Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်တွင် ဆန္ဒပြလူငယ်များကို စစ်ကောင်စီက အိမ်စီးကားဖြင့် ဝင်တိုက်

ယနေ့ ညနေ ၃နာရီဝန်းကျင်တွင် ပြုလုပ်သည့် ဆန္ဒပြပွဲကို အကြမ်းဖက် စစ်ကောင်စီက အိမ်စီးကား Toyota Belta အဖြူရောင် ကားနံပါတ် YGN/7J-5050 ဖြင့် ဝင်တိုက်ဖြိုခွင်းခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေး အင်အားစု AAMIJက ထုတ်ပြန်သည်။

ဓာတ်ပုံ - AAMIJ
ဓာတ်ပုံ - AAMIJ

■စစ်​ကောင်စီက ကားဖြင့်တိုက်ဖမ်းဆီး​သော်လည်းဆန္ဒပြလူငယ်များလွတ်​မြောက်

ရန်ကုန်မြို့ လှိုင်မြို့နယ် သုခမှတ်တိုင်အနီးတွင် ယနေ့ (ဇူလိုင် ၇) ညနေပိုင်း၌ ပြုလုပ်သည့် 7July အထိမ်း အမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲမှ လူငယ်များကို အကြမ်းဖက် စစ်ကောင်စီက အိမ်စီးကားဖြင့် ဝင်တိုက်၍ ဖမ်းဆီးခဲ့ကြောင်း သပိတ်ကော်မတီဝင်များက ​ပြောသည်။

ယနေ့ ညနေ ၃နာရီဝန်းကျင်တွင် ပြုလုပ်သည့် ဆန္ဒပြပွဲကို အကြမ်းဖက် စစ်ကောင်စီက အိမ်စီးကား Toyota Belta အဖြူရောင် ကားနံပါတ် YGN/7J-5050 ဖြင့် ဝင်တိုက်ဖြိုခွင်းခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေး အင်အားစု AAMIJက ထုတ်ပြန်သည်။

“အနောက်ကနေ ကားအဖြူနဲ့ ဝင်တိုက်တာပါ။ တိုက်ခံရတဲ့ ကောင်လေးက လမ်းပေါ်ကို လွင့်သွားတယ်။ နောက် ထပ် အိမ်စီးကားနဲ့ စစ်သားတွေ ထပ်ရောက်လာပြီး သေနတ်ဖောက်သံတွေလည်း ကြားလိုက်ရတယ်။ ဘယ်နှစ်ယောက်ဖမ်းခံရလဲ ဆိုတာတော့ မသိရသေးဘူး။ ဒဏ်ရာရတဲ့သူတွေတော့ ရှိတယ် “ဟု သပိတ်ကော်မတီဝင် လူငယ်တစ်ဦးက ​ပြောသည်။

ဓာတ်ပုံ - AAMIJ
ဓာတ်ပုံ – AAMIJ

ထိုသို့ ကားဖြင့်တိုက်၍ ဖြိုခွင်းမှုကြောင့် လူငယ်အချို့ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဖမ်းဆီးခံရမှုရှိ၊မရှိကို စီစစ်နေဆဲဖြစ်ကြောင်း ဗကသများ အဖွဲ့ချုပ်ကလည်း ဖော်ပြထားသည်။

ထို့နောက် သုခလမ်းမှတ်တိုင်အနီး အကြမ်းဖက် စစ်ကောင်စီဝင်များ ရဲကား၊ စစ်ကား လေးစီးခန့်ဖြင့် ရောက်ရှိလာပြီး လမ်းများပိတ်ဆို့ကာ အနီးအနားရှိ CCTV မှတ်တမ်းများကိုလည်း စစ်ဆေးနေကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

“သုခလမ်းပေါ်က icar 5 ဆိုင်ထဲက CCTV တွေကို ရဲတွေက ဝင်ကြည့်နေတယ်။ အပြင်မှာလည်း လမ်းတွေ ပိတ်ပြီး စစ်သားတွေ အများကြီးအသင့်နေယူယူထားတာ တွေ့ခဲ့တယ် “ဟု ၎င်းက ပြောသည်။

အဆိုပါ ဖြစ်စဥ်တွင် အိမ်စီးကား အဖြူဖြင့် တိုက်ခံရသည့် လူငယ်သည် Yangon Revolution Strike သပိတ်အဖွဲ့မှ ရဲဘော်တစ်ဦးဖြစ်ပြီး ၎င်းမှာ ဒဏ်ရာရရှိခဲ့သော်လည်း ဖမ်းဆီးခံရခြင်း မရှိဘဲ လွတ်မြောက်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - AAMIJ
ဓာတ်ပုံ – AAMIJ

” အဖွဲ့က ကလေးတစ်ယောက်ကို ငှဲ့လိုက်တာ။ ကားလမ်းပေါ်ကို ကလေးတစ်ယောက်က နေရာယူနေလို့ ကျွန်တော် စိတ်မချလို့ ထောင့်မှာ ကာလိုက်တာပါ။ အိမ်က အဖေ၊ အမေ မျက်နှာပြန်မြင်ပြီး ဇောနဲ့ထပြေးရတာ အခုတော့ အရမ်းနာနေတယ် ” ဟု ကားဖြင့် တိုက်ခံရသည့် လူငယ်၏ ပြောကြားချက်ကို သပိတ်ကော်မတီဝင်တစ်ဦးက လူမှုကွန်ယက်မှ တဆင့် မျှဝေခဲ့သည်။

စစ်ကောင်စီတပ်က ဆန္ဒပြလူငယ်များကို အကြမ်းဖက်၍ ကားဖြင့်တိုက်ဖြိုခွင်းဖမ်းဆီးခဲ့သော်လည်း လူငယ်များထွက်ပြေးလွတ်မြောက်၍ ဖမ်းဆီးခံရခြင်းမရှိကြောင်းသပိတ်အင်အားစုမှ လူငယ်တစ်ဦးက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကားဖြင့် တိုက်ခံရသည့် လူငယ်သည် Yangon Revolution Strike သပိတ်အဖွဲ့မှ ရဲဘော်တစ်ဦးဖြစ်ပြီးဒဏ်ရာရရှိခဲ့သော်လည်း ဖမ်းဆီးခံရခြင်းမရှိဘဲ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။ ကျန်ဆန္ဒပြလူငယ်များလည်းလွတ်​မြောက်ခဲ့​ကြောင်းသပိတ်​ကော်မတီဝင်များထံမှသိရသည်။

သတင်း

အလုပ်ဆင်းချိန် ဆန္ဒပြအလုပ်သမားများနှင့် IWFM တို့ဆွေးနွေးမှုအရ အလုပ်သမားများတောင်းဆိုသည့် အချက်များကို စက်ရုံဘက်မှ လိုက်လျောလာသည်အထိ မနက်ဖြန်(ဇူလိုင် ၈)တွင်လည်း ဆက်လက်ဆန္ဒပြတောင်းဆိုဖွယ်ရှိနိုင်ကြောင်း ဒေါ်ခိုင်ဇာအောင်က ပြောသည်။

သတင်း

ချင်းပြည်နယ်အတွင်း အပြစ်မဲ့အရပ်သားပြည်သူများအပေါ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူမဆန်ရက်စက် ကြမ်းကြုတ်စွာပြုကျင့်နေမှုများကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်းနှင့် ယခုကဲ့သို့ ပြုကျင့်ခြင်းများအပေါ် ထိုက်သင့်သည့်တရားမျှတမှုရရှိနိုင်ရေး ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ICNCCက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သည် ဇွန်လ ၂၈ရက်တွင် လိုင်လင်းပီမြို့မှ ထွက်ခွာလာခြင်းဖြစ်သည်။ တိုက်ပွဲအနီးရှိ ကျေးရွာအချို့မှ ပြည်သူလူထု နေအိမ်အချို့ကိုလည်း စစ်ကောင်စီတပ်က မီးရှို့ခဲ့သည်ဟု မတူပီ CDFက ထုတ်ပြန်ထားသည်။