Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်မှပြည်သူများက​တော်လှန်​ရေးအတွက်​ရွှေထည်များကို PDF သို့လှူဒါန်း

မကွေးတိုင်း၊ မြိုင်မြို့နယ်သည် စစ်အာဏာရှင်တော်လှန်ရေးတွင် အားကောင်းသည့်မြို့ဖြစ်ပြီး ဒေသခံများကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကိုနည်းမျိုးစုံ ကူညီပံ့ပိုး​ပေး​နေကြသည်။

(မြိုင်​ဒေသခံပြည်သူများက စစ်အာဏာရှင်​တော်လှန်​ရေးအတွက်လက်ဝတ်လက်စားများကိုလှူဒါန်း​နေမှု။ ဓါတ်ပုံ- ဂဠုန်​ပြောက်ကျားတပ်ဖွဲ့)
(မြိုင်​ဒေသခံပြည်သူများက စစ်အာဏာရှင်​တော်လှန်​ရေးအတွက်လက်ဝတ်လက်စားများကိုလှူဒါန်း​နေမှု။ ဓါတ်ပုံ- ဂဠုန်​ပြောက်ကျားတပ်ဖွဲ့)

စစ်အာဏာရှင်တော်လှန်ရေးအတွက်မြိုင်မြို့နယ် ဒေသခံပြည်သူများက သူတို့ပိုင်ဆိုင်သောရွှေထည်လက်ဝတ်လက်စားများကိုပြည်သူကာကွယ်ရေးတပ်ဖွဲ့ထံသို့လှူဒါန်း​နေကြသည်။

ဒေသခံပြည်သူများ လှူဒါန်းနေသည့် ရွှေထည်လက်ဝတ်လက်စားများနှင့် ဓာတ်ပုံမှတ်တမ်းများကို မြိုင်မြို့အခြေစိုက် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဖြစ်သောဂဠုန်ပြောက်ကျားတပ်ဖွဲ့မြိုင်က ယနေ့ ထုတ်ပြန်ထားခြင်းဖြစ်သည်။

“ကျေးရွာတွေ စစ်ကြောင်းထိုး၊တစ်အိမ်ဆင်းတစ်အိမ်တက် လိုက်မွှေ၊ ရွှေတိုငွေစမြင်ရင်ကလေးစုဘူးတောင်မချန်လိုချင်တာ အကုန်ယူ၊မလိုအပ်မှ မီးရှို့တဲ့အထဲPDF တွေမပါဘူး။ပြ​ည်သူချစ်လို့ လှူတာ၊ပြ​ည်သူစစ်လို့ကူတာဂုဏ်ယူစရာပါ” ဟုဂဠုန်ပြောက်ကျားတပ်ဖွဲ့_မြိုင်က ထုတ်ပြန်ထားသည်။

မကွေးတိုင်း၊ မြိုင်မြို့နယ်သည် စစ်အာဏာရှင်တော်လှန်ရေးတွင် အားကောင်းသည့်မြို့ဖြစ်ပြီး ဒေသခံများကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကိုနည်းမျိုးစုံ ကူညီပံ့ပိုး​ပေး​နေကြသည်။

” မြိုင်ဟာ ဒီတော်လှန်ရေးမှာ သမိုင်းသစ်ရေးထိုးမယ့်ဒေသတွေထဲက တစ်ခုပဲ။ ကျွန်မတို့က PDF ရဲဘော်တွေနဲ့တစ်သားတည်းရပ်တည်တယ်။ စစ်အာဏာရှင် ပြုတ်ကျတဲ့အထိ နည်းမျိုးစုံတော်လှန်သွားမယ်”ဟု မြိုင်ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

မြိုင်​​ဒေသမှပြည်သူများက စစ်​​​ကောင်စီဆန့်ကျင်​ရေးသပိတ်ပြုလုပ်ရင်း PDF အဖွဲ့များထံ၎င်းတို့၏ နားဆွဲ ၊နားကပ်၊လက်စပ်အပါအဝင် လက်ဝက်လက်စားများကို ယခင်ကလည်းလှူဒါန်းခဲ့ကြ​သေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာ နေရာအနီးတဝိုက်သို့လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

သတင်း

ထားဝယ်-ထီးခီး လမ်းပိုင်းအာမနက်ဖြန်(ဇူလိုင် ၅ရက်)မှစ၍ရက်သတ္တပတ်ကြာ သွားလာခွင့်တားမြစ်ထားပြီးအသေးစိတ်အကြောင်းအရာကို ဖော်ပြမထား​ပေ။

သတင်း

စစ်အာဏာရှင်၏ စခန်းများကို သိမ်းမည့်တိုက်ပွဲများ မကြာမီ ဖော်ဆောင်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ဇွန်လအတွင်း ထုတ်ဖော်ပြောကြားပြီးနောက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကလည်း အသင့်ရှိနေကြောင်း ထုတ်ပြန်ကြေညာလာကြသည်။

သတင်း

အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာသည် ပျူစောထီးကြီးစိုးရာ ရွာတစ်ရွာဖြစ်ပြီး ယင်းရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်နှင့်ပေါင်းကာ အရာတော်နယ်အတွင်း ကျေးရွာများအား အကြမ်းဖက်မှုများ လုပ်ဆောင်နေသည်။