Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တော​ကျောင်း​လေးရွာကိုအကြမ်းဖက်ခဲ့​သောစစ်တပ်နှင့်ပျူများကို​ဒေသခံPDFများပူး​​ပေါင်းတိုက်ခိုက် ၃ ဦး​သေ

အကြမ်းဖက်အုပ်စုကိုတောကျောင်းလေးကျေးရွာနှင့် ကင်မွန်းတော်ကျေးရွာကြား လမ်းခုလတ်တစ်နေရာတွင် တိုက်ခိုက်ခဲ့ရာစစ်တပ်နှင့် ပျူစောထီး ၃ ဦး နေရာမှာပင် ပွဲချင်း သေဆုံးသွားခဲ့ပြီး ၂ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိသွားကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

(နိုင်ငံတစ်ဝန်းစစ်​ကောင်စီတပ်အ​ပေါ် ခုခံ​တော်လှန်စစ်အရှိန်မြှင့်လာသည်)
(နိုင်ငံတစ်ဝန်းစစ်​ကောင်စီတပ်အ​ပေါ် ခုခံ​တော်လှန်စစ်အရှိန်မြှင့်လာသည်)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် တောကျောင်းလေးကျေးရွာအားမီးရှို့ဖျက်ဆီးပြီး ပြည်သူ​လေးဦးအားသတ်ဖြတ်သွားသည့်စစ်​ကောင်စီတပ်နှင့် ပျူစောထီးများကို ဒေသတွင်းPDFများကတိုက်ခိုက်ခဲ့ရာ စစ်​ကောင်စီတပ်မှ ၃ ဦးသေဆုံးကြောင်း Chaung U Local Defence Force (CHU LDF) အဖွဲ့က သတင်းထုတ်ပြန်သည်။

ဇွန်လ ၁၄ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်က စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ တောကျောင်းလေးကျေးရွာမှ ပြည်သူများ၏ အိုးအိမ်များကို မီးရှို့ဖျတ်ဆီးပြီး ပစ္စည်းများကို ခိုးယူလုယက်၊ ပြည်သူများကို သတ်ဖြတ်ခဲ့သော အကြမ်းဖက်စစ်တပ်နှင့် ပျူများကို မဟာမိတ်အဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း CHU LDF (သတင်းနှင့် ပြန်ကြားရေး)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါအကြမ်းဖက်အုပ်စုကိုတောကျောင်းလေးကျေးရွာနှင့် ကင်မွန်းတော်ကျေးရွာကြား လမ်းခုလတ်တစ်နေရာတွင် တိုက်ခိုက်ခဲ့ရာစစ်တပ်နှင့် ပျူစောထီး ၃ ဦး နေရာမှာပင် ပွဲချင်း သေဆုံးသွားခဲ့ပြီး ၂ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိသွားကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

CHU LDF နှင့်အတူမဟာမိတ် ညီနောင်များဖြစ်ကြသည့် Chaung U Revolution Army (CRA), Banna UG Group၊ Monywa Lightning PDF နှင့် ဗန္ဒုလနှင့် အဖွဲ့သားများ LPDF တို့က မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မဟာမိတ် ရဲဘော်များအားလုံး အထိအခိုက်မရှိဘဲပြောက်ကျားစစ်ဆင်ရေးကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့သည်ဟုဆိုသည်။

အကြမ်းဖက်စစ်တပ်က တောကျောင်းလေးကျေးရွာအား ဝင်ရောက်ဖျက်ဆီးမီးရှို့မှုကြောင့် အိမ်ခြေတစ်ရာခန့် မီးလောင်ပျက်စီးခဲ့ပြီး ပြည်သူလေးဦးအား သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ဇွန်လ ၁၄ ရက် နံနက် ၁၁နာရီခွဲ ခန့်ကလည်းCHU LDFနှင့် မဟာမိတ်အဖွဲ့များသည် အကြမ်းဖက်စစ်တပ်၏ ကွန်တိန်နာကားများကို မုံရွာ-မန္တလေးလမ်းမပေါ်၊ ငါးယှန်ရွာနှင့် ချောင်းဦးကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အဲဒီအစီရင်ခံစာမှာဆိုရင် စစ်ကောင်စီဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်တာအပါအဝင် ကျယ်ပြန့်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကိုစနစ်တကျ ကျုးလွန်နေတယ်လို့ေ ဖာ်ပြထားတာပါ။

သတင်း

ကျန်နေသည့် ရဲဘော်များသည် မဟာမိတ် တပ်များ၏ လက်နက်ငယ်ပစ်ကူဖြင့် ဘေးကင်းရာသို့ ဆုတ်ခွာလာနိုင်ခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း(၁)က အသိပေးထားသည်။

သတင်း

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်းတော်မြို့နယ်အား စစ်ကြောင်းသုံးကြောင်းခွဲ၍ စစ်ရေးလှုပ်ရှားမှုပြုလုပ်နေပြီး ၎င်းစစ် ကြောင်းများမှာ နဘား၊ မဲဇာနှင့် မော်လူး စသည့်ကျေးရွာများဘက်သို့ ရောက်ရှိနေကြောင်း အထက်ပါရဲဘော်က တက်ပြောသည်။

သတင်း

ယနေ့ နံနက် ၁၀ နာရီခန့်တွင် မင်းတပ်မြို့ပေါ်ရှိ(၂၇၄)တပ်ရင်းမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ရာအပြစ်မဲ့ပြည်သူသုံးဦး သေဆုံးခဲ့ရခြင်းဟု CDF မင်းတပ် သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်သည်။