Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီလေ‌ကြောင်းမှ ကြဲချသည့် မပေါက်ကွဲသေးသောဗုံးများ မင်းတပ် ချပ်ရွာအတွင်း ကျန်ရှိနေ

မင်းတပ် CDFသည် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ကို အထိနာအောင် အစောဆုံးတိုက်ခိုက်ခဲ့သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ ဖြစ်ပြီး လက်ရှိအချိန်ထိ မင်းတပ်ဒေသ၌ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေ သည်။

ဓာတ်ပုံ - Yaw Mang
ဓာတ်ပုံ - Yaw Mang

▪️အပြင်းစား ဗုံးလက်နက်များသုံးပြီး ဗုံးကြဲခဲ့ခြင်းဖြစ်ဟုဆို

ချင်းပြည်နယ် မင်းတပ်မြို့နယ်ရှိ ကျေးရွာအချို့သို့ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မပေါက်ကွဲသေးသည့် ဗုံးများ ရွာအတွင်း ကျန်ရှိနေသည်ဟု မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)မှ ဆလိုင်းယောမာန်က အသိပေးသည်။

ဇူလိုင် ၂ရက်တွင် စစ်ကောင်စီက မင်းတပ်မြို့နယ် ချပ်ရွာနှင့် စွန်တောင်ရွာကို လေယာဉ်ဖြင့် ဗုံးကြဲခဲ့ရာ CDF ရဲဘော် ၃ဦးကျဆုံးပြီး ပြည်သူလူထုနှင့်ရဲဘော် စုစုပေါင်း ၁၄ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - Yaw Mang
ဓာတ်ပုံ – Yaw Mang

“မပေါက်ကွဲတဲ့ဗုံးတွေ ရွာအနှံ့မှာ ကျန်နေသေးတယ်။ တိုက်ပွဲဖြစ်နေရင်တောင် တပ်ခွဲတစ်ခွဲလောက် ဖရိုဖရဲဖြစ်စေပြီး အနည်းဆုံး ၂၀၊ ၃၀ ကျော် ထိခိုက်သေဆုံးစေမဲ့ အပြင်းစားဗုံးလက်နက်ကြီးတွေပဲ။ အောက်က ပုံတွေကိုကြည့်ရင် သိနိုင်ပါတယ်။တကယ်တမ်းမှာ စကစရဲ့အကြံဟာ ရွာကိုရောက်နေတဲ့ CDF, ပ.အ.ဖ အပါအဝင် တစ်ရွာလုံးမှာရှိတဲ့ အပြစ်မဲ့ပြည်သူတွေကို အကုန်မျိုးပြုတ်ဖို့ရည်ရွယ်ပြီး ဗုံးကြဲတာလို့ ပြောလို့ရတယ်” ဟု ဆလိုင်းယောမာန်က ၎င်း၏ Facebook တွင်ရေးသားထားသည်။

မင်းတပ် (ပ.အ.ဖ) ၊ CDF-MINDAT တို့ကို တစ်ချီတည်းနှင့် အပြီးပွဲသိမ်း တိုက်ခိုက်ပြီး တော်လှန်ရေး ခါးကျိုးစေရေး ကြိုးပမ်းခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

“ဒါကြောင့်လည်း ဒီလောက် ရက်ရက်စက်စက် အလွန် အကျွံ လုပ်တာ။ ငါတိုကံကောင်းချင်တော့ သူတို့လုပ်ကြံသလို၊ မျှော်လင့်ထားသလို ထိခိုက်မှုမရှိဘူး။ မင်းတပ်ဟာ တော်လှန်ရေးမှာ အားကောင်းဆဲ၊ အားကောင်းမြဲဖြစ်လိမ့်မယ်။တစ်ခုပဲ… အလှည့်ကျ မနွဲ့ကြစတမ်း” ဟု ဆလိုင်း ယောမာန်က ရေးသားထားသည်။

မင်းတပ် CDFသည် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ကို အထိနာအောင် အစောဆုံးတိုက်ခိုက်ခဲ့သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ ဖြစ်ပြီး လက်ရှိအချိန်ထိ မင်းတပ်ဒေသ၌ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေ သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်​ကောင်စီတပ်နှင့်ပျူ​စောထီးအဖွဲ့များသည် ယခုအခါချောင်းခွရွာဘက်သို့ ဦးတည်​သွားနေပြီး ​ရေရှင်ရွာနှင့် ​ချောင်ခွရွာကြားတွင် ​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်များနှင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားလျက်ရှိသည်။

သတင်း

မုံရွာခရိုင်နှင့် ယင်းမာပင်ခရိုင်တို့တွင် အကြမ်းဖက်စစ်​ကောင်စီတပ်အား လက်နက်ဖြင့်ခုခံတော်လှန်နေသည့်အပြင် စစ်အာဏာရှင်ဆန့်ကျင်ရေး မြေပြင်သပိတ်များလည်း ထွက်ပေါ်နေဆဲဖြစ်သည်။

သတင်း

ဇူလိုင် ၂ ရက်ကလည်း ပုလဲနယ် ကံကြီးရွာသို့ဝင်လာသော အင်အား ၉၀ကျော်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို PDF ပူးပေါင်းတပ်များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၅ ဦးခန့်သေဆုံးပြီး အရာရှိတစ်ဦးလည်းပါဝင်ကြောင်း ကျားသစ်က အသိပေးသည်။

သတင်း

ထို့အပြင် ဇူလိုင် ၁ ရက်ကလည်း ဆားလင်းကြီးမြို့နယ် ဖလံကန်ကျေးရွာကို စစ်​ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ပြီး ​ဒေသခံပြည်သူတစ်ဦးကိုပါ မီးရှို့သတ်ဖြတ်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။