Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လှိုင်မြို့နယ် (၁)ရပ်ကွက်အုပ်ကြီး ပစ်သတ်ခံရ

ပစ်ခတ်ရှင်းလင်းခံရသူ ကိုဖိုးကျော်သည် ၎င်း၏တူများအား လက်ဖက်ရည်သောက်ရန်သွားခေါ်စဥ် လမ်းတွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး နားထင်တစ်ချက်၊ လည်ပင်းတစ်ချက်၊ ဝမ်းဗိုက်တွင်နှစ် ကျည်ဖောက်ဝင်ပြီး ယင်းဒဏ်ရာဖြင့်ပင်သေဆုံးသွားကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

(လှိုင်မြို့နယ် (၁)ရပ်ကွက်အတွင်း စစ်ကောင်စီတပ်များ ဝင်မွှေနေစဥ် - ပုံဟောင်း)

လှိုင်မြို့နယ် အမှတ်(၁)ရပ်ကွက်မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကို ယနေ့(ဇွန် ၅)နံနက်ပိုင်းတွင် အမည်မသိအဖွဲ့တစ်ခုက ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကိုဖိုးကျော်ဆိုသူသည် ယနေ့နံနက် ၆ နာရီခန့်က အောင်မေတ္တာ(၅)လမ်းအတွင်း လမ်းလျှောက်စဥ် သေနတ်ဖြင့် လေးချက်အပစ်ခံခဲ့ရခြင်းဖြစ်သည်။

“သူ့ကို ယာယီအုပ်ချုပ်ရေးမှူး ခန့်ထားတာ။ ဒီနေ့မနက် ၆ နာရီလောက် အောင်မေတ္တာ (၅)လမ်းထဲ ပစ်ခံရတာ။ သေနတ်အကျယ်ကြီးပဲ”ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

ပစ်ခတ်ရှင်းလင်းခံရသူ ကိုဖိုးကျော်သည် ၎င်း၏တူများအား လက်ဖက်ရည်သောက်ရန်သွားခေါ်စဥ် လမ်းတွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး နားထင်တစ်ချက်၊ လည်ပင်းတစ်ချက်၊ ဝမ်းဗိုက်တွင်နှစ် ကျည်ဖောက်ဝင်ပြီး ယင်းဒဏ်ရာဖြင့်ပင်သေဆုံးသွားကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

အထက်ပါပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များ အခင်းဖြစ်နေရာသို့ရောက်ရှိလာပြီး စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

မေလ ၂၆ ရက်နေ့က အကြမ်းဖက်စစ်တပ်နှင့် ကျောက်ပန်းတောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်စစ်တပ်ဘက်မှ အရာခံဗိုလ်တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ပြီး အသက် ၁၉ နှစ်အရွယ် ပြည်သူ့ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။

သတင်း

“အခု ည ၈နာရီခွဲမှာ ကုလားလို့အမည်ရတဲ့ အသက် ၂၆နှစ်အရွယ်ရှိတဲ့ တစ်ယောက် အုန်းလွတ်ရွာမှာ အပစ်ခံရတယ်။ သေပြီလို့ကြားတယ်”ဟု မတ္တရာနယ်ခံက ယနေ့ (မေလ ၂၉ရက်) ပြောသည်။

News

ပစ်ခံရပြီး ဒေါ်ညွန့်လှိုင်သည် ထိုနေရာတွင် သေဆုံးသွားကာ ပစ်ခံရပြီး နာရီဝက်ကြာမှသာ ရဲနှင့် စစ်သားများရောက်လာပြီး ရုပ်အလောင်းကို ဆေးရုံကို သယ်သွားသည်ဟု ဒေသခံများကပြောသည်။

News

အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ အပါအဝင် ဒလန်များ၊ထောက်တိုင်များအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းမှုမပြုလုပ်ရန် မြို့ပြတော်လှန်ရေးအင်အားစုများက အကြိမ်ကြိမ် သတိပေးထားသည်။