Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကော်သူးလေမှာ စစ်တပ်လက်ချက်နဲ့ တစ်လအတွင်း အရပ်သား ၁၂ ဦးသေဆုံး

ကေအဲန်ယူထိန်းချုပ်နယ်မြေထဲမှာ နယ်ခြားစောင့်တပ်(BGF)နဲ့ စစ်ကောင်စီတပ်တွေက စစ်ရေးလှုပ်ရှားမှုနဲ့ တပ်အင်အားတိုးချဲ့မှုတွေ ပြုလုပ်တဲ့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)နဲ့ ထိတွေ့ပစ်ခတ်မှုနေ့စဥ် ဖြစ်ပွားခဲ့တာပါ။

ဓာတ်ပုံ - KNU
ဓာတ်ပုံ - KNU

ကေအဲန်ယူ-ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ ပစ်သတ်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဇွန်လတစ်လတာအတွင်း အရပ်သားပြည်သူ(၁၂)ဦး သေဆုံးခဲ့ တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

သေဆုံးသူတွေထဲမှာ သံဃာတော်တစ်ပါး ပါဝင်ပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေထဲမှာ နယ်ခြားစောင့်တပ်(BGF)နဲ့ စစ်ကောင်စီတပ်တွေက စစ်ရေးလှုပ်ရှားမှုနဲ့ တပ်အင်အားတိုးချဲ့မှုတွေ ပြုလုပ်တဲ့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)နဲ့ ထိတွေ့ပစ်ခတ်မှုနေ့စဥ် ဖြစ်ပွားခဲ့တာပါ။

ကေအဲန်ယူအုပ်ချုပ်နယ်မြေထဲကို စစ်ရေးလှုပ်ရှားမှုနဲ့ တပ်အင်အားတိုးချဲ့မှုတွေပြုလုပ်လာတဲ့ စစ်ကောင်စီတပ်နဲ့ BGF တပ်တွေဟာ ပြည်သူလူထုကို ထိတ်လန့်ကြောက်ရွံ့အောင် အမျိုးမျိုးပြုလုပ်တဲ့အပြင် ပြည်သူလူထုနေထိုင်ရာ ကျေးရွာတွေနဲ့ လုပ်ငန်းခွင်ထဲကို လက်နက်ကြီးတွေ့ နေ့စဉ်ပစ်ချခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီလို စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်တွေရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် သံဃာတစ်ပါးအပါအဝင် ပြည်သူလူထု(၁၅)ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Public Service Announcement
Public Service Announcement

ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ BGF တပ်တွေဟာ ပြည်သူလူထုကို ဖမ်းဆီးရိုက်နှက် ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှုတွေ ပြုလုပ်တာသာမက ပြည်သူလူထုရဲ့ စည်းစိမ်ဥစ္စာပစ္စည်းတွေကို ခိုးယူတာ၊ မတရားသိမ်းယူတာ၊ အိမ်မွေးတိရိစ္ဆာနဲ့ ဆန် စတာတွေကို လုယက်ခိုးယူစားသုံး ဖျက်ဆီးမှုတွေပြုလုပ်ခဲ့ကြတယ်လို့ ကေအဲန်ယူက ဆိုပါတယ်။

ဇွန်လတလတာအတွင်း စစ်ကောင်စီတပ်နဲ့ BGF တပ်တွေက ကျေးရွာတွေနဲ့ လုပ်ငန်းခွင်ထဲကို လက်နက်ကြီးပစ်ချခဲ့တာကြောင့် ပြည်သူလူထုရဲ့နေအိမ်(၇၅) လုံး၊ ဘုန်းကြီးကျောင်း(၂)ကျောင်းနဲ့ စာသင်ကျောင်း(၂) ထိမှန်ပျက်စီးခဲ့ရပြီး ပြည်သူလူထုနေအိမ်(၆၁)လုံးကို စစ်ကောင်စီနဲ့ BGF တပ်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်ကနေ သိရပါတယ်။

လတ်တလောမှာ ကေအဲန်ယူ-ဒူးသထူခရိုင် တပ်မဟာ ၁၊ ခလယ်လွီထူခရိုင် တပ်မဟာ ၃၊ မူတြော်ခရိုင် တပ်မဟာ ၅နဲ့ ဒူးပလာယာခရိုင် တပ်မဟာ ၆ တွေမှာ တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူလူထုဦးရေဟာ တိုးများလာခဲ့ပြီး တိမ်းရှောင်နေရတဲ့ ပြည်သူလူထုတွေဟာ အခက်အခဲကြုံဆုံနေရကာ သောက်သုံးရေနဲ့ စားနပ်ရိက္ခာအ​ရေးပေါ် ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဗန်းမောက်တိုက်ပွဲ၌ဒဏ်ရာရပြီး အင်းတော် တာပေါရွာ၌ ဆေးကုသရင်း ဇူလိုင် ၂ရက်က သေဆုံးသည့် စစ်ကောင် စီတပ်ဖွဲ့ဝင်မှာ အရာရှိအဆင့်ဖြစ်ကြောင်း သိရသည်ဟုလည်း ဖော်ပြထားသည်။

နိုင်ငံတကာ

ရေခဲမြစ်တွေရဲ့ သဘောအရ အပိုင်းလိုက် ချိတ်ဆက် ဖွဲ့စည်းထားတတ်ပြီး တချို့ အပိုင်းတွေက အပူချိန် အပြောင်းအလဲ ဖြစ်ချိန်မှာ ပိုပြီး မြန်မြန်ဆန်ဆန် အရည်ပျော် ပျက်စီးတတ်တဲ့အတွက် အလွှာလိုက် ပြိုကျမယ့် အန္တရာယ် ပိုများတယ်လို့လည်း သူက ပြောပြသွားပါတယ်။

သတင်း

ကော်ဘရာ စစ်ကြောင်းမှူးက “အဲဒီအချိန်မှာ မင်းတပ်ရင်းမှူးကရော”ဟုမေးမြန်းရာ တပ်ကြပ်ကြီးက “သူကအရင်ဦးဆုံးပြေးသွားတာ။ သူပြေးသွားတော့ ကျွန်တော်တို့ လိုက်ပြေးတာ” ဟုဖြေကြားသည်။

သတင်း

မင်းတပ်မြို့ရှိ ချပ်ကျေးရွာနှင့် စွန်တောင်ကျေးရွာတို့အား စစ်ကောင်စီတပ်က ဇူလိုင် ၂ရက်တွင် စစ်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ချင်းတိုင်းရင်းသား သုံးဦး သေဆုံးပြီး ပြည်သူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပေါ် ICNCCက ယခုကဲ့သို့ ထုတ်ပြန်ခြင်းဖြစ်သည်။