Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်၏ ညှင်းပန်းနှိပ်စက်မှုနှင့် ရက်စက်ကြမ်းကြုတ်သောလူမဆန်မှုကို ပြင်သစ်သံရုံး ပြင်းထန်စွာရှုတ်ချ

ဥရောပသမဂ္ဂ(EU)ကလည်း ရက်စက်ကြမ်းကြုတ်သော၊ လူမဆန်သော သို့မဟုတ် ယုတ်ညံ့သော ဆက်ဆံမှုပုံစံအားလုံးကို ဆန့်ကျင်လုပ်ဆောင်ရန် ဟူသော ကတိကဝတ်ကို ထပ်လောင်း အတည်ပြုကြောင်း ယနေ့ထုတ်ပြန်သည်။

(အကြမ်းဖက် စစ်တပ်က ၂၀၂၂ မေလ ၁ဝ ရက်က စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မုန်တိုင်ပင်ရွာသား ၃၀ ခန့်ကို လက်ပြန်ကြိုးတုပ်ပြီး ဖမ်းဆီးထားစဥ်)
(အကြမ်းဖက် စစ်တပ်က ၂၀၂၂ မေလ ၁ဝ ရက်က စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မုန်တိုင်ပင်ရွာသား ၃၀ ခန့်ကို လက်ပြန်ကြိုးတုပ်ပြီး ဖမ်းဆီးထားစဥ်)

စိတ်ပိုင်းဆိုင်ရာ(သို့မဟုတ်) ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုကို တွေ့ကြုံခံစားရသူများနှင့် ဆက်လက်ရပ်တည်မည်ဟု အီးယူထုတ်ပြန်

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၏ အကျဉ်းထောင်များနှင့် စစ်ကြောရေးစခန်းများအတွင်း ညှင်းပန်းနှိပ်စက်မှုနှင့် ရက်စက်ကြမ်းကြုတ်သော လူမဆန်သည့် ဆက်ဆံမှုများအပေါ် အလွန် စိုးရိမ်ကြောင်း ပြင်သစ်သံရုံးက ထုတ်ပြန်သည်။

ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာ ညှင်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေးနေ့တွင် ပြင်သစ်သံရုံးက ယင်းသို့ထုတ်ပြန်ခြင်းဖြစ်ပြီး မြန်မာစစ်တပ်အနေဖြင့် ပြည်သူလူထုကို ဖိနှိပ်ခြင်းနှင့် အကြမ်းဖက်ညှင်းပန်းနှိပ်စက်မှုမှန်သမျှကို ပြင်းထန်စွာရှုတ်ချကြောင်း ဖော်ပြ သည်။

“လူ့ဂုဏ်သိက္ခာကို လေးစားရန်၊ ယုံကြည်မှု့ကြောင့် အကျဉ်းကျခံနေရသူများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန်နှင့် အဆိုပါလက်မခံနိုင်သော အလေ့အကျင့် ကျူးလွန်သူများကို ရှာဖွေဖော်ထုတ်ပြီး တရားဥပဒေအရအပြစ်ပေးပါရန် တောင်းဆိုလိုက်သည်”ဟု မြန်မာနိုင်ငံဆိုင် ရာပြင်သစ်သံရုံးက ဆိုသည်။

လွတ်လပ်သော သတင်းအရင်းအမြစ်များ၏ အဆိုအရ မြန်မာနိုင်ငံသား ၁၁,၁၇၄ ဦးသည် ၎င်းတို့၏ နိုင်ငံရေးအမြင်များကြောင့် ထိန်းသိမ်းဖမ်းဆီးခြင်းခံနေရပြီး လူ ၂,၀၀၀ ကျော် သေဆုံးခဲ့ကာ ၉၄ ဦးမှာ သေဆုံးသည်အထိ ညှင်းပန်းနှိပ်စက်မှုများ ရှိခဲ့ကြောင်း သံရုံးက ထုတ်ပြန်သည်။

ဥရောပသမဂ္ဂ(EU)ကလည်း ရက်စက်ကြမ်းကြုတ်သော၊ လူမဆန်သော သို့မဟုတ် ယုတ်ညံ့သော ဆက်ဆံမှုပုံစံအားလုံးကို ဆန့်ကျင်လုပ်ဆောင်ရန် ဟူသော ကတိကဝတ်ကို ထပ်လောင်း အတည်ပြုကြောင်း ယနေ့ထုတ်ပြန်သည်။

ထို့အပြင် အီးယူသည် စိတ်ပိုင်းဆိုင်ရာ (သို့မဟုတ်) ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုကို တွေ့ကြုံ ခံစားခဲ့ရသောသူများ နှင့် တွေ့ကြုံခံစားနေရသောသူများကို တိုက်ရိုက် ပံ့ပိုး ကူညီနေပြီး ၎င်းတို့ဘက်မှ ဆက်လက်ရပ်တည်မည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ ၂၀၂၁ မတ်လ အစီရင်ခံစာအရ နိုင်ငံတဝန်းရှိ စစ်ဘက်ထိန်းသိမ်းရေးစခန်းများတွင် နှစ်ရှည်လများ စစ်ကြောမေးမြန်းမှုများအတွင်း လုံခြုံရေးတပ်ဖွဲ့များကျူးလွန်နေသည့် နှိပ်စက်ညှဉ်းပန်းမှုများနှင့် အခြားသော နှိပ်စက်မှုပုံစံမျိုးစုံ အပါအဝင် ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင် မီးမောင်းထိုးပြထားသည်။

မြန်မာနိုင်ငံတွင် ကျူးလွန်လျက်ရှိသော ညှဉ်းပန်းနှိပ်စက်မှုများကို ဆန့်ကျင်ကြောင်း ရဲရင့်စွာ ထုတ်ဖော်လျက်ရှိသော အရပ်ဘက်အဖွဲ့အစည်းများ၊ အထူးသဖြင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ၊ သတင်းမီဒီယာသမားများနှင့် အီးယူက ဆက်လက် လက်တွဲလုပ်ဆောင် သွားမည်ဟု ထုတ်ပြန်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

လက်ရှိမြန်မာနိုင်ငံအခြေအနေသည် ကာကွယ်မှုပေးရန် တာဝန်ရှိမှုအား ကိုးကားချမှတ်ရန် လိုသည့် သတ်မှတ်အဆင့်နှင့် ကိုက်ညီပြီး ကာကွယ်မှုပေးရန် တာဝန်ရှိမှု၏ တတိယကဏ္ဍ၌ ဖော်ပြသည့်အတိုင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီမှတစ်ဆင့် ပြတ်သားညီညွတ်သည့်အရေးယူဆောင်ရွက်မှုချမှတ်ရန် သံအမတ်ကြီးက တိုက်တွန်းသည်။

သတင်း

နောက်နောင်တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ထောက်တိုင်များ၊ လုပ်ငန်းများ စသည်တို့ကို အလျဥ်းသင့်သလိုတိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် ၎င်းတို့အနီးပါတ်ဝန်းကျင်မှ ရှောင်ရှားပေးကြရန်လည်းနှိုး​ဆော်ထားသည်။

သတင်း

အာဏာသိမ်းသည့်အချိန်မှစပြီး အမေရိကန်သည် မြန်မာစစ်တပ်၊ စစ်ခေါင်းဆောင်များနှင့် ၎င်းတို့၏ ဘဏ္ဍာရေးအကျိုးစီးပွားများကို အရေးယူပိတ်ဆို့မှုများပြုလုပ်ခြင်းနှင့် နိုင်ငံတကာဘဏ္ဍာရေးစနစ်အတွင်း ၎င်းတို့ဝင်ရောက်နိုင်မှုဟန့်တားရေးတို့ကို ဆောင်ရွက်ခဲ့သည်။

သတင်း

တမူးPDFသည်အဆိုပါလမ်းပိုင်းတွင် ယခင်ကလည်းကားများကိုစစ်​​ဆေး၍စစ်တပ်ထုတ်ကုန်များတွ့ပါက ဖမ်းဆီးဖျက်ဆီး​ခဲ့သည်။နယ်​မြေစိုးမိုးရးအတွက် တမူး-က​လေးလမ်းပိုင်းကိုတမူးPDFက မကြာခဏစစ်​ဆေး​လေ့ရှိသည်။