Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ရုရှားရဲ့ ခေတ်အမီဆုံး နျူကလီးယား ဒုံးကျည်တွေ တိုက်ပွဲဝင်အဆင့် ရောက်လာတော့မယ်လို့ ပူတင်ပြော

ရုရှားဟာ Sarmat ဒုံးကျည်တစ်စင်း စမ်းသပ်မှုကို ဧပြီလမှာ တရားဝင် ကြေညာခဲ့ပြီး နောက်ထပ် တစ်လ အကြာမှာတော့ ရုရှား အာကာသ အေဂျင်စီ အကြီးအကဲ ဒီမစ်ထရီ ရိုဂိုဇင်က နိုင်ငံရဲ့ နျူကလီးယား လက်နက်တိုက်ထဲမှာ နောက်ထပ် ဒုံးကျည်အသစ် အစင်း ၅၀ လောက် တိုးလာလိမ့်မယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။

ရုရှားရဲ့ ခေတ်အမီဆုံး နျူကလီးယား ဒုံးကျည်
ရုရှားရဲ့ ခေတ်အမီဆုံး နျူကလီးယား ဒုံးကျည်

ရုရှားရဲ့ ခေတ်အမီဆုံး၊ အသစ်လွင်ဆုံး နျူကလီးယား ဒုံးကျည်တွေကို လပိုင်းအတွင်း တိုက်ပွဲဝင်အဆင့် ဖြန့်ကျက်ထားနိုင်တော့မယ်လို့ သမ္မတ ဗလာဒီမာ ပူတင်က ကြွေးကြော်လိုက်ပါတယ်။

RS-28 Sarmat ဒုံးကျည်တွေဟာ အခုနှစ်မကုန်ခင် ရုရှားစစ်တပ်မှာ လက်တွေ့ အသုံးပြုနိုင်တဲ့ အခြေအနေ ရောက်လာမယ်လို့ ပူတင်က ကာကွယ်ရေး အကယ်ဒမီ တစ်ခုမှာ ပြောကြားတဲ့ မိန့်ခွန်းထဲ ထည့်သွင်း မှတ်ချက် ပေးသွားခဲ့ပါတယ်။ NATO မဟာမိတ်တွေကတော့ အဲဒီ ဒုံးကျည်တွေကို Satan-2လို့ ခေါ်ဝေါ်လေ့ ရှိပါတယ်။

ပူတင်က Sarmatတွေဟာ ကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်းတဲ့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တွေ ဖြစ်လာစေမယ်လို့ ကြွားဝါထားပါတယ်။ Sarmatတွေကို စမ်းသပ် ပစ်လွှတ်မှု အစီအစဉ်ဟာ စိတ်ကျေနပ်စရာ အပြည့်နဲ့ အောင်မြင်မှုတွေ ရခဲ့ကြောင်း၊ နှစ်ကုန်ပိုင်းလောက်ကျရင် Sarmatတွေအတွက် ဒုံးကျည် အခြေစိုက် စခန်းတစ်ခုလောက် တိုက်ပွဲဝင်အဆင့် အသင့်အနေအထား ဖြစ်နေလိမ့်မယ်လို့ ပူတင်က ဆိုပါတယ်။

ရုရှားဟာ Sarmat ဒုံးကျည်တစ်စင်း စမ်းသပ်မှုကို ဧပြီလမှာ တရားဝင် ကြေညာခဲ့ပြီး နောက်ထပ် တစ်လ အကြာမှာတော့ ရုရှား အာကာသ အေဂျင်စီ အကြီးအကဲ ဒီမစ်ထရီ ရိုဂိုဇင်က နိုင်ငံရဲ့ နျူကလီးယား လက်နက်တိုက်ထဲမှာ နောက်ထပ် ဒုံးကျည်အသစ် အစင်း ၅၀ လောက် တိုးလာလိမ့်မယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။ ရုရှားရဲ့ လက်နက် အင်အားကြောင့် ရန်လိုသူတွေက အပြောအဆို ပိုယဉ်ကျေးလာမယ်လို့လည်း သူက ပြောပါတယ်။

ရုရှားဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အသံထက် ၅ ဆကျော် ပိုမြန်တဲ့ ဟိုက်ပါဆောနစ် ဒုံးကျည် နည်းပညာ မြှင့်တင်ရေး အစီအမံတွေကိုလည်း တစိုက်မတ်မတ် အကောင်အထည် ဖော်နေခဲ့ပါတယ်။ ယူကရိန်း စစ်ပွဲမှာ ရုရှားက ဟိုက်ပါဆောနစ် ဒုံးကျည် တစ်စင်းကို လက်တွေ့ အသုံးပြု တိုက်ခိုက်ခဲ့ပြီး စစ်မြေပြင်မှာ ဟိုက်ပါဆောနစ် ဒုံးကျည် သုံးတဲ့ ပထမဆုံး နိုင်ငံအဖြစ်လည်း မှတ်တမ်း ဝင်စေခဲ့ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

လာမည့်ဇူလိုင်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးခေါင်းစဉ်ဖြင့် ကျင်းပမည့် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကို တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယားနှင့် အမေရိကန်တို့ ပါဝင်နိုင်ဖွယ်ရှိနေကြောင်းသိရသည်။

သတင်း

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူ မြို့နယ်အတွင်း ပုသိမ်-မုံရွာ လမ်းမကြီးပေါ်ရှိ မဲဇလီတံတားအနီး၌ ယနေ့ ဇွန်လ ၂၂ရက် နံနက်ပိုင်းတွင် သရက်-ကံမ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ နှင့် စစ်ကောင်စီတပ်တို့ အပြန်အလှန် အနီးကပ်ပစ်ခတ်မှု တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် ဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က အရာရှိ အပါအဝင် ၁၄ဦးသေဆုံးခဲ့ကြောင်း Narapati Local Guerrilla Revolution Force (NLGRF)က သတင်းထုတ်ပြန်သည်။

သတင်း

"ခုလောလောဆယ်စစ်ခွေးတွေရွာကအထွက်ပြပြီးရွာရဲ့အနောက်ဘက်မှာ ရှိနေကြတယ်ဗျ။ဒီကောင်တွေတော်တော်ထိနာသွားတယ်ဗျ။ ဒါကြောင့်ရွာက အရပ်သားတွေကိုသတ်သွားကြတာ"ဟု တနင်္သာရီ​ပျောက်ကြားအဖွဲ့ တာဝန်သူက​People's Spring သို့ပြောသည်။