဆရာမတွေဟာ သင်ကြားရေးမလုပ်နိုင်ဘဲ ပေါင်းထိုး၊ မြက်နှုတ် သန့်ရှင်း​ရေးလုပ်ရ၊ကင်း​စောင့်ရနဲ့ အသိပညာ၊ အတတ်ပညာရှင်မှန်သမျှဟာ စစ်ကျွန်ဘဝမှာ ပြားပြားမှောက်ခဲ့ရပါတယ်။

ဒါကြောင့် စစ်ကျွန်ပညာရေးကို သပိတ်မှောက်ပြီး သခင်ပညာရေး(အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပညာရေး)စီး ဦးတည်လျှောက်လှမ်းကြဖို့ Ayeyarwaddy Federal School ရဲ့ စီမံခန့်ခွဲရေးကော်မတီ ဒု-ဥက္ကဌ(၁) ဦးဖြိုးဝေအောင်က ကျောင်းသားမိဘတွေကို တိုက်တွန်းပါတယ်။

NUG ၏ကြားကာလပညာ​ရေးစနစ်ဖြင့် ကရင်နီပြည်နယ်​ကျောင်းတစ်​ကျောင်းတွင်​သင်တန်းဆင်းပွဲပြုလုပ်စဥ်
NUG ၏ကြားကာလပညာ​ရေးစနစ်ဖြင့် ကရင်နီပြည်နယ်​ကျောင်းတစ်​ကျောင်းတွင်​သင်တန်းဆင်းပွဲပြုလုပ်စဥ်

ပြီးတော့ သူတို့အနေနဲ့လည်း”အကန့်အသတ်ရှိတဲ့ ပညာရေး ကျွန်တော်တို့ မပေးပါဘူး။ အာမခံချက်ရှိသော၊ ယုံကြည်ရသော၊ လက်တွေ့ဘဝနှင့် ချိန်ထိုးအသုံးပြုနိုင်သော ပညာရေးကို ကျွန်တော်တို့ ပေးမှာပါ။ ဒါကို ရဲရဲကြီး ယုံကြည်ကြပါခင်ဗျာ”လို့ အသိပေးနှိုးဆော်ထားပါတယ်။

စစ်ပွဲ​တွေကြားက ပညာသင်ကြားရမှာဖြစ်လို့ လတ်တ​လောအတွက်အ​ရေးကြီးဆုံးဆိုရင် ​ကျောင်းသား၊​ကျောင်းသူ၊ဆရာ၊ဆရာမ​တွေရဲ့ လုံခြုံ​ရေးပဲဖြစ်ပါတယ်။စစ်​ကောင်စီ​ကျောင်း​တွေမှာ ပြီးခဲ့တဲ့မတ်လကပြုလုပ်တဲ့စာ​မေးပွဲမှာ လက်နက်ကိုင်ထားတဲ့စစ်​ကောင်စီ​တပ်ဖွဲ့ဝင်တချို့ ရှိ​နေပြီး​တော့ ပဲခူးတိုင်းက​ကျောင်းတစ်​ကျောင်းမှာ စစ်သား​သေနတ်ကျည်ထွက်လို့ ​ကျောင်းသူတစ်ဦး​သေဆုံးခဲ့ပါတယ်။​ကျောင်း​တွေမှာ ဘယ်လက်နက်ကိုင်အဖွဲ့မှရှိမ​နေသင့်ဘဲ ၊​ကျောင်းကိုဦးတည်တဲ့တိုက်ခိုက်မှု​တွေကို ဘယ်အဖွဲ့ကမှ မကျူးလွန်ရပါဘူး။ကျူးလွန်ရင် ကျူးလွန်သူ၊ကျူးလွန်တဲ့အဖွဲ့က အကြမ်းဖက်တာပဲဖြစ်ပါတယ်။

စာသင်ကျောင်းတွေကို တိုက်ခိုက်ခြင်းဟာမည်သည့်ဘက်၊ မည်သည့်အစုအဖွဲ့ကတိုက်ခိုက်သည်ဖြစ်စေ လုံးဝလက်ခံမှာမဟုတ်ဘဲ ရှုတ်ချတယ်လို့အမျိုးသားညီညွတ်​​ရေးအစိုးရ (NUG ) က ဇွန် ၃ ရက်မှာ​ကြေညာထားပါတယ်။

NUG ၏ကြားကာလပညာ​ရေးစနစ်ဖြင့် ပညာသင်ကြား​နေကြ​သော​ကျောင်းသား​ကျောင်းသူများ
NUG ၏ကြားကာလပညာ​ရေးစနစ်ဖြင့် ပညာသင်ကြား​နေကြ​သော​ကျောင်းသား​ကျောင်းသူများ

စစ်အုပ်စုက​တော့ အာဏာသိမ်းပြီး​​ ပြည်သူ​တွေက ငြိမ်းချမ်းစွာဆန္ဒပြ​တောင်းဆိုလာတဲ့အခါ ဆန္ဒပြပွဲ​တွေကို ဖြိုခွဲဖို့ပြင်ဆင်တဲ့ ၂၀၂၁ မတ်လကတည်းက ​ကျောင်း​တွေမှာ မကြာခဏတပ်စွဲ​လေ့ရှိပါတယ်။

NUG ရဲ့ ပညာ​ရေးဝန်ကြီးဌာန နဲ့ လူ့အခွင့်အ​ရေးဝန်ကြီးဌာနတို့ရဲ့ ​ဇွန် ၃ ရက်ထုတ်ပြန်ချက်မှာ ​မိဘတိုင်း၊​ကျောင်းသား ​ကျောင်းသူတိုင်းအထူး ဂရု ပြုသင့်တဲ့အချက်တစ်ချက်ကို အကြံပြုထားတာလည်း​တွေရပါတယ်။

“အကြမ်းဖက်စစ်အုပ်စု ဖွင့်လှစ်မည့် စာသင်ကျောင်းများအပေါ် အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့ဝင်များ ကိုယ်တိုင် အကြမ်းဖက်တိုက်ခိုက်နိုင်သည်ဟူသည့် ဖြစ်နိုင်ချေကို ပေါ့ပေါ့တန်တန် မမှတ်ယူအပ်ပါ။” လို့ဖြစ်ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တဲ့အနေနဲ့ ကျောင်းသားမိဘတွေဟာ ၂၀၂၁ခုနှစ် ကျောင်းဖွင့်ရာသီမှာ ကျောင်းအပ်နှံတာတွေ မလုပ်ခဲ့ကြပါဘူး ။ ဒါပေမယ့်ဒီနှစ်မှာတော့ အခြေခံပညာကျောင်းတွေမှာ ပြန်လည်ကျောင်းအပ်တာတွေရှိလာပါတယ်။

သတင်း

အကြမ်းဖက် စစ်ကောင်စီ အလိုကျအမှုများကို စစ်ဆေးစီရင်နေသည့် လက်အောက်ခံ တရားရုံးများ၊ တရားရေး ဝန်ထမ်းများ၊ ဥပဒေဝန်ထမ်းများသည် ရာဇဝတ်မှုများကို ကျူးလွန်နေကြသော ရာဇဝတ်ဂိုဏ်းသားများသာဖြစ်ကြောင်း တရားရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားသည်။

သတင်း

"ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ကလေးအားလုံးပညာသင်ကြားခွင့်ရဖို့ စကစကိုတော့ကျွန်တော်တို့အားမကိုးဘူး ၊စကစကျောင်းကိုမသွားတဲ့ကလေးတွေက ကျွန်တော်တို့ဘက်ကို လက်လှမ်းမမီဘူးဆိုရင် ကျွန်တော်တို့မှာတာဝန်ရှိတယ်" လို့ ဒေါက်တာသိန်းလွင်က ထောက်ပြပါတယ်။

သတင်း

ဥရောပသမဂ္ဂ(EU)သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို အသိအမှတ်ပြုကာ ကူညီထောက်ပံ့မှုများပေးရေးအတွက် ဥရောပပါလီမန်က ပြီးခဲ့သည့် မတ်လ ၁၀ရက်တွင် ဆုံးဖြတ်ခဲ့သည်။