Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ – မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်နှစ်စီးအား မြောင်မြို့နယ်တော်လှန်ရေးတပ် မိုင်းဆွဲတိုက်ခိုက်

ယမန်နေ့ညနေ ၅နာရီ၄၅မိနစ်ကလည်း မုံရွာမှ စစ်ကိုင်းမြို့သို့ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်လုံခြုံရေး ရဲများ၏ ပွိုင့်ကားသုံးစီးနှင့် စစ်ကောင်စီတပ်အရာရှိတစ်ဦး၏ အိမ်စီးကားတစ်စီးမှာလည်း PDFများ၏ တိုက်ခိုက်ခံခဲ့ရသေးသည်။

(မိုင်းထိပျက်စီးသွားသော အကြမ်းဖက်စစ်တပ်၏ ယာဥ်တစ်စီးအား တွေ့ရစဥ်။ ဓာတ်ပုံ-MRA)
(မိုင်းထိပျက်စီးသွားသော အကြမ်းဖက်စစ်တပ်၏ ယာဥ်တစ်စီးအား တွေ့ရစဥ်။ ဓာတ်ပုံ-MRA)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် အကြမ်းဖက်စစ်ကောင်စီယာဥ်နှစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ခုနစ်ဦးခန့်သေဆုံးကာ ယာဥ်တစ်စီးပျက်စီးသွားကြောင်း မြောင်မြို့နယ်တော်လှန်ရေးတပ် – MRAက သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဇွန်လ၂၇ရက်) ညနေပိုင်းက မုံရွာမြို့မှထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီနှစ်စီးအား ညနေ၅နာရီခန့်တွင် ချောင်းဦးမြို့နယ်၊ ဂွေးပင်တောကျေးရွာအနီး၌ ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း MRA စစ်ကိုင်းခရိုင်တပ်ရင်း၅၏ ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကာ ယာဥ်တစ်စီးပျက်စီးသွားကြောင်း၊ ယင်းပျက်စီးသွားသောယာဥ်မှာ ထိုနေရာတွင်ပင်ရှိနေသေးကြောင်း MRAက အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ MRA သို့ ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

ယမန်နေ့ နံနက် ၉နာရီခွဲဝန်းကျင်တွင်လည်း မြင်းမူမြို့ မှထွက်လာသော စစ်ကောင်စီ၏ အရာရှိတစ်ဦးပါယာဉ်တန်းအား မုံရွာ – မန္တလေးလမ်းမကြီးပေါ် ဘိုးမင်းကြီးကင်းရွာနှင့် ဂွေးပင်တောရွာကြားတွင် မိုင်း သုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး သုံးဦးထက်မနည်းသေဆုံးနိုင်သည်ဟု ဗိုလ်တောက်ထွန်း(MBTT)အဖွဲ့က ထုတ်ပြန်ထားသည်။

ယမန်နေ့ညနေ ၅နာရီ၄၅မိနစ်ကလည်း မုံရွာမှ စစ်ကိုင်းမြို့သို့ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်လုံခြုံရေး ရဲများ၏ ပွိုင့်ကားသုံးစီးနှင့် စစ်ကောင်စီတပ်အရာရှိတစ်ဦး၏ အိမ်စီးကားတစ်စီးမှာလည်း PDFများ၏ တိုက်ခိုက်ခံခဲ့ရသေးသည်။

ဇွန်လ၂၅ရက် နံနက်မှစ၍ နောက်ထပ်အသိပေးချက် ထပ်မံမထုတ်ပြန်မချင်း မုံရွာ – မန္တလေးလမ်းမကြီး၊ စစ်ကိုင်း – မြင်းမူ – မုံရွာလမ်းပိုင်းအား လုံးဝအသုံးပြုခြင်းမလုပ်ကြရန် ဒေသတွင်းအဖွဲ့များက သတိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တစ်ဖက်တွင်လည်း စစ်ကောင်စီတပ် စစ်ကြောင်းများ၌ လိုက်ပါလေ့ရှိသည့် ရှမ်းနီတပ်ဖွဲ့(SNA)က ဗန်းမောက်မြို့တွင်း၌ လုပ်ငန်းရှင်များထံမှ ကျပ် ၁၀သိန်းစီ ဆက် ကြေးကောက်သွားကြောင်း ဖော်ပြထားသည်။

သတင်း

ထို့ကြောင့် ကျန်ခဲ့သည့် ရဲဘော်များမှာလည်း လုံခြုံရေးအရတိမ်းရှောင်နေရသဖြင့် Missionများအား ခတ္တရပ်နားခြင်းကို ညှိုးငယ်စွာ အသိပေးအပ်ပါသည်ဟု DRMက ဆိုသည်။

သတင်း

စစ်ကောင်စီတပ်လေကြောင်းမှအကြိမ်​ရေများစွာလာရောက်တိုက်ခိုက်​နေသည့်ကြားမှပူးပေါင်းတပ်ဖွဲ့ဝင်များကတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်​ကြောင်းသတင်းရင်းမြစ်က ပြောသည်။ ယခုတိုက်ပွဲအတွင်းပူးပေါင်းတပ်ဖွဲ့မှထိခိုက်ကျဆုံးမှုရှိသော်လည်း စစ်ကောင်စီတပ်က ၅၀ခန့် ကျဆုံးနိုင်သည်ဟု သိရကြောင်း KNU သတင်းရင်းမြစ်က​ ပြောသည်။

သတင်း

"ကျွန်တော်တို့ ရထားတဲ့ သတင်းအရတော့ ဖမ်းဆီးခံထားရတဲ့ ခုနှစ်ဦးစလုံး အသတ်ခံလိုက်ရပြီဆိုတာ သေချာသလောက်ရှိတယ်"ဟု ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။