Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်တွင် လာရောက်ပုန်းအောင်းနေသည့် စစ်ကိုင်းတိုင်းမှပျူသုံးဦးကိုစစ်ကိုင်းအခြေစိုက်PDFကလိုက်လံသုတ်သင်ရှင်းလင်း

သေနတ်ဖြင့် ပစ်ခတ်သုတ်သင်ရှင်းလင်းခံရသူသုံးဦး၏ ရုပ်အလောင်းကို ဖားကန့်မြို့ မှော်ဆီစာကျေးရွာနှင့် လုံးခင်းကျေးရွာအုပ်စုကြား ဆက်သွယ်ထားသော လမ်းဘေးတွင် ဒေသခံများက စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဖားကန့်တွင် လာရောက်ပုန်းအောင်းနေသည့် စစ်ကိုင်းတိုင်းမှပျူသုံးဦးကိုစစ်ကိုင်းအခြေစိုက်PDFကလိုက်လံသုတ်သင်ရှင်းလင်း
ဖားကန့်တွင် လာရောက်ပုန်းအောင်းနေသည့် စစ်ကိုင်းတိုင်းမှပျူသုံးဦးကိုစစ်ကိုင်းအခြေစိုက်PDFကလိုက်လံသုတ်သင်ရှင်းလင်း

ဖားကန့်မြို့တွင် လာရောက်ပုန်းအောင်းနေသည့် စစ်ကိုင်းတိုင်းမှ ပျူစောထီးသုံးဦးကို စစ်ကိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့က လာရောက်သုတ်သင်ရှင်းလင်းသွားသည်ဟု ဒေသခံများက ပြောသည်။

ဖားကန့်မြို့တွင် ဒေသခံမဟုတ်သည့် အမျိုးသားသုံးဦး၏ ရုပ်အလောင်းများကို ဇွန်လ ၁၉ရက်ညကတွေ့ရှိခဲ့ပြီး စစ်ကိုင်းတိုင်းဘက်မှ လာရောက်တိမ်းရှောင်နေသည့် ပျူစောထီးသုံးဦးဟု အတည်ပြုနိုင်ကြောင်း ဒေသခံများက ပြောသည်။

မည်သည့်မြို့က ဖြစ်သည်ကို သက်ဆိုင်ရာမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်မည်ဟု ဆိုသည်။

“စစ်ကိုင်းတိုင်းဘက်က ဒလန်နဲ့ပျုတွေ အရှင်းခံရတာ။ သူ့နယ်ကနေ လိုက်လာပြီးလာရှင်းတာလို့ သိရတယ်။ ဒီဘက်(ဖားကန့်)က ရှင်းတာတော့ မဟုတ်ဘူး”ဟု ဖားကန့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက People’s Speingသို့ ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်သုတ်သင်ရှင်းလင်းခံရသူသုံးဦး၏ ရုပ်အလောင်းကို ဖားကန့်မြို့ မှော်ဆီစာကျေးရွာနှင့် လုံးခင်းကျေးရွာအုပ်စုကြား ဆက်သွယ်ထားသော လမ်းဘေးတွင် ဒေသခံများက စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ကျောက်စိမ်းတူးသည့် လုပ်ငန်းနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းမှ လူအများစု လာရောက်အခြေချ နေထိုင်လေ့ရှိသည့် ဖားကန့်တွင် လက်ရှ်ိတော်လှန်ရေးအရှိန်မြင့်နေသည့် စစ်ကိုင်းတိုင်းမြို့နယ်အချို့မှ စစ်ကောင်စီသတင်းပေးနှင့် ပျူစောထီး အချို့ လာရောက်တိမ်းရှောင်လေ့ရှ်ိသည်။

ယခင်ကလည်း ယင်းကဲ့သို့ ထွက်ပြေးတိမ်းရှောင်နေသည့် ပျူးစောထီးနှင့် ဒလန်အချို့ကို သက်ဆိုင်ရာမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖားကန့်အထိလိုက်လာပြီး သုတ်သင်ရှင်းလင်းခဲ့ဖူးသည်။

“ပျူတွေ၊ ဒလန်တွေ ပေးတဲ့ ဒုက္ခကတော်တော်ဆိုးတယ်။ ဒါကြောင့်လည်း ရေဆုံးမြေဆုံး လိုက်ရှင်းလင်းတာ။ ကိုယ့်ဘာသာ ကိုယ်နေရင်းကနေ ဒလန်ကြောင့် ပျက်ရတဲ့ဘဝတွေ စစ်ကိုင်းမှာ လက်ညိုးထိုးမလွဲဘူး” ဟု ရေဦးမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

အတွေးအမြင်ဆောင်းပါး

မင်းတို့ရဲ့ကျဆုံးသတင်းတွေမကြာခဏတက်လာတော့ဘယ်သူမွေးမွေးငါတို့သွေးသားတွေပါဆိုတဲ့ပြည်သူများထပ်ခါထပ်ခါ ရင်ကွဲနေကြပြီ။ အောင်ပွဲသတင်း​များကိုသာ​မျော်​လင့် နေကြတဲ့ပြည်သူများအတွက် ငါ့ညီတို့ ဂရုစိုက်ကြပါကွာ။

ဆောင်းပါး

တော်လှန်ရေးကို ထောက်ခံ အားပေးနေပြီး တရားဝင် မဟုတ်တဲ့ နိုင်ငံတကာ ကွန်ရက် တစ်ခုကလည်း EAOနဲ့ PDFတွေအတွက် လက်နက်တွေ ဝယ်ယူပေးနိုင်ဖို့ ကြိုးစားနေပေမယ့် ဘဏ္ဍာရေးနဲ့ ဥပဒေရေးရာ ပြဿနာတွေ ကြုံနေရပြန်ပါတယ်။

သတင်း

ထန်းတပင်မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းများ၊ စစ်ယာဉ်တန်းမျာကို KNU/PDF ပူးပေါင်းတပ်က မကြာခဏ တိုက်ခိုက်လျက်ရှိသည်။

သတင်း

ယခုတစ်ကြိမ်ကံစမ်းမဲအတွက် ချစ်သုဝေက ထမင်းစားပွဲတင်အလှဆင်ရသည့် စားပွဲခင်းနှင့်ခွက်အောက်ခံများကို Macrame ထိုးထားခြင်းဖြစ်ပြီး စုစုပေါင်း သုံးစုံမဲဖောက်ပေးမည် ဖြစ်သည်။