Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုမြို့နယ် တောင်ဦး​ရွာသို့ စစ်​ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်ပစ်ခတ်၍ ရွာသူ၊ရွာသားများထွက်ပြေးတိမ်းရှောင်​နေရ

စစ်​ကောင်စီတပ်သည် ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကျေးရွာများအပြင် ကုန်းပိုင်းကျေးရွာများကိုလည်း ဝင်ရောက်ပြီး ဒေသခံပြည်သူများအား ဖမ်းဆီးမှုများပြုလုပ်နေသည်။

(အကြမ်းဖက်စစ်တပ်ဝင်ရောက်လာ၍ တောင်ဦးရွာ၊သူရွာသားများ ထွက်ပြေးတိမ်းရှောင်​နေစဥ်။ ဓာတ်ပုံ - Cj)
(အကြမ်းဖက်စစ်တပ်ဝင်ရောက်လာ၍ တောင်ဦးရွာ၊သူရွာသားများ ထွက်ပြေးတိမ်းရှောင်​နေစဥ်။ ဓာတ်ပုံ - Cj)

▪️အသက် (၄၀)အရွယ်အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ် တောင်ဦး​ကျေးရွာသို့ အကြမ်းဖက်စစ်​ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်ပစ်ခတ်၍ ရွာသူ၊ရွာသားများထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အမျိုးသားတစ်ဦးကျည်ထိမှန်သေဆုံးခဲ့​ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(ဇွန်လ၂၄ရက်) နံနက်၉နာရီခန့်က အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ရေစကြိုမြို့နယ် တောင်ဦးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ကျေးရွာနေပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း၊ အကြမ်းဖက်စစ်သားများက ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး အသက် (၄၀)အရွယ် ကိုထွန်းသန်းဆိုသူ ကျည်ထိမှန်သေဆုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

အကြမ်းဖက်စစ်သားများသည် ယမန်နေ့ညကလည်း တောင်ဦးရွာ၌ပင် ညအိပ်တပ်စွဲခဲ့၍ ရွာသူ၊ရွာသားများမှာ မပြန်ရဲဘဲ တိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများက ပြော သည်။

စစ်​ကောင်စီတပ်သည် ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကျေးရွာများအပြင် ကုန်းပိုင်းကျေးရွာများကိုလည်း ဝင်ရောက်ပြီး ဒေသခံပြည်သူများအား ဖမ်းဆီးမှုများပြုလုပ်နေသည်။

ယမန်နေ့ ညနေ ၄နာရီခန့်က ရေစကြိုမြို့နယ် တောင်ဦးရွာနှင့် အောင်သပြေ​ကျေးရွာကြားတွင်လည်း စစ်​ကောင် စီတပ်နှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ​လေးဦး နေရာတွင်​သေဆုံးခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ်က ထောက်ပို့ရဲဘော်တစ်ဦးလည်း ကျည်ထိမှန်ကျဆုံးခဲ့ကြောင်း ၎င်းအဖွဲ့က အသိ ပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

ဗီဒီယို

ပထမတစ်ချက် ပစ်ခက်အပြီးတွင် အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် အချက်ရေများစွာ​ ပြ​န်လည်ပစ်ခတ်ခဲ့ကြောင်း၊ မဟာမိတ်ရဲဘော်များ တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထပ်မံအသိပေးသည်။

သတင်း

ထန်းတပင်မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းများ၊ စစ်ယာဉ်တန်းမျာကို KNU/PDF ပူးပေါင်းတပ်က မကြာခဏ တိုက်ခိုက်လျက်ရှိသည်။

သတင်း

ထူးကြီးကျေးရွာထိပ်တွင် ဆိပ်ခွန်တိုက်နယ်(၂) ကာကွယ်ရေးအဖွဲ့များနှင့် ပထမတစ်ကြိမ်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဗိုလ်ကျားရိုင်းအဖွဲ့က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်မှ အင်အား ၉၀ကျော်ပါ စစ်ကြောင်းသည် ဇွန်လ ၂၅ရက် နေ့လည်ပိုင်းတွင် ထီးလင်းမြို့နယ် တောရောင်းရွာမှ ထလင်းရွာဘက်သို့ ထွက်လာ၍ ချင်းတောင်ဘက်သို့ ထွက်လာ၊မထွက်လာ စောင့်ကြည့်နေဆဲဖြစ်သည်ဟု ဖော်ပြထားသည်။