Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“အောင်မင်္ဂလာစစ်ဆင်ရေး”အဖြစ် သာကေတ ရေတပ်ဝန်းဂိတ်နှင့် ဒေါပုံမြို့နယ်ရှိ ဘန်ကာကို ဖောက်ခွဲတိုက်ခိုက်

သို့သော်ဒေါပုံမြို့နယ်နှင့် သာကေတမြို့နယ်တို့တွင် ယနေ့ နေ့လည်က ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်းလည်း စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်မှတဆင့် ဖြန့်ဝေထားသည်။

God's Hand Forces (GHF)
God's Hand Forces (GHF)

“အောင်မင်္ဂလာစစ်ဆင်ရေး”အဖြစ် ရန်ကုန်မြို့ သာကေတမြို့နယ် ရေတပ်ဝန်းဂိတ်နှင့် ဒေါပုံမြို့နယ်ရှိ ဘန်ကာတစ်ခုကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း God’s Hand Forces (GHF) က ထုတ်ပြန်သည်။

ယနေ့(ဇွန် ၂၄ ရက်) နေ့လည် ၁၂ နာရီ ၂၅ မိနစ်တွင် ဒေါပုံမြို့နယ် မြို့သစ်ရပ်ကွက်၌ အသစ်ဆောက်လုပ်ထားသည့် ဘန်ကာကို ကနဦး ဖောက်ခွဲခဲ့သည်ဟု ဆိုသည်။

ထို့နောက် သာကေတမြို့နယ် ရေတပ်ဝန်းဂိတ်ကို နေ့လည် ၁၂ နာရီ ခွဲခန့်တွင် ထပ်မံဖောက်ခွဲခဲ့ ကြောင်း ဖော်ပြထားသည်။

တိုက်ခိုက်မှု ဖြစ်စဥ်နှစ်ခုစလုံးသည် ရန်ကုန်မြို့ပြပြောက်ကျားတော်လှန်ရေးအင်အားစု ၁၄ဖွဲ့ပူးပေါင်းထား​သော Yangon UG Association (YUA)အဖွဲ့၏ တိုက်ခိုက်မှုတစ်စိတ်တစ်ဒေသ ဖြစ်သည်ဟုလည်း အသိပေးသည်။

တိုက်ခိုက်မှုတွင် စစ်ကောင်စီနှင့်ပတ်သက်သည့် လူ၊ပစ္စည်းထိခိုက်မှုကို GHF က သီးခြားအတည်မပြုသေးပေ။

သို့သော်ဒေါပုံမြို့နယ်နှင့် သာကေတမြို့နယ်တို့တွင် ယနေ့ နေ့လည်က ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်းလည်း စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်မှတဆင့် ဖြန့်ဝေထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

စစ်ကိုင်းတိုင်း အင်းတော် - ဗန်းမောက် ကားလမ်းကို ယနေ့ (ဇွန်လ၂၄ရက် )နံနက်မှ ဇွန်လ ၂၅ရက် နံနက် ၆နာရီအထိ သုံးဘီး၊ ဆိုင်ကယ်၊ ကား စသည့် မည်သည့် ယာဉ်မှဖြတ်သန်းခြင်းမပြုရန် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အရေးပေါ် ထုတ်ပြန်ကြေညာထားသည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီဘက်ကလည်း ပြည်သူလူထုများနေထိုင်ရာ မင်းစောကျေးရွာအတွင်းသို့ လက်နက် ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ထိခိုက်မှုများရှိခဲ့၍ စိတ်မကောင်းဖြစ်ရကြောင်း ဖော်ပြထားသည်။

သတင်း

"အတွင်းဆေးရုံထဲမှာ ကုသပေးနေတယ်ဆိုတာပဲ ကြားရပြီး သေဆုံးမှုကို မသိရပါဘူး။လုံခြုံရေးတွေ ပိုချထားတယ်လို့လဲ သိရတယ်"ဟု အမိမြေတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက People's Spring သို့​ပြောသည်။

သတင်း

ယနေ့ ညနေ ၃နာရီခန့်က Guerrilla Warfare -K.P.K တပ်ဖွဲ့၊TSR၊PLA၊ PRF ၊TazeTiger ၊တပ်ရင်း - ၁၀ ၊တပ်ရင်း - ၁၆ ၊ ပကဖ နှင့် ပလဖတပ်ဖွဲများပူးပေါင်းကာ အင်္ကုက္ကားရွာတွင်တပ်စွဲထားသော စစ်တပ်နှင့် ပျူစောထီးအဖွဲ့ကို သွား ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း...