Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းတပ်တွင် စစ်ကောင်စီတပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်၍ ကလေးငယ်တစ်ဦး အသက်ဆုံးရှုံး

စစ်ကောင်စီတပ်သည် ထီးလင်းမြို့နယ်မှတစ်ဆင့် မင်းတပ်မြို့နယ်သို့ ဝင်ရောက် စစ်ရေးလှုပ်ရှားစဉ် မင်းတပ် CDF ကင်းအဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

(စစ်​ကောင်စီ၏ မင်းတပ်မြို့ရှိ ခလရ ၂၇၄ အတွင်းပိုင်းရှိလက်နက်ကြီးဆင်ထား​သော​နေရာနှင့်စစ်ကားများကိုအ​ပေါ်စီးမှ​တွေ့ရပုံ။ ။ဓါတ်ပုံ-HKL)
(စစ်​ကောင်စီ၏ မင်းတပ်မြို့ရှိ ခလရ ၂၇၄ အတွင်းပိုင်းရှိလက်နက်ကြီးဆင်ထား​သော​နေရာနှင့်စစ်ကားများကိုအ​ပေါ်စီးမှ​တွေ့ရပုံ။ ။ဓါတ်ပုံ-HKL)

ချင်းပြည်နယ် မင်းတပ်မြို့၌ စစ်ကောင်စီတပ် လက်နက်ကြီး ရမ်းသန်းပစ်ခတ်၍ ကလေးငယ်တစ်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း မင်းတပ် CDFက သတင်းထုတ်ပြန်သည်။

မင်းတပ် အခြေစိုက် စစ်ကောင်စီ၏ ခလရ (၂၇၄)တပ်က ယနေ့(ဇွန်လ ၂၉ရက်) နံနက်ပိုင်းမှာ မင်းတပ်မြို့နယ် မဒပ်ရွာသို့ လက်နက်ကြီးများရမ်းသန်း ပစ်ခတ်ခဲ့ရာ အသက် ၁၄နှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရပြီး နံနက် ၁၁နာရီခွဲတွင် သေဆုံးခဲ့ရသည်ဟု ဖော်ပြထားသည်။ အဆိုပါ ကလေးငယ်သည် ယခင်က စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးထိ၍ ခြေထောက်ပြတ်ခဲ့ရသော ကလေး၏ အကိုဖြစ်သည်ဟု ဆိုသည်။

မင်းတပ်တွင် ယနေ့မနက်မှ စတင်ခဲ့သည့် မင်းတပ် CDFနှင့် စစ်ကောင်စီတပ်တို့၏ တိုက်ပွဲမှာ ယခုနေ့လည်ပိုင်းအထိ ပြင်းထန်နေဆဲဖြစ်ကြောင်း အသိပေးထား သည်။ တိုက်ပွဲ၌ ထိခိုက်ကျဆုံး အခြေအနေများကိုမူ ဖော်ပြမထားပေ။

စစ်ကောင်စီတပ်သည် ထီးလင်းမြို့နယ်မှတစ်ဆင့် မင်းတပ်မြို့နယ်သို့ ဝင်ရောက် စစ်ရေးလှုပ်ရှားစဉ် မင်းတပ် CDF ကင်းအဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"ဆိုင်ကယ်နဲ့ သွားရင်းကနေ Mission ကိုအကောင် အထည်ဖော်တာ။ အခက်အခဲတွေတော့ ရှိခဲ့တယ်။ပြည်သူ့ရဲဘော်တွေလည်း အန္တရာယ်ကင်းပါတယ်" ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

သတင်း

စစ်ကောင်စီတပ်ရဲ့စစ်ရေးလှုပ်ရှားမှုကြောင်း ကေအဲန်ယူ-မုန်းမြို့နယ်ထဲက ကျေးရွာ(၂)ရွာနဲ့ ကျောက်ကြီးမြို့နယ်ထဲက ကျေးရွာပေါင်း(၂၈)ရွာက ဒေသခံပြည်သူဦးရေ (၁၆၁၃၇)ဦး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး ကေအဲန်ယူရဲ့ထုတ်ပြန်ထားချက်အရ သိရပါတယ်။

သတင်း

အကြမ်းဖက်စစ်တပ်သည် ဇွန်လ ၂၁ရက်နေ့ကလည်း ဆားလင်းကြီးမြို့နယ်၊ မိုးကြိုးပြင်(မြောက်)ရွာကို အကြမ်းဖက်ဝင်ရောက်ပြ လူနေအိမ် ၂၀၀ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ နှစ်ဦးထက်မနည်း သတ်ဖြတ်ထားသည်။

သတင်း

အုတ်ဖို PDFကို ၂၀၂၁ ဇူလိုင်က ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီနှင့် ပတ်သက်သူအချို့ကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ရာ မတ်လ အတွင်းက အုတ်ဖို မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့နယ် စစ်ကောင်စီ အဖွဲ့ဝင်) ခင်မောင်ဝင်းအား ရှင်းလင်းခဲ့သည်ဟု ထုတ်ပြန်ထားသည်။