Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တောင်ကြီး မြို့မစျေးအနီးဖောက်ခွဲတိုက်ခိုက်မှု ရဲနှစ်ဦးသေ၊ ယာဥ်ထိန်းရဲနှစ်ဦးထိခိုက်

တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများတွင် ယာဥ်ထိန်းရဲနှစ်ဦးမှာ စိုးရမ်ရဒဏ်ရာရရှိပြီး ရဲ တပ်ဖွဲ့ဝင်နှစ်ဦးတွင် ရဲတပ်ကြပ်ကြီးတစ်ဦးနှင့် ရဲသားတစ်ဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန် သည်။

(၂၀၂၁ မေလ၂၀ရက်က အဆိုပါ မီးပွိုင့်တွင် ပေါက်ကွဲမှုဖြစ်ပြီးနောက်တွေ့ရသော ပုံအဟောင်းကို အသုံးပြုထားပါသည်)
(၂၀၂၁ မေလ၂၀ရက်က အဆိုပါ မီးပွိုင့်တွင် ပေါက်ကွဲမှုဖြစ်ပြီးနောက်တွေ့ရသော ပုံအဟောင်းကို အသုံးပြုထားပါသည်)

တောင်ကြီးမြို့ မြို့မစျေးမီးပွိုင့်အနီးဖောက်ခွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီလက်အောင်ခံ ရဲနှစ်ဦးသေဆုံးပြီး ယာဥ်ထိန်းရဲနှစ်ဦးထိခိုက်ဒဏ်ရာရသွားကြောင်း ပြောက်ကျားတပ်ဖွဲ့SUM (UGPDF) က ယနေ့(ဇွန် ၂၆)အသိပေးထုတ်ပြန်သည်။

ဇွန်လ ၂၄ ရက်က တောင်ကြီးသို့လာသော အကြမ်းဖက်စစ်တပ် ဒုချုပ်စိုးဝင်း၏ခရီးစဥ်အား ရည်ရွယ်၍ မြို့မစျေးမီးပွိုင့်အနီးတွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အထက်ပါအတိုင်း ထိခိုက်သေ ဆုံးခဲ့ခြင်းဖြစ်ကြောင်း တပ်တွင်းသတင်းရင်း မြစ်ကိုကိုးကားပြီး ဖော်ပြသည်။

တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများတွင် ယာဥ်ထိန်းရဲနှစ်ဦးမှာ စိုးရမ်ရဒဏ်ရာရရှိပြီး ရဲ တပ်ဖွဲ့ဝင်နှစ်ဦးတွင် ရဲတပ်ကြပ်ကြီးတစ်ဦးနှင့် ရဲသားတစ်ဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန် သည်။

ထို့အပြင် စစ်ကောင်စီတပ်မှ ကားနှစ်စီးဗုံးစထိမှန်ကာ ကားမှန်များကွဲသွားကြောင်း ထပ်မံကြားသိရသဖြင့် ပြည်သူများလည်း ၎င်းတို့နှင့်ထပ်တူ ကြေနပ်ကြလိမ့်မည်ဟုယုံကြည်ကြောင်း ဖော်ပြသည်။

“နောက်နောင်တွင်လည်း ဒီထက်မကအောင်မြင်မှုရအောင် ကြိုးစားသွားမည်ဖြစ်ကြောင်း ကတိစကားပါးချင်ပါတယ်”ဟု SUM(UGPDF)မှ ရဲ ဘော်တစ်ဦးက သတင်းစကားပါးသည်။

လက်ရှိတွင် SUM(UGPDF)အနေဖြင့် စစ်ရေးတိုက်ခိုက်မှုများအတွက် မိဘပြည်သူများထံမှ အလှူငွေကောက်ခံခြင်းမျိုးလုံးဝ(လုံးဝ)မရှိသေးကြောင်း အသိပေးကြေညာထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

နောက်နောင်တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ထောက်တိုင်များ၊ လုပ်ငန်းများ စသည်တို့ကို အလျဥ်းသင့်သလိုတိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် ၎င်းတို့အနီးပါတ်ဝန်းကျင်မှ ရှောင်ရှားပေးကြရန်လည်းနှိုး​ဆော်ထားသည်။

သတင်း

သို့သော်ဒေါပုံမြို့နယ်နှင့် သာကေတမြို့နယ်တို့တွင် ယနေ့ နေ့လည်က ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်းလည်း စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်မှတဆင့် ဖြန့်ဝေထားသည်။

သတင်း

အဆိုပါစစ်ဆင်ရေးအား DRPAမှ မုံရွာမြို့ပြပြောက်ကျားရဲဘော်များ၊M.A.C.T ထောက်ပို့တပ်၊ Monywa Night King မဟာမိတ်တပ်ပေါင်းစုတို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း အသိပေးထားသည်။

သတင်း

ကမ္ဘောဇဘဏ်သည် စစ်ကောင်စီကို လေယာဉ်ဆီထောက်ပံ့သည့် ကိစ္စအပါအဝင် Kpay အကောင့်များကို မတရားပိတ်သိမ်းခဲ့သောကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်မှုများပြုလုပ်နေသည်။