Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ – မန္တလေးလမ်းပိုင်းတွင် မိုင်းရှင်းလင်းရေးထွက်လာသည့် စစ်ကောင်စီတပ် မိုင်းခွဲတိုက်ခိုက်ခဲ့ရ၊ အကြမ်းဖက်စစ်သားလေးဦးသေ ဟုဆို

အထက်ပါဖြစ်စဥ်အား ဗိုလ်တောက်ထွန်း MBTT၊ ဗိုလ်နေတိုး အထူးပြောက်ကျားတပ်ဖွဲ့ (BNT)၊ မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်၊ Chaung Oo King(CK)၊ Saw Bwar Gyi(MPDF)တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(မုံရွာ - မန္တလေးလမ်းပေါ်တွင် ဖြတ်သန်းသွားသော အကြမ်းဖက်စစ်တပ်၏ ယာဥ်တစ်စီး။ ဓာတ်ပုံ-CJ)
(မုံရွာ - မန္တလေးလမ်းပေါ်တွင် ဖြတ်သန်းသွားသော အကြမ်းဖက်စစ်တပ်၏ ယာဥ်တစ်စီး။ ဓာတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် မိုင်းရှင်းလင်းရေးထွက်လာသည့် စစ်ကောင်စီတပ်အား မိုင်းခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားလေးဦးသေဆုံးကြောင်း Myaung Bo Tauk Tun(MBTT)အဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့(ဇူလိုင်၃ရက်) နံနက် ၁၁နာရီခွဲခန့်က မုံရွာ-မန္တလေးကားလမ်းပေါ်ရှိ နတ်ရေကန်ရွာနှင့် ရေပိုးစားကျေးရွာကြားတွင် မိုင်းရှင်းလင်းရန်ရောက်လာသော မိုင်းရှာအကြမ်းဖက်စစ်သားများအား My Tel တာဝါတိုင် အသွင်ပြောင်းထားသော အမြှောက်တစ်လုံး၊ပေါက်ကွဲအားမြင့် မိုင်း၂လုံးတို့ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း MBTT၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရ အကြမ်းဖက်စစ်သား၄ဦးသေဆုံး၍ ၃ ဦးထိခိုက်ဒဏ်ရာ ရရှိသွားသည်ဟု Myaung Bo Tauk Tun(MBTT)အဖွဲ့ကဆိုသည်။

“ကင်းပုန်းချထားတဲ့ မိုင်းလိုက်ရှင်းကြတဲ့ စကစတွေပါ။ သေဆုံးတဲ့သူတွေကို ညကြမှ ချောင်းဦးဘက် သယ်သွားကြတယ်။”ဟု MBTT အဖွဲ့တာဝန်ရှိသူက ပြောသည်။

အထက်ပါဖြစ်စဥ်အား ဗိုလ်တောက်ထွန်း MBTT၊ ဗိုလ်နေတိုး အထူးပြောက်ကျားတပ်ဖွဲ့ (BNT)၊ မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်၊ Chaung Oo King(CK)၊ Saw Bwar Gyi(MPDF)တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများ သေဆုံးထိခိုက်မှုအခြေအနေအား သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

ဇူလိုင် ၁ရက် နံနက် ၇ နာရီ ၅၀မိနစ်အချိန်ကလည်း မုံရွာ-မန္တလေးလမ်းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်စစ်သား ၅၀ ခန့် လိုက်ပါလာသော ၁၂ ကားအားဂွေးပင်တောနှင့် ဘိုးမင်းကြီးကင်းအကြားအရောက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပဒေသာမိုင်း ၁၀ လုံး၊ ရှေ့ထွက်မိုင်း ၂ လုံး၊ တစ်တောင့်ထိုး သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား ၁၅ဦးခန့်သေဆုံးနိုင်ကြောင်း ချောင်းဦးမြို့နယ် တော်လှန်ရေးတပ် -CRAက ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မင်းတပ်မြို့ရှိ ချပ်ကျေးရွာနှင့် စွန်တောင်ကျေးရွာတို့အား စစ်ကောင်စီတပ်က ဇူလိုင် ၂ရက်တွင် စစ်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ချင်းတိုင်းရင်းသား သုံးဦး သေဆုံးပြီး ပြည်သူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပေါ် ICNCCက ယခုကဲ့သို့ ထုတ်ပြန်ခြင်းဖြစ်သည်။

သတင်း

ညွှန်ကြားချက်များကို ဖောက်ဖျက်ကျူးလွန်ပါက KNUက ချမှတ်ထားသည့် စည်းမျဉ်းဥပဒေနှင့်အညီထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

သတင်း

မနေ့က ဇူလိုင်လ ၃ ရက်မှာ အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံဆွေးနွေးချိန် ထည့်သွင်းပြောခဲ့တာလို့ ရန်ကုန်မြို့ မှာရှိတဲ့တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းပြီးနောက်ပိုင်း တစ်နှစ်ကျော်တွင် လာရောက်သောခရီးစဉ်သည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများဖြစ် သည့် ကမ္ဘောဒီးယား၊ လာအို၊ဗီယက်နမ်၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးများလည်း ပုဂံသို့ရောက်ရှိနေသည်။