Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေး မှာ ဆိုင်ကယ်စီးအမျိုးသား ၂ ဦးကို အရပ်ဝတ်စစ်​သား​တွေကလိုက်ပစ်ခတ်လို့ ၁ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရ

အမျိုးသား ၂ဦးစီးနင်းလာတဲ့ဆိုင်ကယ်နောက်ကို အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးဟာ ဆိုင်ကယ်နဲ့လိုက်လာပြီးပစ်ခတ်ပြီး ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဒေသခံအချို့ကပြောပါတယ်။

မန္တလေး
မန္တလေး

မနေ့က ညနေပိုင်း ၃ နာရီခန့်က မန္တလေးမြို့ ၊ ၈၄ လမ်းပေါ်က Lotteria ကြက်ကြော်ဆိုင်ရှေ့မှာ ပစ်ခတ်မှုဖြစ်ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။

အမျိုးသား ၂ဦးစီးနင်းလာတဲ့ဆိုင်ကယ်နောက်ကို အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးဟာ ဆိုင်ကယ်နဲ့လိုက်လာပြီးပစ်ခတ်ပြီး ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဒေသခံအချို့ကပြောပါတယ်။

ပစ်ခတ်မှုကြောင့် ဆိုင်ငယ်စီးအမျိုးသား ၂ဦးအနက် ၁ ဦးသေဆုံးခဲ့ပြီး ကျန် ၁ ဦးလည်းဒဏ်ရာရသွားကာ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ အဲဒီဖြစ်စဉ်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးလည်းဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

ပစ်ခတ်လို့ သေဆုံးသွားသူဟာအရပ်သားဖြစ်တယ်လို့သိရပြီးအလောင်းကို လူမြင်ကွင်းမှာပဲစွန့်ပစ်ထားခဲ့တယ်လို့ မြင်တွေ့ရသူ ဒေသခံအချို့ကပြောပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ကေအဲန်ယူထိန်းချုပ်နယ် ခလယ်လွီထူခရိုင် ကျောက်ကြီးနဲ့ မုန်းမြို့အတွင်းရှိ ကျေးရွာခြောက်ရွာက ဒေသခံပြည်သူဦးရေ စုစုပေါင်း(၃၄၇၂)ဦးဟာ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားပါတယ်။

သတင်း

"ဒေါငံခါး နဲ့ ကုန်းသာ မှာက မနက် အစောက တည်းက နေ နေ့လည် ၂ နာရီခွဲအထိ ဖြစ်တာ။သူတို့ ဘက်က ရဟတ်ယာဥ် နဲ့ နှစ်ကြိမ် ကင်း ထောက်တယ်။ပစ်ကူ တော့ ပေးမသွားဘူး။ရဲစခန်း နဲ့ ၁၀၂ တပ်မှာတော့ မိနစ်ပိုင်း...

ဗီဒီယို

ပထမတစ်ချက် ပစ်ခက်အပြီးတွင် အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် အချက်ရေများစွာ​ ပြ​န်လည်ပစ်ခတ်ခဲ့ကြောင်း၊ မဟာမိတ်ရဲဘော်များ တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထပ်မံအသိပေးသည်။

သတင်း

စစ်​ကောင်စီတပ်သည် ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကျေးရွာများအပြင် ကုန်းပိုင်းကျေးရွာများကိုလည်း ဝင်ရောက်ပြီး ဒေသခံပြည်သူများအား ဖမ်းဆီးမှုများပြုလုပ်နေသည်။