Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

NUGအစိုးရက ပေးအပ်သည့်တာဝန်များ ထမ်းဆောင်ရန်အသင့်ရှိနေဟု ရေစကြို PDFပြော

စစ်အာဏာရှင်၏ စခန်းများကို သိမ်းမည့်တိုက်ပွဲများ မကြာမီ ဖော်ဆောင်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ဇွန်လအတွင်း ထုတ်ဖော်ပြောကြားပြီးနောက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကလည်း အသင့်ရှိနေကြောင်း ထုတ်ပြန်ကြေညာလာကြသည်။

ရေစကြို PDF
ရေစကြို PDF

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က ပေးအပ်သည့် တာဝန်များ ထမ်းဆောင်ရန် အသင့်ရှိနေကြောင်း ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Yesagyo PDF) ထုတ်ပြန်လိုက်ပြီး တပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင်အားလုံးသည် စစ်အာဏာရှင်တော်လှန်ရေးအတွက်နေ့စဥ် စုဖွဲ့လေ့ကျင့်နေကြောင်း လူထုအား အသိပေးသည်။

တပ်ရင်းအခြေစိုက်ရာ မြေပြင်မှမှတ်တမ်းဓာတ်ပုံနှင့်အတူ ယနေ့(ဇူလိုင် ၄ရက်) ထုတ်ပြန်ရာ Yesagyo PDF မှ တပ်ရင်းမှူး၊ဒုတပ်ရင်းမှူးနှင့် တပ်ရေးအရာရှိကြီးများအပါအဝင် ရဲဘော်များတပ်စိတ်မှူးများ၊တပ်ခွဲမှုးများ အားလုံး အာဏာရှင်တော်လှန်ရေးအတွက် နေ့စဥ်နှင့်အမျှ စုဖွဲ့လေ့ကျင့်နေကြကြောင်း ဖော်ပြထားသည်။

အမျိုးသားညီညွှတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနမှ ပေးအပ်သော တာဝန်များကို ထမ်းဆောင်ရန် အသင့်ရှိနေသည်ဟုလည်း သတင်းထုတ်ပြန်ထားသည်။

စစ်အာဏာရှင်၏ စခန်းများကို သိမ်းမည့်တိုက်ပွဲများ မကြာမီ ဖော်ဆောင်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ဇွန်လအတွင်း ထုတ်ဖော်ပြောကြားပြီးနောက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကလည်း အသင့်ရှိနေကြောင်း ထုတ်ပြန်ကြေညာလာကြသည်။

ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် မကွေးတိုင်းအခြေစိုက်ဖြစ်ပြီး မန္တလေးတိုင်းအခြေစိုက်သပိတ်ကျင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အများအပြားစစ်ရေးလေ့ကျင့်နေသည့် မှတ်တမ်းဓာတ်ပုံများကို ထုတ်ဖော်ပြသကာ စစ်ကောင်စီအား အမြစ်ဖြတ်တိုက်ခိုက်မည့် တိုက်ပွဲများ မကြာမီအချိန်အတွင်းရောက်ရှိလာတော့မည်ဖြစ်ကြောင်း ဇူလိုင် ၂ရက်တွင် ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာသည် ပျူစောထီးကြီးစိုးရာ ရွာတစ်ရွာဖြစ်ပြီး ယင်းရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်နှင့်ပေါင်းကာ အရာတော်နယ်အတွင်း ကျေးရွာများအား အကြမ်းဖက်မှုများ လုပ်ဆောင်နေသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ယမန်နေ့(ဇူလိုင် ၃ ရက်)က CHU LDF မှ ထောင်ထားသောပွိုင့်နှစ်ခုမှ မိုင်းများအားရှာတွေ့သွားပြီး ဖော်ယူသွားကြောင်း အသိပေးထားသည်။

သတင်း

ဇွန်လ ၁၃ ရက်ကစ၍ စစ်ကောင်စီတပ်က ခေါင်းအိရွာသစ်အပါအဝင် ဖယ်ခုံအင်းအရှေ့ခြမ်း ဆောင်းနန်းခဲ၊လွယ်ပေါ၊နန်းပေါ်လုံ၊နန်းဆွန့်၊ပိန္နဲကုန်း၊မခေခမ်း နှင့်လဟယ်ကျေးရွာများ စစ် ကြောင်းထိုးဝင်လာခဲ့ခြင်း ဖြစ်သည်။

သတင်း

ချောင်းဦးမြို့နယ်သည် အကြမ်းဖက်စစ်ကောင်စီအား ခုခံတိုက်ခိုက်မှုအားကောင်းရာ ဒေသတစ်ခုဖြစ်ပြီး ဒေသတွင်း အခြား PDFအဖွဲ့များနှင့်လည်း ပူးပေါင်းတော်လှန်နေကြသည်။