Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပင်းတယမြို့ရှိ စစ်ကောင်စီကင်းစခန်းတစ်ခု ယနေ့ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

ပင်းတယ – ရပ်စောက်လမ်းမှ ပင်းတယမြို့အထွက် မြောက်ကျောင်းကြီးရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့က နံနက် ၁၀နာရီခန့်တွင် လျှပ်တပြက်တိုက်ခိုက်ခဲ့​ခြင်းဖြစ်သည်။

ပင်းတယမြို့
ပင်းတယမြို့

ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့အထွက် စစ်ကောင်စီကင်းစခန်းတစ်ခု ယနေ့ နံနက်ပိုင်းတွင် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။

ပင်းတယ – ရပ်စောက်လမ်းမှ ပင်းတယမြို့အထွက် မြောက်ကျောင်းကြီးရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့က နံနက် ၁၀နာရီခန့်တွင် လျှပ်တပြက်တိုက်ခိုက်ခဲ့​ခြင်းဖြစ်သည်။

“စစ်သားတစ်ကောင် သေတယ်။ တစ်ကောင်ကိုတော့ ကားနဲ့တင်ခေါ်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းတိုက်ခိုက်မှု မ​ဖြစ်မီ မိနစ်ပိုင်းက လမ်းမပေါ်သွားလာနေသည့် အရပ်သားတစ်ဦးကို မြောက်ကျောင်းကြီးရဲကင်းစခန်းထဲမှ လှမ်းပစ်ခတ်ခဲ့သည်။ ထိုနောက် မိနစ်အနည်းငယ်အကြာတွင် မြို့ပြပြောက်ကျားအဖွဲ့ဟု ယူဆရသောအဖွဲ့တစ်ဖွဲ့က ရဲကင်းသို့ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဟု သိရှိရကြောင်း ဒေသတွင်း တော်လှန်ရေးသတင်းဌာနတစ်ခုဖြစ်သော Voice of Pindayaက ထုတ်ပြန်ထားသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော ပင်းတယနှင့်ရွာငံမြို့နယ်တွင် စစ်ကောင်စီနှင့် စစ်ကောင်စီထောက်တိုင်များ တိုက်ခိုက်မှုများ မကြာခဏဖြစ်ပေါ်နေသည်။

ပင်းတယမြို့တွင် စစ်ကောင်စီနှင့် ပူးပေါင်းကာ ပျုစောထီးနှင့်ပြည်သူ့စစ်ဖွဲ့ရန် ကြိုးစားနေသည့် ပြည်ခိုင်ဖြိုးပါတီအမတ်ဟောင်း ဦးကျော်ငြိမ်းလည်း ဇွန်လ ၁၈ရက်က သုတ်သင်ရှင်းလင်းခံခဲ့ရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်ရဲ့စစ်ရေးလှုပ်ရှားမှုကြောင်း ကေအဲန်ယူ-မုန်းမြို့နယ်ထဲက ကျေးရွာ(၂)ရွာနဲ့ ကျောက်ကြီးမြို့နယ်ထဲက ကျေးရွာပေါင်း(၂၈)ရွာက ဒေသခံပြည်သူဦးရေ (၁၆၁၃၇)ဦး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး ကေအဲန်ယူရဲ့ထုတ်ပြန်ထားချက်အရ သိရပါတယ်။

သတင်း

အကြမ်းဖက်စစ်တပ်သည် ဇွန်လ ၂၁ရက်နေ့ကလည်း ဆားလင်းကြီးမြို့နယ်၊ မိုးကြိုးပြင်(မြောက်)ရွာကို အကြမ်းဖက်ဝင်ရောက်ပြ လူနေအိမ် ၂၀၀ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ နှစ်ဦးထက်မနည်း သတ်ဖြတ်ထားသည်။

သတင်း

စစ်ကောင်စီတပ်သည် ထီးလင်းမြို့နယ်မှတစ်ဆင့် မင်းတပ်မြို့နယ်သို့ ဝင်ရောက် စစ်ရေးလှုပ်ရှားစဉ် မင်းတပ် CDF ကင်းအဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

သတင်း

အုတ်ဖို PDFကို ၂၀၂၁ ဇူလိုင်က ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီနှင့် ပတ်သက်သူအချို့ကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ရာ မတ်လ အတွင်းက အုတ်ဖို မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့နယ် စစ်ကောင်စီ အဖွဲ့ဝင်) ခင်မောင်ဝင်းအား ရှင်းလင်းခဲ့သည်ဟု ထုတ်ပြန်ထားသည်။