Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထားဝယ်-ထီးခီးလမ်းပိုင်းအားဇူလိုင်၅ရက်မှ၁၁ရက်အတွင်းလုံးဝဖြတ်သန်းသွားလာခြင်းမပြုရန်KNDOနှင့်PDFသတိ​ပေး

ထားဝယ်-ထီးခီး လမ်းပိုင်းအာမနက်ဖြန်(ဇူလိုင် ၅ရက်)မှစ၍ရက်သတ္တပတ်ကြာ သွားလာခွင့်တားမြစ်ထားပြီးအသေးစိတ်အကြောင်းအရာကို ဖော်ပြမထား​ပေ။

KNDO- Special တပ်ရင်းနှင့်ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်​ရေးတပ်ဦး-DDPDFက ပြည်သူလူထုထံ အသိပေးချက် ထုတ်ပြန်
KNDO- Special တပ်ရင်းနှင့်ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်​ရေးတပ်ဦး-DDPDFက ပြည်သူလူထုထံ အသိပေးချက် ထုတ်ပြန်

ထားဝယ်-ထီးခီးလမ်းပိုင်းအားဇူလိုင်လ၅ရက်မှဇူလိုင်၁၁ရက် အတွင်း လုံးဝဖြတ်သန်းသွားလာခြင်းမပြုရန် KNDO Special တပ်ရင်းနှင့်ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်​ရေးတပ်ဦး-DDPDFက ပြည်သူလူထုထံ အသိပေးချက် ထုတ်ပြန်လိုက်သည်။

ထားဝယ်-ထီးခီး လမ်းပိုင်းအာမနက်ဖြန်(ဇူလိုင် ၅ရက်)မှစ၍ရက်သတ္တပတ်ကြာ သွားလာခွင့်တားမြစ်ထားပြီးအသေးစိတ်အကြောင်းအရာကို ဖော်ပြမထား​ပေ။

“သတ်မှတ်ရက်အတွင်း ဖြတ်သွားလာကြစဥ်အကြမ်းဖက်စစ်​ကောင်စီနှင့်ပက်သက်မှုတစ်စုံတစ်ရာ​သော်လည်း​ကောင်း၊ ​ကျွန်ုပ်တို့အဖွဲ့များမှ စစ်​ဆေးခြင်းနှင့် ထုတ်ပြန်ချက်များကို လိုက်နာမှု မရှိခြင်း​သော်လည်း​ကောင်း ​တွေ့ရှိပါက ထိခိုက်မှု တစ်စုံတစ်ရာအတွက် (လုံးဝ) တာဝန်ယူမည်မဟုတ်ပဲ
မသင်္ကာဖွယ်ရာအားလုံးကို ကျွန်ုပ်တို့ “ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်​ရေးတပ်ဦး-DDPDF” နှင့် မဟာမိတ်ပူး​ပေါင်းအဖွဲ့ဖြစ်​​သော “KNDO_Special တပ်ရင်း” တို့မှရှင်းလင်းပစ်မည်ဖြစ်ပါသည်”ဟု ယနေ့(ဇူလိုင် ၄ရက်)ညနေတွင် သတိပေးထားသည်။

ထို့အပြင် မိဘပြည်သူများအ​နေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များကို လိုက်နာခြင်းအားဖြင့် စစ်အာဏာရှင်​တော်လှန်​ရေးအတွက် ပူး​ပေါင်း ​​ဆောင်ရွက်​ပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။

ထားဝယ်-ထီးခီးလမ်းကို စစ်​ကောင်စီတပ်က ​ခြေလျင်စစ်​ကြောင်းထိုးလာ​ကြောင်း​ဒေသခံအချို့ကပြောသည်။

“ပကာရီဘက်​နဲ့​ကျောက်မဲ​တောင်ဘက်ကိုစခ​တွေ(စစ်​ကောင်စီတပ်)က​ခြေလျင်စစ်​ကြောင်းထိုး​နေတယ်။ PDF​တွေကို ​တောနင်းရှာ​နေတယ်​ပြောတယ်။​ PDF​တွေကအဆင့်သင်ဖြစ်​နေပြီ​ပြောတယ်၊ တိုက်ပွဲကပိုပြင်းထန်လာ​တော့မယ်” ဟု ​ဒေသခံကာကွယ်​ရေးတပ်နှင့်နီးစပ်သူတစ်ဦးက​People’s Spring သို့ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်အာဏာရှင်၏ စခန်းများကို သိမ်းမည့်တိုက်ပွဲများ မကြာမီ ဖော်ဆောင်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ဇွန်လအတွင်း ထုတ်ဖော်ပြောကြားပြီးနောက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကလည်း အသင့်ရှိနေကြောင်း ထုတ်ပြန်ကြေညာလာကြသည်။

သတင်း

အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာသည် ပျူစောထီးကြီးစိုးရာ ရွာတစ်ရွာဖြစ်ပြီး ယင်းရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်နှင့်ပေါင်းကာ အရာတော်နယ်အတွင်း ကျေးရွာများအား အကြမ်းဖက်မှုများ လုပ်ဆောင်နေသည်။

သတင်း

ကော်ဘရာ စစ်ကြောင်းမှူးက “အဲဒီအချိန်မှာ မင်းတပ်ရင်းမှူးကရော”ဟုမေးမြန်းရာ တပ်ကြပ်ကြီးက “သူကအရင်ဦးဆုံးပြေးသွားတာ။ သူပြေးသွားတော့ ကျွန်တော်တို့ လိုက်ပြေးတာ” ဟုဖြေကြားသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ယမန်နေ့(ဇူလိုင် ၃ ရက်)က CHU LDF မှ ထောင်ထားသောပွိုင့်နှစ်ခုမှ မိုင်းများအားရှာတွေ့သွားပြီး ဖော်ယူသွားကြောင်း အသိပေးထားသည်။