Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တနင်္သာရီကမ်းရိုးတန်းနဲ့ ရခိုင်၊ မွန်နဲ့ ကရင်ပြည်နယ်တွေကို မိုးသတိပေး

အခုတပါတ်အတွင်းမှာ မိုးလယ်ကာလကိုရောက်ရှိပြီး မြန်မာကမ်းရိုးတန်းဒေသတွေမှာ လေပြင်းထန်တာနဲ့ မိုးသည်းထန်လာမှာဖြစ်ကာ ရခိုင်ကမ်းရိုးတန်း၊ မြစ်ဝကျွန်ပေါ်၊ မွန်-တနင်္သာရီကမ်းရိုးတန်းတွေမှာ မိုးပိုရွာသွန်းလာနိုင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တနင်္သာရီကမ်းရိုးတန်းနဲ့ ရခိုင်၊ မွန်နဲ့ ကရင်ပြည်နယ်တွေကို မိုးသတိပေး
တနင်္သာရီကမ်းရိုးတန်းနဲ့ ရခိုင်၊ မွန်နဲ့ ကရင်ပြည်နယ်တွေကို မိုးသတိပေး

လာမယ့် ဇူလိုင် ၆ ရက်ကနေ ၁၀ ရက်အတွင်းကစပြီး မုတ်သုံလေတဖြည်းဖြည်းအားကောင်းလာနိုင်ကာ တနင်္သာရီကမ်းရိုးတန်းနဲ့ ရခိုင်၊ မွန်နဲ့ ကရင်ပြည်နယ်တွေမှာ မိုးကြီးနိုင်ပြီး ရေတိုက်စားမှု၊ မြေပြိုမှုဘေးကိုပါကြုံတွေ့ရနိုင်တယ်လို့ NUG ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အခုတပါတ်အတွင်းမှာ မိုးလယ်ကာလကိုရောက်ရှိပြီး မြန်မာကမ်းရိုးတန်းဒေသတွေမှာ လေပြင်းထန်တာနဲ့ မိုးသည်းထန်လာမှာဖြစ်ကာ ရခိုင်ကမ်းရိုးတန်း၊ မြစ်ဝကျွန်ပေါ်၊ မွန်-တနင်္သာရီကမ်းရိုးတန်းတွေမှာ မိုးပိုရွာသွန်းလာနိုင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် ဧရာ၀တီ၊ ချင်းတွင်း၊ သံလွင်မြစ်တွေမှာ မြစ်ရေတွေမြင့်တက်လာနိုင်ပြီး ရေကြီးမှုဘေးအန္တရာယ်ကိုလည်း သတိပြုရမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာလည်း ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွေမှာ မုတ်သုံလေ အားကောင်းရာကနေ အားအလွန်ကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်မှာတော့ မုတ်သုံလေအားအသင့်အတင့်ကနေ အားကောင်းနေကာ နောက်(၂) ရက်အတွင်း ကရင်ပြည်နယ် မွန်ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ် (၈)ခုမှာ မိုးဆက်လက်ပိုနေမယ်လို့ သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မနေ့ကတိုက်ပွဲမှာ စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို ပူးပေါင်းအဖွဲ့က သိမ်းပိုက်ရရှိနိုင်တာမဟုတ်ပဲ စစ်ကောင်စီဘန်ကာတွေထားရှိတဲ့ရွာကိုသာ သိမ်းနိုင်သေးတာဖြစ်တယ်လို့ KNDO အထူးကွန်မန်ဒိုထောက်ပို့တစ်ဦးဖြစ်တဲ့ မကေက သူ့ရဲ့လူမှုကွန်ယက်ကနေ အခုလိုပြောပါတယ်။

သတင်း

စစ်ဆင်ရေးအချို့ကိုလည်းနောက်ပိုင်းတွင်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး အာဏာရှင်စနစ် အမြစ်ပြတ်သည် အထိ မဟာမိတ်များအဖြစ် အတူတကွလက်တွဲ ဆောင်ရွက်သွားမည်ဖြစ်​ကြောင်းထုတ်ပြန်သည်။

News

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီက အင်အားတိုးနေသည့်အပေါ် AA က သတိပေးထားပြီး ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ပြန်ဖြစ်လာပါက အဆိုးမဆိုရန် စစ်ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူဗိုလ်ချုပ်​ဇော်မင်းထွန်းကသတင်းစာရှင်းလင်းပွဲတွင်ခြိမ်းခြောက်ထားသည်။

News

ရခိုင်ပြည်နယ်မှာ AA ဟာ အုပ်ချုပ်ရေးပိုင်းကိုနှောင့်ယှက်နေကြောင်း ၊တိုင်းစစ်ဌာနချုပ်ကို တောင်ခြိမ်းခြောက်လာတဲ့အထိဖြစ်လာပြီး တိုက်ပွဲခေါ်နေတဲ့ပုံစံဖြစ်နေတယ်လို့စစ်ကောင်စီက ဆိုပါတယ်။