Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အာရှတိုက်မှာ NATOပုံစံ စစ်မဟာမိတ် အင်အားစု ထူထောင်ဖို့ အမေရိကန် ကြံစည်နေကြောင်း မြောက်ကိုရီးယား စွပ်စွဲ

ဒီအဆိုဟာ မကြာသေးခင်က အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန် စစ်တပ်တွေ ပူးပေါင်း စစ်ရေးလေ့ကျင့်ခဲ့တဲ့ ကိစ္စတွေကို ရည်ညွှန်းထားတာဖြစ်ပြီး ဒီလို လေ့ကျင့်မှုတွေဟာ ရန်လို ခြိမ်းခြောက်မှုတွေလို့ မြောက်ကိုရီးယားက ယူဆလေ့ ရှိပါတယ်။

အာရှတိုက်မှာ NATOပုံစံ စစ်မဟာမိတ် အင်အားစု ထူထောင်ဖို့ အမေရိကန် ကြံစည်နေကြောင်း မြောက်ကိုရီးယား စွပ်စွဲ
အာရှတိုက်မှာ NATOပုံစံ စစ်မဟာမိတ် အင်အားစု ထူထောင်ဖို့ အမေရိကန် ကြံစည်နေကြောင်း မြောက်ကိုရီးယား စွပ်စွဲ

အမေရိကန်ဟာ အာရှတိုက်မှာပါ NATO ပုံစံ စစ်မဟာမိတ် အင်အားစုတစ်ခု ထူထောင်ဖို့ ကြံစည်နေတယ်လို့ မြောက်ကိုရီးယား စွပ်စွဲ ပြောကြားလိုက်ပါတယ်။

ဥရောပမှာ မဟာပြိုင်ဘက်ကြီး ရုရှားကို တန်ပြန်ဖို့အတွက် အမေရိကန်က NATOကို ဦးဆောင် ဖွဲ့စည်းခဲ့တဲ့ ပုံစံမျိုး အာရှတိုက်မှာလည်း ခြေလှမ်း ပြင်နေတယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ထုတ်ပြန်ထားပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယိုလ်တို့က မြောက်ကိုရီးယားရဲ့ နျူကလီးယား ခြိမ်းခြောက်မှုတွေကို တန်ပြန်ဖို့ လိုအပ်ရင် အမေရိကန်ရဲ့ ဖျက်အားပြင်း လက်နက်တွေကိုလည်း တောင်ကိုရီးယားမှာ ဖြန့်ကျက်ဖို့ ညှိနှိုင်း သဘောတူခဲ့တဲ့နောက် မြောက်ကိုရီးယားက အခုလို ဝေဖန်ခဲ့တာပါ။ တစ်ဖက်မှာလည်း မြောက်ကိုရီးယားဟာ ၅ နှစ်အတွင်း ပထမဆုံးအကြိမ် နျူကလီးယားဗုံး စမ်းသပ် ဖောက်ခွဲမှုတစ်ခု ပြန်လည် လုပ်ဆောင်မယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတယ်။

အမေရိကန်ဟာ ဂျပန်၊ တောင်ကိုရီးယားတို့နဲ့ ပူးပေါင်း စစ်ရေး လေ့ကျင့်မှုတွေကို ပြောင်ပြောင်တင်းတင်း လုပ်ဆောင်လေ့ ရှိခဲ့သလို အာရှတိုက်မှာ NATOပုံစံ စစ်မဟာမိတ် အင်အားစု ထူထောင်ဖို့ အင်တိုက်အားတိုက် ကြိုးစားနေကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက စွပ်စွဲခဲ့ပါတယ်။

ဒီအဆိုဟာ မကြာသေးခင်က အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန် စစ်တပ်တွေ ပူးပေါင်း စစ်ရေးလေ့ကျင့်ခဲ့တဲ့ ကိစ္စတွေကို ရည်ညွှန်းထားတာဖြစ်ပြီး ဒီလို လေ့ကျင့်မှုတွေဟာ ရန်လို ခြိမ်းခြောက်မှုတွေလို့ မြောက်ကိုရီးယားက ယူဆလေ့ ရှိပါတယ်။

တောင်ကိုရီးယား သမ္မတ ယွန်ဟာ NATO ညီလာခံ တက်ရောက်ဖို့အတွက် စပိန်ကို ထွက်ခွာသွားခဲ့ပြီး နောက်တစ်နေ့မှာပဲ မြောက်ကိုရီးယားရဲ့ ဝေဖန်မှု ထွက်ပေါ်လာခဲ့တာပါ။ တောင်ကိုရီးယား အစိုးရကတော့ နိုင်ငံတကာရေးရာ ကဏ္ဍတွေမှာ ပိုပြီး အင်အားကောင်းကောင်းနဲ့ ပါဝင်လိုတာကြောင့် NATOနဲ့ လက်တွဲဖို့ ရည်ရွယ်ခြင်းသာဖြစ်ကြောင်း မှတ်ချက် ပေးထားပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

ဗီဒီယို

လောလောဆယ်မှာ ဘိုင်ဒန်ဟာ G7 အဖွဲ့ဝင် နိုင်ငံ ခေါင်းဆောင်တွေနဲ့အတူ ဂျာမနီမှာ အစည်းအဝေး သွားတက်နေပါတယ်။ ဒီအစည်းအဝေးဟာ ရုရှား-ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်လို့ G7ရဲ့ အနာဂတ် မူဝါဒတွေကို အဓိက ဆွေးနွေးဖို့ ရည်ရွယ်ထားတာပါ။

ဗီဒီယို

တစ်ဖက်မှာတော့ ကိုယ်ဝန် ဖျက်ချမှုကို ကာလရှည်ကြာ ဆန့်ကျင်ခဲ့တဲ့ အမေရိကန် ဒုတိယ သမ္မတ မိုက်ခ်ပန့်စ်လို ပုဂ္ဂိုလ်တွေက သန္ဓေသားတွေရဲ့ အဖိုးတန် လူ့အသက်တွေ ဘေးကင်း လုံခြုံတာ သေချာတဲ့ထိ အားထုတ်မှုတွေ အရှိန်မလျှော့ဖို့ ကိုယ်ဝန်ဆောင် ဖျက်ချမှု တိုက်ဖျက်ရေး တက်ကြွ လှုပ်ရှားသူတွေကို တိုက်တွန်း...

နိုင်ငံတကာ

ဒီအတောအတွင်း တောင်ကိုရီးယား စစ်ထောက်လှမ်းရေးကလည်း မြောက်ကိုရီးယားဟာ ၅ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် နျူကလီးယားဗုံးတစ်လုံး စမ်းသပ် ဖောက်ခွဲဖို့ စီစဉ်နေတယ်လို့ ယုံကြည်ရကြောင်း ပြောကြားထားပါတယ်။

သတင်း

အာဏာသိမ်းသည့်အချိန်မှစပြီး အမေရိကန်သည် မြန်မာစစ်တပ်၊ စစ်ခေါင်းဆောင်များနှင့် ၎င်းတို့၏ ဘဏ္ဍာရေးအကျိုးစီးပွားများကို အရေးယူပိတ်ဆို့မှုများပြုလုပ်ခြင်းနှင့် နိုင်ငံတကာဘဏ္ဍာရေးစနစ်အတွင်း ၎င်းတို့ဝင်ရောက်နိုင်မှုဟန့်တားရေးတို့ကို ဆောင်ရွက်ခဲ့သည်။